ဘာဆာလို ဒုက္ခတွေ့နေတဲ့ အေတီကို ၊ ယူနိုက်တက်မှာရမယ့် ဒီယွန် ရဲ့ လုပ်ခလစာ ၊ ပြီးမြောက်ဖို့ နီးစပ်လာတဲ့ အပြောင်းအရွှေ့‌ တွေနဲ့ . . . ယနေ့အတွက် နောက်ဆုံးရ အားကစား သတင်းများ

 

လာလီဂါ ထိပ်သီး ကလပ် အက်သလက်တီကို မက်ဒရစ် ဟာ ဘာစီလိုနာ အသင်း ကြုံတွေ့ ခဲ့ရတဲ့ လာလီဂါ လုပ်ခစည်းမျဉ်း ပြဿနာကို ကြုံတွေ့ ရင်ဆိုင် နေရပြီး အသင်းရဲ့ လုပ်ခ လစာကို မလျော့ချ နိုင်ပါက အဲလစ် ဝှစ်ဆယ် အပါအဝင် နွေရာသီမှာ အသစ် ရောက်ရှိလာမယ့် ကစားသမားတွေကို စာရင်းသွင်း နိုင်မှာ မဟုတ်ဘူးလို့ သိရ ပါတယ် ။

အက်သလက်တီကို မက်ဒရစ် ဟာ သောမတ်စ် လီမာ ကို ဈေးကွက် တင်ထားသလို တပတ်လုပ်ခ ပေါင် ၃ သိန်းခွဲ နီးပါး ပေးချေ နေရတဲ့ တိုက်စစ်မှူး ဂရစ်ဇ်မန်း ကိုလည်း ရောင်းထုတ်ဖို့ စိတ်ကူး ရှိနေတယ်လို့ သိရပါတယ် ။

 

အက်သလက်တီကို မက်ဒရစ် ဟာ အာဆင်နယ် နောက်ခံလူ ဟတ်တာ ဘယ်လာရင် နဲ့ တော့တင်ဟမ် ဟော့စပါး နောက်ခံလူ အီမာဆင် ရွိုင်ရယ် တို့ကို ခေါ်ယူဖို့ စိတ်ကူး ရှိနေပြီး ဂရစ်ဇ်မန်း ၊ လီမာ တို့လို လုပ်ခမြင့် ကစားသမားတွေ ကို ဦးစွာ ရှင်းထုတ်ပြီးမှသာ အဆိုပါ ခေါ်ယူမှုတွေကို ပြုလုပ် နိုင်မှာလို့ သိရှိရ ပါတယ် ။

ချဲလ်ဆီး ကတော့ ခံစစ်မှူး ဂျူးလ် ကွန်ဒေး နဲ့ ပတ်သက်ပြီး ဆီဗီးလား အသင်းဆီ ဆက်သွယ် မေးမြန်း ထားပြီလို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး နဲ့ အဲဗာတန် အသင်းတို့ ဟာ တိုက်စစ်မှူး ရစ်ချလီဆင် ရဲ့ အပြောင်း အရွှေ့ ကိစ္စ အတွက် ဆွေးနွေး ပြောဆို နေကြဆဲ ဖြစ်ပြီး တိုးတက်မှု ရှိနေတယ်လို့ ကြားသိရ ပါတယ် ။

စပါး ဟာ ရစ်ချလီဆင် ရဲ့ ကိုယ်စားလှယ်တွေ နဲ့လည် တွေ့ဆုံ ထားပြီး ကစားသမား နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ကိုလည်း ညှိနှိုင်း နေတယ်လို့ သိရပါတယ် ။

ဘာစီလိုနာ ကတော့ သူတို့ဟာ လီဝန်ဒေါ့စကီး အတွက် ဘိုင်ယန်မြုးနစ် ထံ ယူရို သန်း ၄၀ + အပိုဆုကြေး နဲ့ ကမ်းလှမ်း ထားကြောင်း ကစားသမား ဆီကို အသိပေး ထားခဲ့ ပါတယ် ။

အေစီမီလန် အသင်းဟာ သူတို့ကို ၂၀၁၈ က စပြီး ဂျာစီ စပွန်ဆာ အဖြစ် လက်တွဲ လာတဲ့ နာမည်ကျော် အားကစား အမှတ်တံဆိပ် Puma နဲ့ ကာလရှည် စာချုပ် သက်တမ်းတိုးမှု ပြုလုပ် နိုင်ခဲ့ကြောင်း အသိပေး ကြေညာ သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကို ရောက်ရှိ လာတော့မယ့် ဘာစီလိုနာ ရဲ့ နယ်သာလန် ကွင်းလယ်လူ ဖရန်ကီ ဒီယွန် ဟာ အိုးထရက်ဖိုဒ့် မှာ တပတ် ကို လုပ်ခ ပေါင် ၂ သိန်းခွဲ ရရှိဖွယ် ရှိတယ်လို့ ကောလဟာလ တခု ထွက်ပေါ် လာခဲ့ ပါတယ် ။

မန်ယူနိုက်တက် နည်းပြကြီး အဲရစ် တန်ဟတ် ကတော့ အာဆင်နယ် က စိတ်ဝင်စား နေတဲ့ လက်စတာ စီးတီး ကွင်းလယ်လူ တီလေမန်းစ် ကိုလည်း ခေါ်ယူဖို့ စိတ်ကူး ရှိနေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

တန်ဟတ် ဟာ ကွင်းလယ်လူ စကော့ မက် တော်မီနေး ကို နွေရာသီမှာ ရောင်းထုတ်ဖို့ အစီအစဉ် မရှိဘဲ အသင်းရဲ့ စီမံကိန်းမှာ ပါဝင်သူ တယောက် အဖြစ် သတ်မှတ် ထားတယ်လို့ သိရှိရ ပါတယ် ။

