ယူနိုက်တက်အတွက် ဘယ်သူ အသင်းခေါင်းဆောင် ဖြစ်သင့်သလဲဆိုတာနဲ့ ပတ်သက်လို့ အများနဲ့ မတူတဲ့ အဖြေ တစ်ခုကို ပြောပြလိုက်တဲ့ ရှရင်ဂမ် 

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ကွင်းထဲမှာ ပုံစံကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး အသင်း ခေါင်းဆောင် ဟယ်ရီ မက်ဂွားယားလည်း အမှားတွေ များလွန်းခဲ့တဲ့ အတွက် မှုတွေ ဆက်တိုက််ခံခဲ့ရ ပါတယ် ။

 

အကျိုးဆက် တစ်ခုအဖြစ် မက်ဂွားယားဟာ ရာသီပိတ်သိမ်းခါနီးမှာ ပွဲထွက်ခွင့်တွေ ပျောက်ဆုံးခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာလည်း ဘောလုံး ရာသီကုန်ဆုံးချိန် အဆင့် 6 နေရာနဲ့ ယူရို ပါလိဂ် ကစားခွင့်ကိုသာ ရယူသွားနိုင်ခဲ့ ပါတယ် ။

အခြားတဖက်မှာတော့ နောက်ရာသီ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ဘယ်သူဖြစ်သင့်သလဲ ဆိုတာနဲ့ ပတ်သက်လို့ အကြံပေးသူတွေ များပြားခဲ့ကြပြီး အများစုက ရော်နယ်ဒို ၊ ဒီဂီယာ နဲ့ ဘရူနို ဖာနန်ဒက်စ် တို့ကို ရွေးချယ်သွားခဲ့ကြပါတယ် ။

 

ဒီလို ရွေးချယ်ရခြင်းရဲ့ အဓိက အကြောင်းအရင်းက သူတို့ သုံးဦးဟာ ဝါရင့် ကစားသမား ၊ အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေ ဖြစ်နေကြလို့ ပါပဲ ။ ဒါ့အပြင် သူတို့ သုံးဦးလုံးဟာ အသင်းကို ဦးဆောင်နိုင်စွမ်းရှိသူတွေ ဖြစ်ကြတယ်လို့ ပရိသတ်တွေက သတ်မှတ်ခဲ့ကြပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ််မှူးဟောင်း တစ်ဦး ဖြစ်တဲ့ တက်ဒီ ရှရင်ဂမ် က ပရိသတ််တွေနဲ့ သတင်း သုံးသပ်သူတွေ ရွေးချယ်ပေးနေခဲ့ကြတဲ့ ကစားသမား သုံးဦးအကြောင်း မပြောပဲ ကွင်းလယ်လူ စကော့ မက် တော်မီနေး ကို ခေါင်းဆောင် ဖြစ်စေလိုကြောင်း ပြောခဲ့လိုက်ပါတယ် ။

 

” ပြီးခဲ့တဲ့ရာသီတုန်းက ကစားသမားတွေအားလုံးကို ကြည့်လိုက်မယ်ဆိုရင် ဘယ်သူတွေ အကောင်းဆုံး ကစားနိုင််ခဲ့ကြသလဲဆိုတာ မေးစရာရှိလာလိမ့်မယ် ။ ကျွန်တော်တော့ တစ်ယောက်မှ မမြင်ပါဘူး ။ ယူနိုက်တက်မှာ ဆက်ရှိချင်ရင် ဒီလူတွေ တစ်ဆင့်ထပ်တက်နိုင်ဖို့ လိုပါလိမ့်ဦးမယ် ”

” မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကျောရိုး တစ််လျှောက်ကို ကြည့်လိုက်ပါ ။ မေးခွန်းထုတ်စရာတွေ အများကြီိး ရှိနေပါတယ် ။ အဲ့ဒီထဲမှာတော့ ဟယ်ရီ မက်ဂွားယား နဲ့ ဒေးဗစ် ဒီဂီယာ တို့ဟာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေကို မပြသနိုင်ခဲ့သူတွေအဖြစ် ရှိနေကြပါတယ် ”

 

” ဒါဟာ ယူနိုက်တက် အသင်းအတွက် ခက်ခဲတဲ့ အချိန်တွေပါပဲ ။ နောက်ရာသီ မန်ချက်စတာ ယူနိုက်တက် အသင််းကို ရုတ်တရက်ကြီး ထောင်တက်သွားအောင် လုပ်ပေးနိုင်သူ မရှိပါဘူး ။ ဒီအသင်းမှာ တည်ပြီး ကစားလို့ ရနိုင်တဲ့ ကစားသမားကောင်း သုံးဦးတောင် မရှိပါဘူး ”

 

” ကျွန်တော် တော်မီနေးကို သဘောကျပါတယ် ။ သူဟာ အသင်း အကြောင်း နားလည်းပြီး အခြားသူတွေကို အခုထက် ပိုကောင်းစေနိုင်ပါတယ် ။ သူ့ဆီမှာ မှန်ကန်တဲ့ စိတ််ဓါတ် ခံယူချက် ၊ ယုံကြည်နိုင်ဖွယ်ကောင်းတဲ့ အားမာန်အပြည့် ရှိပါတယ် ”

” သူဟာ တယ်ရီ ၊ အဒမ် တို့လို ခေါင်းဆောင်မျိုး ဖြစ်နိုင်ဖို့ အတွက် လုံလောက်စွာ အရည်အသွေး ကောင်းမွန်ပြီးသား ကစားသမား တစ်ဦးပါပဲ ။ သူတို့တွေဟာ အသင်းရဲ့ ယဥ်ကျေးမှု ၊ အဆင့်အတန်းတွေကို အခြားသူ သိအောင် လုပ်ဆောင်နိုင်ပြီး ဦးဆောင်နိုင်စွမ်း ရှိကြသူတွေလေ ”

” ခင်ဗျားတို့ ကွင်းထဲမှာ ခေါင်းဆောင်ရှိဖို့ လိုပါတယ် ။ ပွဲစပြီဆိုပြီး ခရာမှုတ်လိုက်တာနဲ့ နည်းပြ အလိုကျ တိုက်ရဲခိုက်ရဲနိုင်တဲ့ ကစားသမားတစ်ဦး အသင်းမှာ ရှိနေဖို့ တကယ််ပဲ လိုအပ်ပါတယ် ။ ဒီအတွက် တော်မီနေးဟာ အကောင််းဆုံး ရွေးချယ်မှု ဖြစ်ချင်မှ ဖြစ်မှာပါ ”

 

” ဒါပေမဲ့ သူဟာ အသင်းအကြောင်း ကောင်းကောင်းနားလည််ပြီး မောင်းနှင်ပေးနိုင်စွမ်းရှိသူ တစ်ဦးပဲဖြစ်ပါတယ် ။ လက်ရှိ အသင်းကို ဦးဆောင်စေဖို့ တစ်စုံတစ်ယောက်ကို ရွေးရမယ်ဆိုရင် ကျွန်တော်ကတော့ သူ့ကို ရွေးလိုက်မှာ အသေအချာပါပဲ ” လို့ ရှရင်ဂမ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

 

#Sports_Myanmar