ဒွန်နီ နဲ့ ဖရန်ကီ တို့ရဲ့ ကွင်းလယ် အတွဲ အပေါ် တန်ဟတ် ဘယ်လို မှတ်ချက်တွေ ပေးခဲ့ဖူးသလဲ ???

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နည်းပြ ရန်းဂနစ််ကို ကာလတို စာချုပ် သက်တမ်းနဲ့ ခေါ်ယူခဲ့ပြီး ထင်မှတ်ထားသလို အလုပ် မဖြစ်ခဲ့တဲ့နောက် အေဂျက်ဇ် အသင်းမှ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ်ကို အိုးလ် ထရပ်ဖို့ဒ်ဆီ ခေါ်ဆောင်ခဲ့ပါတယ် ။

ဒွန်နီ ဗန်ဒီ ဘိခ် ဆိုတာ ကတော့ အဲရစ် တန်ဟတ် လက်အောက််မှာ ကစားခဲ့ဖူးသူ ဖြစ်ပြီး ခြေစွမ်းကောင်းတွေကို ပြသထားနိုင်ခဲ့သူပဲ ဖြစ်ပါတယ် ။ အဲ့ဒီ အချိန်တုန်းက သူဟာ အေဂျက်ဇ် အသင်းရဲ့ အဓိက ကစားသမား ဖြစ်ခဲ့ဖူးသလို နယ်သာလန်မှာလည်း ပွဲထွက်ခွင့်တွေ ရခဲ့ပါတယ် ။

ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက််လာခဲ့တဲ့နောက်မှာတော့ ဗန်ဒီ ဘိခ် ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အံဝင် နိုင်ဖို့ ရုန်းကန်ခဲ့ရသလို ပွဲထွက်ခွင့်တွေ ပျောက်ဆုံးမှုနဲ့ အတူ နယ်သာလန် လက်ရွေးစင် အသင်းမှာလည်း ရွေးချယ်ခံရခွင့် ဆုံးရှုံးခဲ့ရပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ အဲရစ် တန်ဟတ် ရောက်ရှိလာခဲ့ပါပြီ ။ သူဟာ နယ်သာလန်သားကို အေဂျက်ဇ် အသင်းမှာ ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်တဲ့အတွက်် မန်ချက်စတာမှာ သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ပြန်လည်် ဖော်ထုတ်ပေးနိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံနေခဲ့ရပါတယ် ။

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒွန်နီ ရဲ့ အသင်းဖော် ၊ တန်ဟတ် ရဲ့ တပည့်ဟောင်း ဖြစ်သူ ဖရန်ကီ ဒီဂျောင်ကိုလည်း ခေါ်ယူဖို့ အတော်လေး နီးစပ်နေပြီလို့ သတင်းတွေ ထွက်လာခဲ့ပါပြီ ။ အကယ်လို့ ဒီဂျောင်သာ ရောက်လာခဲ့ရင် မန်ချက်စတာမှာ ဆရာတပည့် သုံးဦး ပြန်လည် ဆုံတွေ့ကြမှာပဲ ဖြစ်ပါတယ် ။

အခုလို အနေအထား တစ်ရပ်မှာ အဲရစ် တန်ဟတ် ဟာ သူ့အတွက် အားကိုးအားထား ပြုခဲ့ရတဲ့ နယ်သာလန် လက််ရွေးစင် နှစ်ဦး အပေါ် ဘယ်လို မှတ်ချက်မျိုး ပေးခဲ့ဖူးသလဲဆိုတာ ဆိုရှယ်မီဒီယာ အထက်မှာ ဝေဆာလာခဲ့ပါတယ် ။ အဆိုပါ မှတ်ချက်ပေးမှုတွေကို ဖော်ပြပေးလိုက်ပါတယ် ။

” သူ ( ဒီဂျောင် ) ရဲ့ အရည်အသွေးက သူဟာ တိုက်စစ် ကစားသမားတွေကို ကစားရ ပိုကောင်းအောင် လုပ်ပေးနိုင်ခြင်းပါပဲ ။ သူဟာ အံ့အားသင့်ဖွယ်ကောင်းသူ ၊ စွန့်စားလိုသူ ၊ ငါးမန်း တစ်ကောင်လို အမြဲတမ်း လှုပ်ရှားနေလိုသူ တစ်ဦးပါပဲ ”

” သူဟာ ဘောလုံးပိုင်ဆိုင်ချိန်မှာရော ၊ မရှိချိန်တွေမှာပါ ရွေ့လျား ကစားပေးတတ်ပါတယ် ။ ဒွန်နီ ဆိုတာကလည်း ရွေးလျားရတာကို နှစ်သက်သူပါ ။ ဒွန်နီ နဲ့ ဖရန်ကီ ပူးပေါင််းတာက strength တစ်ခုကို ဖြစ်စေပါတယ် ” လို့ တန်ဟတ်် က တပည့် နှစ်ဦး အပေါ် မှတ်ချက်ပေးခဲ့တာပဲ ဖြစ်ပါတယ် ။

တကယ်တော့ ဒွန်နီ ရော ၊ ဖရန်ကီ ပါ ဘောလုံး အရည််အသွေးကောင်းသူတွေဖြစ်ပြီး ခန္ဓာကိုယ် ကြံ့ခိုင်မှုအပိုင်း အားနည်းသူတွေ ဖြစ်ကြပါတယ် ။ ဒါ့ကြောင့် ဖရန်ကီသာ မန်ချက်စတာကို ရောက်လာခဲ့ရင် ၊ သူတို့ နှစ်ဦး တွဲကစားခဲ့ရင် ပြိုင်ဖက် ကွင်းလယ်ရဲ့ မာကျောမှုကို ရင်ဆိုင်နိုင်ပါ့မလားဆိုတာ တွေးချင်စရာပါပဲ ။

#Sports_Myanmar