နည်းပြဟောင်း နှစ်ဦးအပေါ် အကောင်းမြင်ပေးရင်း တန်ဟတ် အနေနဲ့ ဘယ်နေရာမှာ ပိုကောင်းအောင် လုပ်သင့်လဲဆိုတာ အကြံပေးလိုက်တဲ့ ဆာဟာ 

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင််း ဖြစ်သူ လူးဝစ် ဆာဟာ က နည်းပြသစ် အဲရစ် တန်ဟတ်် အနေနဲ့ နည်းပြဟောင်း ဆိုးလ်ရှား ၊ ရဲ့လ်ဖ် ရန်းဂနစ် တို့ရဲ့ အသင်းကို အခြေခံပြီး ယူနိုက်တက်ကို ဆက်တက် တိုးတက်အောင် တည်ဆောက်သင့်ကြောင်း အကြံပေးသွားခဲ့လိုက်ပါတယ် ။

 

ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဖြစ််တဲ့ အိုလီ ဂန်နာ ဆိုးလ်ရှား ဟာ 2018 အကုန်တုန်းက ဒီအသင်းရဲ့ ယာယီ နည်းပြသစ် ဖြစ်လာခဲ့ပြီး ရလဒ်ကောင််းတွေ ယူဆောင်ပေးနိုင်ခဲ့တဲ့နောက် ခနလေးအတွင်းမှာပဲ အမြဲတမ်း နည်းပြ ဖြစ်လာနိုင်ခဲ့ပါတယ် ။

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် အသင်းကို အဆင့် 2 နေရာနဲ့ ရာသီကုန်ဆုံးအောင်လည်း ဦးဆောင်ပေးနိုင်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဘောလုံး ရာသီက ရော်နယ်ဒို ၊ ဗာရန်း ၊ ဆန်ချို တို့လို ကစားသမားတွေ ခေါ်ယူပြီး ဆုဖလား ဆွတ်ခူးဖို့ ပရိသတ်တွေ အားခဲထားချိန် ရလဒ်တွေ ဆက်တိုက် ကျဆင်းခဲ့ရပါတယ် ။

သူဟာ ရာသီအဖွင့်ပွဲစဥ်မှာ လိဒ်စ် ယူနိုက်တက် အသင်းကို ဂိုးပြတ်အနိုင်ယူနိုင်အောင် လုပ်ဆောင်နိုင်ခဲ့ပေမဲ့ အဲ့ဒီနောက် လပိုင်းအကြာမှာပဲ လက်စတာ ၊ လီဗာပူး ၊ ဝက်ဖို့ဒ် အသင်းတွေကို ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့နောက် အသင်းနဲ့ လမ််းခွဲခဲ့လိုက်ရပါတယ် ။

 

အဲ့ဒီနောက် ယူနိုက်တက် အသင်းရဲ့ ယာယီ နည်းပြသစ် ဖြစ်လာသူ ရဲ့လ်ဖ် ရန်းဂနစ် ဟာလည်း အစပိုင်းမှာ ဟုတ်သလိုလို ရှိခဲ့ပါသေးတယ် ။ သူဟာ အသင်းကို တိုက်စစ်ဆင် ကစားစေခဲ့ပြီး ရလဒ်ကောင်းအချို့ ရယူပေးနိုင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရလဒ်တွေ ကျဆင်းသွားခဲ့ရပါတယ် ။

အခုတော့ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ လူးဝစ် ဆာဟာ က ဆိုးလ်ရှား နဲ့ ရန်းဂနစ် တို့ဟာ အသင်းကို တစ်နည်းတစ်ဖုံ တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ကြကြောင်း ၊ တန်ဟတ် အနေနဲ့ သူတို့ ထားခဲ့တဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ပိုကောင်းမွန်အောင် လုပ်ရမှာ ဖြစ်ကြောင်း အကြံပေးခဲ့လိုက်ပါတယ် ။

” အကယ်လို့ နောက်ရာသီမှာသာ သူတို့ဟာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိအောင် လုပ်ဆောင်နိုင်မယ်ဆိုရင် အသင်းကို 1 ဆင့် တက်စေနိုင်ပါလိမ့်မယ် ။ ဒါပေမဲ့ နောက်ရာသီမှာပဲ သူတို့တွေဟာ ဆုဖလား ဆွတ်ခူးကြလိမ့်မယ်ဆိုတာမျိုးကိုတော့ ကျွန်တော် မမျှော်လင့်မိပါဘူး ”

 

” အိုလီ ဂန်နာ ဆိုးလ်ရှား လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တစ်ဆင့် တက်နိုင်ခဲ့ ပါတယ် ။ ရန်းဂနစ် လက်အောက်မှာလည်း တိုးတက်မှု အနည်းငယ် ရှိခဲ့တာကို ကျွန်တော်တို့ မြင်ခဲ့ရပါတယ် ။ ဒါပေမဲ့ မန််နေဂျာတွေ ကိုင်တွယ်ဖို့ ခက်ခဲတဲ့ အနေအထားမျိုး ကြုံတွေ့ခဲ့ရပါတယ် ”

” အခုလို တန်ဟတ် ရောက်လာခြင်းကလည်း နောက်တစ််ဆင့်တက််လှမ်းခြင်းပါပဲ ။ မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ အလေးစားခံခဲ့ရတဲ့ နေရာတစ်ခုဆီ ပြန်ရောက်နိုင်ဖို့ အတွက် ဖွဲ့စည်းတည်ဆောက်ပုံ တိုးတက်ဖို့ပဲ လိုအပ်ပါတော့တယ် ” လို့ ဆာဟာ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

 

#Sports_Myanmar