ယူနိုက်တက် ပစ်မှတ်ကို နေမာ ၊ ဗင်နီးရှပ် တို့နဲ့ ခိုင်းနှိုင်းလိုက်တဲ့ ဘရာဇီး နည်းပြ တီတေး 

 

ဘရာဇီး လက်ရွေးစင် အသင်းရဲ့ နည်းပြ ဖြစ်သာ တီတေး က မန်ချက်စတာ ယူနိုက်တက် အသင်းမှ ပစ်မှတ် ထားနေခဲ့ကြတဲ့ အေဂျက်ဇ် အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ အန်တိုနီ ကို စူပါ စတားတွေ ဖြစ်တဲ့ နေမာ ၊ ဗင်နီးရှပ် တို့နဲ့ ခိုင်းနှိုင်းသွားခဲ့လိုက်ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနွေမှာတော့ ကစားသမား အထွက်များဖို့ ရှိနေပြီး နေရာ အတော်များများ မှာလည်း အင်အား ပြန်လည်ဖြည့်တင်းဖို့ လိုအပ််နေခဲ့ပါတယ် ။ လက်ရှိ ယူနိုက်တက် အသင်းမှ စီနီယာ ကစားသမား 6 ဦးအထိ ထွက်ခွာဖို့ ရှိနေပါပြီ ။

အဲ့ဒီထဲမှာတော့ ပေါ့ဂ်ဘာ ၊ လင်ဂတ် ၊ မာဝာာ ၊ မာတစ် ၊ ကာဗာနီ နဲ့ လီဂရန့် တို့ ပါဝင်နေခဲ့ကြ ပါတယ် ။ ဒါ့အပြင် အရန် ဂိုးသမား ဖြစ်သူ ဒင်းန် ဟန်ဒါဆန် ကလည်း အငှား ထွက်ခွာလိမ့်မယ်လို့ သတင်းကြီးနေခဲ့ပါသေးတယ် ။

 

ဒါ့ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 4 ဦး အထိ ဆုံးရှုံးရမယ့် ကွင်းလယ်ပိုင်းကို အင်အား ပြန်လည် ဖြည့်တင်းနိုင်ဖို့ ဦးစားပေး အဖြစ် လုပ်ဆောင်နေခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ အခုထိ ကစားသမားသစ် မခေါ်ယူနိုင်ခဲ့သေးပါဘူး ။

 

ဒါ့အပြင် ယူနိုက်တက် တို့ဟာ ဒီဂီယာ အတွက် အရန် ဂိိုးသမား ၊ မက်ဂွားယား နဲ့ တွဲဖက် ကစားစေဖို့ ခံစစ် ပါတနာ ၊ ညာ တောင်ပံ တိုက်စစ် နေရာ အတွက် ကစားသမားကောင်း တစ်ဦး ၊ တိုက်စစ် ကစားသမား တစ်ဦး တို့ကိုလည််း ပစ်မှတ် ထားနေခဲ့ပါသေးတယ် ။

 

အဲ့ဒီထဲမှာတော့ လက်တလော မန်ချက်စတာ ယူနိုက်တက်် အသင်းနဲ့ သတင်းတွေ ကျယ်လောင်နေခဲ့သူကတော့ အဲရစ် တန်ဟတ်ရဲ့ အေဂျက်ဇ် အသင်းမှ တပည့်ဟောင်း ဖြစ်တဲ့ ဘရာဇီး လက်ရွေးစင် အန်တိုနီ ပဲ ဖြစ်ပါတယ် ။

အသက် 22 နှစ်သာ ရှိနေသေးတဲ့ အန်တိုနီ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက အေဂျက်ဇ် အသင်း အတွက် 12 ဂိုး သွင်းယူ ၊ 10 ကြိမ် အထိ ဂိုးဖန်တီး ပေးရင်းနဲ့ အသင်းကို နောက်ထပ် အမှတ်ပေး ဖလား တစ်ခု ရရှိစေနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

 

အခုတော့ ဘရာဇီး လက်ရွေးစင် အသင်းရဲ့ နည်းပြ ဖြစ်သူ တီတေး က အသင်းမှာ နည်းစနစ်ပိုင်းဆိုင်ရာ Leader က နေမာပဲလား လို့ အမေးခံလိုက်ရချိန်မှာတော့ တီတေး က အန်တိုနီ ၊ ဗင်နီးရှပ် ၊ ရာဖင်ဟာ ၊ ရိုဒရီဂို တို့နဲ့ နာမည်တွေပါ တွဲဖက် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ဟုတ်ပါ့ ၊ သေချာတာပေါ့ ။ အခုတော့ သူ့ရဲ့ အရည််အသွေး အခြား ကစားသမားတွေဆီပါ ဖလှယ်ပေးနေခဲ့ ပါတယ် ။ အခု အသင်းမှာ အန်တိုနီ ၊ ရာဖင်ဟာ ၊ ဗင်နီးရှပ် ၊ ရိုဒရီဂို တို့လည်း ဒီလို အရည်အသွေးတွေကို ပိုင်ဆိုင််ထားကြပါပြီ ” လို့ တီတေး က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

 

#Sports_Myanmar