မားကပ်စ် ရပ်ရှ်ဖို့ကို နောက်တစ်ကြိမ် သတိပေးလိုက်တဲ့ ယူနိုက်တက် လက်ထောက် နည်းပြ မက္ကလာရင်

မန်ချက်စတာ ယူနိုက်တက် အသင်းဆီ အဲရစ် တန်ဟတ် ရောက်လာခဲ့တဲ့နောက်တော့ လက်ထောက် နည်းပြဟောင််း ဖြစ်သူ စတိဗ် မက္ကလာရင်လည်း ရောက်လာခဲ့ပါတယ် ။ မက္ကလာရင် နဲ့ တန်ဟတ် တို့ဟာ တွမ်တီး အသင်းမှာ လက််တွဲ အလုပ်လုပ်ခဲ့ဖူးသူတွေပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် မက္ကလာရင်ဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ဆာ အဲလက်စ် ဖာဂူဆန် ကိုင်တွယ်ခဲ့စဥ်တုန်းက ဒီအသင်းကို ဖလား 3 လုံး ရရှိအောင် ကူညီပေးနိုင်ခဲ့သလို အချိန်တိုလေး အတွင်း နောက်ထပ် ပရီးမီးယားလိဂ် ဖလား 2 လုံးနဲ့ ကလပ် ကမ္ဘာ့ ဖလားကိုပါ ရရှိစေနိုင်ခဲ့ပါသေးတယ် ။

ဒါပေမဲ့ အင်္ဂလန် လက်ရွေးစင် နည်းပြ ဘဝမှာတော့ သူဟာ အခြေအနေ သိပ်မကောင်းခဲ့ပါဘူး ။ ဒါပေမဲ့ သူဟာ နည်းပြ အလုပ်လုပ်ရင်း ကစားသမားတွေကို စီမံ ခန့်ခွဲမှု ပြုလုပ်တာထက် လေ့ကျင့်ရေးကွင်းထဲ ကစားသမားတွေကို လေ့ကျင့်ပေးရာမှာ ပိုပြီး နာမည်ရသူ ဖြစ်ခဲ့ရပါတယ် ။

ဒါ့ကြောင့်လည်း အဲရစ် တန်ဟတ်ဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲ အကြောင်းကို သိတဲ့ မက္ကလာရင် ကို အသင်းဆီ ခေါ်ဆောင်လာခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ မက္ကလာရင် က မန်ချက်စတာ ယူနိုက်တက် ရဲ့ ဆိုးရွားမှု အကြောင်း ပြောပြီးနောက် ရပ်ရှ်ဖို့ ကိုလည်း သတိပေးသွားခဲ့လိုက်ပါတယ် ။

” Body Language ဆိုတာ အရမ်း အရေးကြီးတဲ့ အရာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်သတ္တပါတ်တွေအတွင်း ယူနိုက်တက် ကစားသမား အချို့ဟာ ဒါကြောင့်ဝေဖန်ခံခဲ့ကြရပါတယ် ။ ရပ်ရှ်ဖို့ဟာလည်း သူ့ရဲ့ ကစားသမား ဘဝအတွင်းမှာ ဒါနဲဲ့ ပတ်သက်လို့ ဝေဖန်ခံရတာတွေ ရှိခဲ့ဖူးပါသေးတယ် ”

” သူဟာ အမြဲလို ဟန့်တာခံခဲ့ရပြီး ဆိုးရွားတဲ့ အခိုက်အတန့်တွေမှာ ပြန်လည် တိုက်ပွဲဝင်လိုစိတ် ကင်းမဲ့နေခဲ့ရပါတယ် ။ အကယ်လို့ သူဟာ ပထမပိုင်းမှာ ခြေစွမ်းမကောင််းရင် ဒုတိယပိုင်းမှာလည်း ဆက်ညံ့ခဲ့ရတာချည်းပါပဲ ။ သူ့ကို ဆိုးရွားတဲ့ အခိုက်အတန့်ကနေ လွတ်မြောက်စေဖို့ တစ်စုံတစ်ယောက် ကယ်တင်ပေးရမလို ဖြစ်ခဲ့ပါတယ် ” လို့ မက္ကလာရင် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

ရပ်ရှ်ဖို့ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့တဲ့နောက် ပြန်လည် ကစားပေးခဲ့တဲ့ ပွဲစဥ်တွေမှာ ခြေစွမ်းကောင်း ပြသနိုင်ဖို့ အတော်လေး ရုန်းကန်ခဲ့ရပါတယ် ။ အထူးသဖြင့် ပွဲစဥ်တွေမှာ သူ့ရဲ့ မျက်နှာထားက ကြည်လင် လန်းဆန်းမှု ပျော်ရွှင်ပုံ မပေါက်ခဲ့တာက တော်တော်လေး ဝေဖန်ခံခဲ့ရပါသေးတယ် ။

ဒီနှစ်တော့ နည်းပြသစ် တန်ဟတ် လက်အောက်မှာ ရပ်ရှ်ဖို့ ဟာ ကစားခွင့်တွေ ပြန်လည် ရရှိနိုင်မလားဆိုတာ စောင့်ကြည့်ရပါတော့မယ် ။ မကြာသေးခင်ကပဲ လူမှုကွန်ယက်် အထက်မှာတော့ ရပ်ရှ်ဖို့ ဟာ လေ့ကျင့်ရေးတွေကို ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ကြောင်း ပြသခဲ့ပါသေးတယ် ။

#Sports_Myanmar