ခရစ္စတယ် ပဲလေ့စ် အသင်းဟာ ပြင်သစ် ကလပ် လန်းစ် အသင်းရဲ့ ကွင်းလယ်လူ ဒိုကူရေး ကို ပေါင် ၁၈ သန်း ဝန်းကျင် နဲ့ ခေါ်ယူ နိုင်ဖို့ နီးစပ် နေပြီလို့ သတင်း ထွက်လာခဲ့ ပါတယ် ။

ဘန်လေ အသင်းရဲ့ နည်းပြသစ် ဗင်းဆင့် ကွန်ပနီ ဟာ သူ့ရဲ့ ဒုတိယမြောက် ခေါ်ယူမှု အဖြစ် အောက်စ်ဖိုဒ့် အသင်းရဲ့ ခံစစ်မှူး လုခ် မက်နီးလ် ကို ပေါင် ၂ သန်း နဲ့ ခေါ်ယူ နိုင်ခဲ့ပြီလို့ သိရပါတယ် ။

ဒါ့အပြင် ကွန်ပနီ ဟာ အသင်းဟောင်း မန်စီးတီး ရဲ့ အကယ်ဒမီ ကစားသမားလေးတွေ ကိုလည်း ဘန်လေ ဆီ ခေါ်ဆောင်ဖို့ စိတ်ကူး နေတယ်လို့ ကြားသိရ ပါတယ် ။

ဂျာမန် ကလပ် လိုက်ဇစ် ဟာ ကိုနတ်လီမာ အတွက် ယူရို သန်း ၃၀ ဈေးသတ်မှတ်လိုက်ပေမယ့် အခုချိန်ထိ ဘိုင်ယန်မြူးနစ် ဆီက ကမ်းလှမ်းလာမှု မရှိသေးဘူးလို့ သိရပါတယ်။

အာဆင်နယ် ပရိသတ်တွေကတော့ ရာဖင်ညာ ကို ချဲလ်ဆီး အသင်းဆီ လက်လွှတ်ခဲ့ရ အပြီးမှာ ဘိုင်ယန်မှာ ကစားနေတဲ့ တောင်ပံ ကစားသမားဟောင်း ဂနာဘရီ ကို ကြိုးစားကြည့်ဖို့ ပြောဆိုလာခဲ့ကြ ပါတယ် ။
ဂနာဘရီ ဟာ ဘိုင်ယန် နဲ့ စာချုပ် နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပီး လီဝန်ဒေါ့စကီး နည်းတူ အသင်းကနေ ထွက်ဖို့ စိတ်ကူးရှိနေသူ ဖြစ်ပါတယ် ။

အာတင်နယ် ကွင်းလယ်ဘူ လူးကပ်စ် တော်ရီးယား ဟာ အာဆင်နယ် အတွက် ဆက်လက် မကစား ပေးလိုတာကြောင့် နောက်တကြိမ် ပြန်အငှားထွက်ခွာဖို့ လုပ်ဆောင်နေတယ်လို့ သတင်းကြားသိရပါတယ် ။

ဘာဆာနဲ့ စပါး တို့ဟာ နောက်ခံလူ ကလီမန်း လန်းလတ် ကို အငှား ခေါ်ယူရေး အတွက် ဆွေးနွေး နေကြပြီး အကောင်အထည် ပေါ်လာဖို့ အလားအလာ ကောင်းနေကြောင်း ကြသိရပါတယ် ။

PSG ကတော့ အင်တာ နဲ့ စပါးတို့ရဲ့ ပစ်မှတ် ဖြစ်သူ ဂယ်ဆင် ဘရီမာ ကို တိုရီနို အသင်းကနေ ခေါ်ယူဖို့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး အရ သဘောတူ ထားနိုင်ခဲ့ပြီ လို့လည်း သိရှိရပါတယ် ။

ဘာစီလိုနာ အသင်း နဲ့ ကစားမယ့် ဂမ်ပါ ဖလားပွဲကို ရိုးမား ဘက်က ဖျက်သိမ်းလိုက်မှုရဲ့ နောက်ကွယ်မှာ PSG အသင်း ပါဝင် ပတ်သက်မှု ရှိနိုင်တယ်ဆိုတဲ့ သတင်း တပုဒ် ထွက်ပေါ် လာခဲ့ ပါတယ် ။

ရိုးမား ဥက္ကဌ ဟာ PSG အကြီးအကဲ ခီလိုင်ဖီ နဲ့ ရင်းနှီးသူ ဖြစ်ပြီး ဥရောပ စူပါလိဂ် အစီအစဉ်ကို လက်မလွှတ် သေးတဲ့ အသင်း ၃ သင်းထဲက တသင်း ဖြစ်တဲ့ ဘာစီလိုနာ ဟာ UEFA ဥက္ကဌ ဆီဖာရင် ရဲ့ အမျက်သင့်မှုကို ခံ နေရတဲ့ အသင်း ဖြစ်တာကြောင့် ဆီဖာရင် ၊ ခီလိုင်ဖီ တို့ နဲ့ အဆင်မပြေ မဖြစ်စေဖို့ ဂမ်ပါဖလားပွဲကို ရိုးမား ဘက်က ဖျက်သိမ်း လိုက်တာ ဖြစ်နိုင်တယ်လို့ သတင်း တွေမှာ သုံးသပ် ဖော်ပြ လာခဲ့ ပါတယ် ခင်ဗျာ . . . . . ။

 

SPORTS MYANMAR