ပရီးမီးယားလိဂ် ပြိုင်ဖက်ကို ပြီးပြည့်စုံတဲ့ ကွင်းလယ်လူလို့ ခေါင်းစဥ်တပ်လိုက်ပြီး အာဆင်နယ်ရော ယူနိုက်တက်ကိုပါ ခေါ်ယူဖို့ တိုက်တွန်းလိုက်တဲ့ ပေါလ် မာဆင် 

 

အာဆင်နယ် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ပေါလ် မာဆင် က ဆောက်သမ်တန် အသင်းရဲ့ ကွင်းလယ်လူ ဂျိမ်းစ် ဝက်ပရောက်စ်ကို ခေါ်ယူဖို့ အသင််းဟောင်းကိုရော ပြိုင်ဖက် မန်ချက်စတာ ယူနိုက်တက် အသင်းကိုပါ အကြံပေး တိုက်တွန်းသွားခဲ့လိုက်ပါတယ် ။

ဆောက်သမ်တန် အသင်းရဲ့ ကွင်းလယ် ကစားသမား ဖြစ််သူ ဂျိမ်းစ် ဝက်ပရောက်စ် ဟာ လက်ရှိ ပရီးမီးယားလိဂ် ကစားသမားတွေ အနက် ဖရီးကစ် အကောင်းဆုံး စာရင်းဝင်် တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး နွေစျေးကွက် မဖွင့်လှစ်မီ အသင်းပြောင်းဖို့ သတင်းထွက်နေခဲ့ပါတယ် ။

 

သူဟာ 2021 – 22 ဘောလုံး ရာသီမှာလည်း ဆောက်သမ််တန် အသင်းအတွက် အထူး ပုံစံကောင်းတွေ ပြသထားနိုင်ခဲ့ပြီး ပြိုင်ပွဲစုံမှာ ကိုယ်တိုင် 11 ဂိုးထိသွင်းယူ ၊ 8 ကြိမ် အထိ ဂိုးဖန်တီိး ပေးထားနိုင်ခဲ့တဲ့အတွက် ပြိုင်ဖက် အသင််းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေခဲ့ပါတယ် ။

အခြားတဖက်မှာတော့ မန်ချက်စတာယူနိုက်တက် အသင််းဟာ ဒီနွေမှာ ကွင်းလယ် ကစားသမား 4 ဦးအထိ ဆုံးရှုံးထားခဲ့တာကြောင့် ကွင်းလယ်ပိုင် အင်အားပြန်လည်ဖြည့်တင်းဖို့ ကြံရွယ်နေခဲ့ပြီး လက်ရှိအချိန်မှာ ဒီကလန် ရိုက်စ် ၊ ဖရန်ကီ ဒီဂျောင် ၊ အဲရစ်ဆင် တို့နဲ့ သတင်းထွက်နေခဲ့ပါတယ် ။

အခုတော့ အဲ့ဒီ စာရင်းထဲ ဆောက်သမ်တန် နဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူလဲ ပါဝင်လာခဲ့ပါပြီ ။ အာဆင််နယ် ဂန္တဝင် ပေါလ် မာဆင် ကတော့ ဝက်ပရောက် ကို ပြီးပြည့်စုံတဲ့ ကွင်းလယ်လူလို့ ခေါင်းစဥ်တပ်ခဲ့လိုက်ပြီး ယူနိုက်တက် အပြင် သူ့ရဲ့ အသင်းဟောင်းပါ ခေါ်ယူနိုင်ဖို့ ကြိုးစားသင့်ကြောင်း တိုက်တွန်းသွားခဲ့လိုက် ပါတယ် ။

 

” အာဆင်နယ် အနေနဲ့ သူ့ (ဝက်ပရောက်) ကို ကြိုးစားသင့် ပါတယ် ။ သူလည်း စိတ်ဝင်စားမှုရှိလောက်မှာပါ ။ အာဆင်နယ်က ထိပ်သီး နေရာနဲ့ အလှမ်းမဝေးပါဘူး ။ သူတို့က ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့အတွက် ထိပ်တန်း တိုက််စစ်မှူး တစ်ဦးလောက်ပဲ လိုနေတော့တာပါ ”

” ဝက်ပရောက် က ကွင်းထဲ အော်ဟတ် ကြိမ်းမောင်းနေတတ်သူ တစ်ဦးတော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ သူဟာ ခေါင််းဆောင် တစ်ယောက်ပါ ။ အာဆင်နယ်မှာ ခေါင်းဆောင်လိုနေတာပါ ။ ဒါကို ကွင်းထဲမှာ သူပြခဲ့ပြီးပါပြီ ။ သူဟာ အတွေ့အကြုံ ကြွယ်ဝတဲ့ ကစားသမား တစ်ဦးပါပဲ ”

 

” အာဆင်နယ် အနေနဲ့ ဒီနှစ်နွေစျေးကွက်မှာ လူငယ်တွေ အများကြီး လိုက်ခေါ်နေဖို့ မလိုအပ်ပါဘူး ။ ဒီအသင်းမှာ အတွေ့အကြုံရှိသူ လိုအပ်နေတာပါ ။ ဝက်ပရောက် ဆီမှာ အဲ့တာတွေ ရှိနေပါတယ် ။ သူရဲ့ ဖရီးကစ် ကန်ချက်ကလည််း အရမ်းကို ကောင်းလွန်းလှပါတယ် ”

” သူ့ရဲ့ ထောင့်ကန်ဘော ဖြတ်တင်ပုံတွေလည်း ကောင်းလှပါတယ် ။ ကျွန်တော် ဘာပြောဖို့ လိုနေသေးပါလိမ့် ? သူက အင်္ဂလန်သား ဖြစ်ပြီး ဆောက်သမ်တန်လို အသင်းအတွက် ကစားလို့ ခင်ဗျားတို့ မလိုချင်တဲ့ ပုံစံမျိုး ဖြစ်နေကြမှာလား ? ကျွန်တော်တော့ အဲ့လို မတွေးပါဘူး ”

 

” သူဟာ တကယ့် underrated ကစားသမားပါ ။ သူဟာ ထိပ်သီး အသင်းတိုင်းမှာ ကစားပေးနိုင်စွမ်း ရှိသူ တစ်ဦးပါပဲ ။ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာလည််း ဝင်ဆံ့ပါတယ် ။ သူဟာ ယူနိုက်တက် အတွက်လည်း ပြီးပြည့်စုံတဲ့ ခေါ်ယူမှု ဖြစ်နိုင်မှာပါ ” လို့ ပေါလ် မာဆင် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

 

#Sports_Myanmar