ဘိုင်ယန် ၊ ချဲလ်ဆီး တိုနဲ့ ရော်နယ်ဒို သတင်းထွက်လာတဲ့ အပေါ် ပြတ်ပြတ်သားသား တုန့်ပြန်လိုက်ကြတဲ့ ယူနိုက်တက် ပရိသတ်များ

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို ဟာ စိတ်ပျက်ဖွယ် ဘောလုံး ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့တဲ့နောက် နွေမှာ အသင်းပြောင်းလိမ့်မယ်လို့ သတင်းတွေ ကျယ်လောင်ခဲ့ပါသေးတယ် ။ အဲ့ဒီနောက် ယူနိုက်တက် အသင်းဆီ အဲရစ် တန်ဟတ် က နည်းပြသစ် အဖြစ် ရောက်လာခဲ့ပါတယ် ။

မကြာမီမှာပဲ ယူနိုက်တက် အသင်း ကစားသမား အများစု နည်းပြသစ် နဲ့ ပတ်သက်လို့ အပေါင်း လက္ခဏာဆောင်တဲ့ မှတ်ချက်တွေ ပေးဆောင်ခဲ့ကြစဥ်မှာ ရော်နယ်ဒို ကိုယ်တိုင််ကလည်း နည်းပြသစ်နဲ့ အလုပ်လုပ်ဖို့ ရှေးရှုနေကြောင််း ပြောကြားခြင်းဖြင့် အသင်းမှာပဲ ဆက်ရှိနေဦးမယ်လို့ သွယ်ဝိုက် ပြောကြားသွားခဲ့ပါတယ် ။

ဒါပေမဲ့ ယိုယွင်းနေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ ပြိုင်ဖက် အသင်းတွေ ကစားသမားကောင်း တစ်ဦးပြီး တစ်ဦး ခေါ်ယူနေချိန်မှာ စျေးကွက်ထဲ အခုချိန်ထိ လှုပ်ရှားမှု မရှိခဲ့သေးပါဘူး ။ တကယ်သာဆိုရင် အသင်းကနေ ထွက်ခွာသူ များခဲ့တဲ့ ယူနိုက်တက်တို့ ဒီအချိန်မှာ ကစားသမား နှစ်ဦးလောက် ခေါ်ယူခဲ့သင့်ပါပြီ ။

ဒီအတွက် ယူနိုက်တက် တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို ဟာ မပျော်မရွှင် ဖြစ်နေခဲ့တယ်လို့ သတင်းတွေ ထွက်လာခဲ့ပြီး မန်ချက်စတာမှ ထွက်ခွာလိုနေတယ်လို့ အသံတွေ ပြန်လည် ကျယ်လောင်ခဲ့ရပါတယ် ။ အဲ့ဒီနောက်မှာတော့ သူ့ကို ခေါ်ယူဖို့ ဘိုင်ယန် မြူးနစ် အသင်းက စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ခဲ့ပါတယ် ။

 

ဘာဖြစ်လို့လဲဆိုတော့ ဘိုင်ယန် မြူးနစ် အသင်းမှ အဓိိက တိုက်စစ်မှူး လီဝန်ဒေါစကီး ဟာ ဘာစီလိုနာ အသင်းဆီ ပြောင်းရွှေ့ဖို့ သတင်းကြီးနေခဲ့လို့ပဲ ဖြစ်ပါတယ် ။ ဒါပေမဲဲ့ မနေ့ကပဲ ဘိုင်ယန် မြူးနစ်ရဲ့ ဒါရိုက်တာ တစ်ဦးက ရော်နယ်ဒို ကို ခေါ်ယူဖို့ အကြောင်းမရှိကြောင်း ပြတ်ပြတ််သားသား ပြောဆိုခဲ့ပါတယ် ။

အဲ့ဒီနောက် မကြာမီမှာပဲ လူကာကူကို အငှားချဖို့ ရှိနေတဲ့ ပြိုင်ဖက် ချဲလ်ဆီး အသင်းဟာ အဲ့ဒီ နေရာကို ရော်နယ်ဒို နဲ့ အစားထိုးလိုနေတယ်လို့ သတင်းထွက် လာခဲ့ပြန်ပါတယ်် ။ ဒီလို သတင်းတွေ မကြာခန ထွက်တာမျိုးက ပရိသတ််တွေ အတွက်တော့ တကယ့်ကို စိတ်မနှောက်အယှက် ဖြစ်စရာပါပဲ ။

ဘာဖြစ်လို့လဲဆိုတော့ ပရိသတ် အများစုရဲ့ စိတ်နေစိတ််ထားတွေက အသင်းမှာ ဘယ်သူပဲ ရှိပါစေ ၊ မရှိပါစေဆိုတာမျိုးထက် အသင်း အောင်မြင်ဖို့က အဓိက ဖြစ်နေလို့ပါပဲ ။ အခုတော့ ရော်နယ်ဒိုရဲ့ သတင်းတွေ ကျယ်လောင်မှု အပေါ် စိတ်ပျက်နေကြတဲ့ ပရိသတ်အချို့ ပေးခဲ့ကြတဲ့ မှတ်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ် ။

” ပေါ့ဂ်ဘာ လို နောက်ထပ် ဒရာမာ တစ်ခု မမြင်တွေ့လိုတော့ပါဘူး ။ သူ 100 % အပြည့် ယုံကြည်စိတ်ချလို့ ရနိုင်လား ? မရရင်တော့.. မင်းကို ချစ်ပါတယ် ။ ဒါပေမဲ့ တဲခါးက ဒီမှာပါ ၊ ထွက်သွားလိုက်တော့ ” ( Ian_in_OH )

” အဲရစ် တန်ဟတ် အသင်းဆီ ရောက်လာခဲ့တာ ဘာမှ မကြာသေးပါဘူး ။ ဘရို ခရစ္စတီယာနို သူနဲ့ အတူတူ ကြိိုးစားတာရော ကြိုးစားဖူးလို့လား ? ” ( Gucciairbagz )

” ရာသီကြို ပွဲစဥ်တွေတောင် မစသေးဘူးကွ ”
( listenoldchap )

” Man U အနေနဲ့ သူ့ကို ထွက်ခွာခွင့် ပေးလိုက်သင့်ပါတယ် ။ အဲ့တာမှ အနာဂတ် အတွက် အသင်းကို တည်ဆောက််နိုင်မှာပါ ” ( emifrance )

” ဘာမှ မကြီးကျယ်ပါဘူး ။ ဒီနှစ်မဟုတ်လည်း နောက်နှစ် ပြောင်းရမှာပဲဟာ ” ( Propheticz )

ယူနိုက်တက် ပရိသတ် အများစုကတော့ ရော်နယ်ဒို အခုလို သတင်းတွေ ထွက်နေတဲ့ အပေါ် အာရုံနောက် မခံလိုပဲ ” ထွက်လိုက ထွက်သွားလိုက်ပါ ” ၊ ” နည်းပြသစ် နဲ့တောင် မလေ့ကျင့်ရသေးဘူး… မထူးမှ ထွက်ချင်ထွက် ” ဆိုတဲ့ စကားလုံံးတွေနဲ့ သူတို့ရဲ့ ဆန္ဒကို ထုတ်ဖော်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar