ဘိုင်ယန်ကို ရောက်ရှိသွားခဲ့တဲ့ မာနေးဟာ ‘မော်ဒန်ခေတ်ရဲ့ လီဗာပူးဂန္တ၀င်’ လို့ ချီးကျူး ဂုဏ်ပြုလိုက်တဲ့ ယာဂန်ကလော့ 

 

လီဗာပူး မန်နေဂျာ ယာဂန်ကလော့ဟာ ဘိုင်ယန်မြူးနစ်ကို အပြီးသတ် ရောက်ရှိသွားခဲ့ပြီ ဖြစ်တဲ့ ဆာဒီယိုမာနေးနဲ့ ပက်သက်ပြီး heartfelt message ကို ပေးသွားခဲ့ပါတယ်။

ဆီနီဂေါစတားဟာ လီဗာပူး အတွက် ပွဲပေါင်း ၂၆၀ ကစားကာ ဂိုး ၁၂၀ သွင်းယူပေးခဲ့ပြီး အန်ဖီးကလပ်နဲ့ ၆ နှစ်တာ လက်တွဲမှုကို အဆုံးသတ်သွားခဲ့ပါတယ်။ ဒါ့အပြင် မာနေးဟာ လီဗာပူး သမိုင်းတစ်လျှောက် ၁၄ ယောက်မြောက် သွင်းဂိုး အများဆုံး ကစားသမား အဖြစ် ထွက်ခွာသွားခဲ့တာလည်း ဖြစ်ပါတယ်။

မာနေးဟာ ဘွန်ဒက်လီဂါ ကလပ်ကို ပြောင်းရွေ့ကြေး စုစုပေါင်း ပြောင်းရွေ့ကြေး ပေါင် ၃၅ သန်းနဲ့ ပြောင်းရွေ့ခဲ့တာ ဖြစ်ပြီး လီဗာပူး အနေနဲ့ ကနဦး ပေါင် ၂၇.၅ သန်းကို သေချာပေါက် ရရှိမှာ ဖြစ်ကာ စွမ်းဆောင်ရည်ပေါ် မူတည်ကာ နောက်ထပ် ပေါင် ၇.၅ သန်းကို ရရှိမှာ ဖြစ်ပါတယ်။

 

လီဗာပူး မန်နေဂျာ ယာဂန်ကလော့ ကတော့ မာနေး ရဲ့ ထွက်ခွာသွားခဲ့မှု အပေါ် နစ်မြောနေမှာ မဟုတ်ပေမယ့်လည်း မာဆေးဆိုက် ကလပ် အပေါ် ဆီနီဂေါစတားရဲ့ စွမ်းဆောင်ပေးခဲ့မှု အပေါ် ချီးကျူး ဂုဏ်ပြုခဲ့ ပါတယ်။

ကလော့က “ဒါဟာ ကြီးမားတဲ့ အခိုက်အတန့်ပါ။ လီဗာပူးရဲ့ အကြီးကြယ်ဆုံး ကစားသမားတွေ ထဲက တစ်ဦးဟာ အန်ဖီးကနေ ထွက်ခွာ သွားခဲ့ပြီ ဖြစ်ပြီး ကျွန်တော်တို့ အနေနဲ့ မာနေးဟာ ဘယ်လောက် အရေးပါတဲ့ ကစားသမားလဲ ဆိုတာ အသိအမှတ် ပြုသွားရမှာပါ။ သူဟာ ကျွန်တော်တို့ရဲ့ ကျေးဇူးတင်မှုတွေ ချစ်ခင်မှုတွေနဲ့ ထွက်ခွာသွားတာပါ။

သူဟာ ကြီးကြယ်တဲ့ ကစားသမားတွေ ထဲက တစ်ဦး ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထွက်ခွာသွားတာ ဖြစ်ပါတယ်။ အမှန်ပါပဲ။ သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ဦးဆိုတဲ့ အခိ်ုက်အတန့်မှာ ထွက်ခွာခဲ့တာပါ။

ဒါပေမယ့် ကျွန်တော်တို့ဟာ အခုလို ဆုံးရှုံးမှုမှာ နစ်မြောနေမယ့် အစား သူ့လို ကစားသမားမျိုးကို ပိုင်ဆိုင်ခဲ့တဲ့ အခွင့်အရေးထူး အပေါ် အောင်ပွဲခံရမှာပါ။ သူသွင်းယူခဲ့တဲ့ ဂိုးတွေ ၊ သူ ရရှိခဲ့တဲ့ ဆုဖလားတွေ နဲ့ အတူ သူဟာ လီဗာပူးရဲ့ ဂန္တ၀င်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် မော်ဒန်ခေတ်ရဲ့ လီဗာပူး ဂန္တ၀င်လည်း ဖြစ်ပါတယ်။

သူဟာ အသင်းကို စတင် ရောက်ရှိလာကတည်းက ကျွန်တော်တို့ကို ပိုမို ကောင်းမွန်အောင် လုပ်ပေးခဲ့ပါတယ်။ အဲဒီအချိန်တုန်းက တစ်စုံတစ်ဦးက မာနေးဟာ ဒီကလပ် အတွက် ဒီလို စွမ်းဆောင်ပေးကာ ဒီလို အောင်မြင်မှုတွေ ရယူနိုင်လိမ့်မယ်လို့ ပြောခဲ့မယ် ဆိုရင် အဲဒီတုန်းက ကလပ်ရဲ့ အခြေအနေအရ ကျွန်တော့် အနေနဲ့ ဖြစ်နိုင်မယ်လို့ သိပ်ပြီး ယုံကြည်မိမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဆာဒီယိုဟာ အရာအားလုံးကို ဖြစ်နိုင်တယ် ဆိုတာ ပြသသွားခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

မာနေးဟာ လွန်ခဲ့တဲ့ ၂၀၁၆ က ဆောက်သမ်တန် ကနေ လီဗာပူးကို ပေါင် ၃၂.၅ သန်းနဲ့ ပြောင်းရွေ့လာခဲ့တာ ဖြစ်ပြီး လီဗာပူးမှာ ဖြစ်နိုင်သမျှ ဆုဖလား အားလုံးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

 

SM