ပရီးမီးယားလိဂ်မှာ ရုန်းကန်ခဲ့ရတဲ့ ပေါ့ဂ်ဘာ နဲ့ လူကာကူ တို့ စီးရီးအေ ပြိုင်ပွဲဆီကို ပြောင်းမယ်ဆိုတာက ဘယ်လို ကောင်းကျိုးတွေ ဖြစ်စေမလဲ #ဒယ်လ်ပီယာရို 

 

အီတလီ လက်ရွေးစင် အသင်းရဲ့ စူပါ စတား တစ်ဦး ဖြစ််ခဲ့ဖူးတဲ့ ဒယ်လ် ပီယာရို က ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဂ်ဘာ နဲ့ ချဲလ်ဆီး တိုက်စစ်မှူး လူကာကူ တို့ စီးရီးအေဆီ ပြောင်းလာမယ်ဆိုတာက အီတလီ ဘောလုံး လောက အပေါ် ကောင်းမွန်တဲ့ သက်ရောက်မှု ဖြစ်စေနိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့လိုက်ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ဖြစ််တဲ့ ပေါလ် ပေါ့ဂ်ဘာ ဟာ အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး ဇွန်လ အကုန်မှာ မန်ချက်စတာ ကနေ အလွတ် ပြောင်းရွှေ့ကြေး နဲ့ ဒုတိယ အကြိမ်မြောက်် ထွက်ခွာဖို့ ရှိနေပါပြီ ။

ဒီလို အနေအထား တစ်ရပ်မှာ ဥရောပ ထိပ်သီး ကလပ် အချို့က သူ့ကို ခေါ်ယူဖို့ ဆန္ဒ ရှိနေကြပါတယ် ။ ဒါပေမဲ့ အခု အချိန်ထိတော့ သူဟာ အသင်းဟောင်း ဂျူဗင်တပ် ဆီကို ပြောင်းရွှေ့လိမ့်မယ် ဆိုတဲ့ အသံတွေသာ အကျယ်လောင်ဆုံး ဖြစ်နေခဲ့ရပါတယ် ။

 

အခြားတဖက်မှာတော့ ချဲလ်ဆီး အသင်းဆီ ရောက်လာခဲ့တဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူ ဟာလည်း ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ခြေစွမ်းကောင်း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ အတွက် အသင်းဟောင်း အင်တာ မီလန် ဆီကို အငှားထွက်ခွာလိမ့်မယ်လို့ သတင်းကြီးနေခဲ့ပါတယ် ။

အခုလို အနေအထား တစ်ရပ်မှာ စီးရီးအေ ဂန္တှဝင်ကြီး ဒယ်လ် ပီယာရို က ပေါလ် ပေါ့ဂ်ဘာ နဲ့ ရိုမီလူ လူကာကူ တို့လို ကစားသမားမျိုး ဒီပြိုင်ပွဲမှာ ရှိနေကြရင် စီးရီးအေ အသင််းတွေဟာလည်း ဥရောပမှာ ထိုးဖောက်နိုင်စွမ်း ရှိတဲ့ အသင်းတွေ ဖြစ်လာနိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့လိုက််ပါတယ် ။

 

” ထိပ်တန်း စွမ်းဆောင်ရည်တွေ ပြသနိုင်တဲ့ အသင်းမျိုး အများကြီး ပိုင်ဆိုင်ထားတဲ့အတွက် အခုအချိန်မှာ ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့ အကောင်းဆုံးလိဂ်ကြီး ဖြစ်နေပါပြီ ။ ဒီအတွက် ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲတွေမှာ သူတို့ လုပ်ပြနိုင်ခဲ့ကြတာတွေက အဖြေတစ်ခုပဲလေ ”

 

” ဒီလိဂ်မှာ ကစားကြတဲ့ပုံစံက တခါတလေမှာ ခြားနားပါတယ် ။ ပရီးမီးယားလိဂ်မှာ ကစားသမားတွေဟာ အခြားလိဂ်တွေထက် ပိုပြီး ပြေးလွှားကြတယ် ၊ ကာယပိုင်း ယှဥ်ကစားကြတယ်လို့ ထင်ရတယ်လေ ။ တကယ်တော့ အဲ့ဒီလောက်အထိ အတိအကျလည်း မဟုတ်ပါဘူး ”

 

” အီတလီမှာလည်း အဲ့တာမျိုးတွေ ရှိပါတယ် ။ ဒါပေမဲ့ အခုတော့ အီတလီဟာ ရုန်းကန်နေရပါတယ် ။ လက်ရွေးစင််အသင်းလည်း ရုန်းကန်နေရသလို ကလပ်အသင်းတွေလည်း ရုန်းကန်နေခဲ့ကြရပါတယ် ။ မနှစ်ကတော့ အနည်းငယ်် တိုးတက်မှု ပြနိုင်ခဲ့ကြပါတယ် ”

” ရိုးမားတို့ ကွန်ဖရန့်လိဂ် ယူနိုင်ခဲ့တာက နောက်နှစ်တွေမှာ စီးရီးအေ ကလပ်တွေကို ဥရောပ ပြိုင်ပွဲတွေမှာ တွန််းအား ဖြစ်စေနိုင်ပါလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ။ ဒီအတွက်် ပေါ့ဂ်ဘာ က ဂျူဗင်တပ် ၊ လူကာကူ က အင်တာမီလန် အသင်းဆီ ပြောင်းတာကလည်း အထောက်အကူ ဖြစ််စေနိုင်ပါလိမ့်မယ် ”

 

” ဒီလို ကစားသမားမျိုးတွေ ရောက်လာကြရင် အီတလီ ဟာလည်း ပိုကောင်းတဲ့လိဂ် ဖြစ်လာနိုင်မှာဖြစ်ပြီး အရင်လို ချန်ပီယံလိဂ် ပြိုင်ပွဲကြီးမှာလည်း အတိုင်းအတာ တစ်ခု အထိ အသံဗလံတွေ ဆူညံစေနိုင်ပါလိမ့်မယ် ” လို့ ဒယ်လ် ပီယာရို က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

 

#Sports_Myanmar