” နှစ်ခါပြန် စဥ်းစားစရာကို မလိုဘူး ” ကစားသမား နှစ်ဦးကို အမိအရ ခေါ်လိုက်ဖို့ တန်ဟတ်ကို တိုက်တွန်းလိုက်တဲ့ ဂယ်ရီ ပယ်လစ္စတာ

 

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနွေမှာတော့ စီနီယာ ကစားသမား 6 ဦး အထိကို ထွက်ခွာခွင့် ပေးထားခဲ့ပြီး အဆိုပါ 6 ဦးထဲမှာတော့ ပေါ့ဂ်ဘာ ၊ မာတာ ၊ လင်ဂတ် ၊ မာတစ်် တို့လို ကွင်းလယ်လူ 4 ဦး အထိ ပါဝင်နေခဲ့ကြပါတယ် ။

 

ဒါ့ကြောင့် ယူနိုက်တက်တို့ ဒီနွေမှာ ကွင်းလယ်ပိုင်းကို အဓိိကထား အင်အား ဖြည့်တင်းလိုနေခဲ့ပြီး ဒီအတွက် ဘာစီလိုနာ မှ ဖရန်ကီ ဒီဂျောင် ၊ ဝက်စ်ဟမ်း မှ ဒီကလန် ရိုက်စ် ၊ လိဒ်စ် ယူနိုက်တက်မှ ကယ်ဗင် ဖိလစ် ၊ အသင်းလက်မဲ့ ဖြစ်နေတဲ့ ခရစ္စတီယံ အဲရစ်ဆင် တို့ ပါဝင်နေခဲ့ပါတယ် ။

အဲ့ဒီထဲမှာတော့ ယူနိုက်တက် အသင်းဆီ ရောက်ဖို့ သတင််း အကြီးဆုံးက ဖရန်ကီ ဒီဂျောင် ဖြစ်နေခဲ့ပြီး စျေးကွက်ထဲ အလွတ် ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူလို့ ရနိုင်မယ့် ခရစ္စတီယံ အဲရစ်ဆင် ကလည်း ယူနိုက်တက် အသင်းဆီ ပြောင််းရွှေ့နိုင်တယ်လို့ သတင်းထွက်နေခဲ့ပါတယ် ။

ဖရန်ကီ ဒီဂျောင် ဆိုတာ အေဂျက်ဇ် အသင်းမှာထဲက အဲရစ် တန်ဟတ် နဲ့ အတူ အလုပ်တွေ တွဲလုပ်ခဲ့ဖူးသလို ဘာစီလိုနာ အသင်းမှာလည်း အရေးပါသူ ဖြစ်နိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် အဲရစ်ဆင် ကလည်း ပြီးခဲ့တဲ့ ရာသီတုန်းက ဘရန့်ဖို့ဒ် အသင်းကို နိုင်ပွဲတွေရအောင် ကူညီပေးထားနိုင်ခဲ့ပါသေးတယ် ။

အခုတော့ ယူနိုက်တက် အသင်းရဲ့ ဂန္တှဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ဂယ်ရီ ပယ်လစ္စတာ က အဲရစ်ဆင်် နဲ့ ဖရန်ကီ ဒီဂျောင် တို့လို ကစားသမား တွေကို ခေါ်ယူဖို့ အတွက် နှစ်ခါပြန် တွေးတောင် မတွေးသင့်ကြောင်း ပြောခဲ့လိုက် ပါတယ် ။

 

” အကယ်လို့ သူတို့သာ ခေါ်ယူနိုင်ခွင့် ပိုင်ဆိုင်နေမယ်ဆိုရင် စျေးကွက်ထဲ လှုပ်ရှားဖို့ နှစ်ခါပြန်တောင် မတွေးသင့်ပါဘူး ။ အဲရစ်ဆင် နဲ့ ပတ်သက်လို့ ပြောရရင် သူ့ရဲ့ ကျန််းမာရေး ပြသနာက ကိုင်တွယ်ဖြေရှင်းလို့ ရနိုင်တယ်လို့ပဲ ကျွန်တော် မျှော်လင့်မိပါတယ် ”

 

” ပြီးခဲ့တဲ့ ရာသီတုန်းက ဘရန့်ဖို့ဒ် အသင်းအတွက် ပါဝင်် ကစားပေးခဲ့တဲ့ ပွဲစဥ်တွေမှာ သူက အံ့ဖွယ်အရည်အသွေးတွေကို ပြသနိုင်ဆဲ ဖြစ်တယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါသေးတယ် ။ ဒီလို ကစားသမားမျိုးကို အလွတ် ပြောင််းရွှေ့ကြေး နဲ့ ရနိုင်မယ်ဆိုတာက နှစ်ခါပြန် စဥ်စားစရာကို မလိုပါဘူး ”

 

” သူ ရောက်လာတာက ဘရူနို နဲ့ ဘယ်လောက်အထိ အံဝင်မလဲဆိုတာ ကြည့်ပြီး ခင်ဗျား အံ့သြသွားပါလိမ့်မယ် ။ ဒါကို တန်ဟတ် ကိုင်တွယ်တတ်ဖို့ လိုတာပေါ့ဗျာ ။ ဒါပေမဲဲ့ အသင်းမှာ အရည်အသွေးကောင်းတဲ့ ကစားသမားတွေချည်းပဲ အမြဲတမ်း ပိုင်ဆိုင်မယ်လို့ တွေးလို့ မရနိုင်ပါဘူး ”

” ကစားသမားကောင်းတွေ များတာက ခင်ဗျားအတွက် ရွေးချယ်ခွင့်တွေ များစေနိုင်ပါလိမ့်မယ် ။ အသင်းမှာ အဲရစ်ဆင်လို ကစားသမားရှိရင် ဒဏ်ရာပြသနာတွေ များချိန််မှည အကူအညီဖြစ်စေပါလိမ့်မယ် ။ ကျွန်တော်ကတော့ ဒီအပြောင်းအရွှေ့ ဖြစ်မြောက်စေချင်ပါတယ် ” လို့ ပယ်လစ္စတာ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

 

#Sports_Myanmar