ဒီဂျောင်နဲ့ မာလာစီယာ ရောက်လာရင် နောက်ရာသီ ယူနိုက်တက်ရဲ့ line up ဘယ်လို ဖြစ်လာမလဲ…

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပရိသတ်တွေဟာ ကစားသမားသစ် တစ်ဦးမှ မခေါ်ယူနိုင်သေးတဲ့ အသင်းအပေါ် စိတ်ပျက်နေကြချိန်မှာ ယူနိုက်တက် အသင်းဖက််ကတော့ ကစားသမား နှစ်ဦးကို တပြိုင်ထဲ ခေါ်ယူဖို့အထိ နီးစပ်နေခဲ့ပါပြီ ။

ဒီသတင်းကတော့ ဒီနေ့နံနက်မှာ ထွက်ခဲ့တာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နယ်သာလန်သား 2 ဦး ဖြစ်ကြတဲ့ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင် နဲ့ ဖီယင်နု အသင်းရဲ့ ဘယ်နောက်ခံလူ တိုင်ရယ် မာလာစီယာ တို့ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိခဲ့ရတာပဲ ဖြစ်ပါတယ် ။

အကယ်လို့ ယူနိုက်တက်တို့သာ ဒီကစားသမား 2 ဦးကို ဒီလထဲ ခေါ်ယူနိုင်မယ်ဆိုရင် နယ်သာလန်သား 2 ဦးဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ရာသီအကြို ပွဲစဥ်တွေမှာ ပါဝင်ခွင့် ရရှိသွားနိုင်ဖွယ် ရှိနေကြပါတယ် ။ အဲ့ဒီလို ပါဝင်ခွင့် ရတာက ကစားသမား အတွက်ရော အသင်း အတွက်ပါ အကျိုးရှိလှပါတယ် ။

ဘာဖြစ်လို့လဲဆိုတော့ ကစားသမားဖက်မှ အသင်းသစ်အတွက် ခြေစွမ်းကောင်းတွေ ပြသဖို့ အခွင့်အရေး ရရှိနိုင်မှာ ဖြစ်သလို နည််းပြ အတွက်လည်း ကစားသမားကို ရာသီိသစ် အစမှာ ပွဲထွက််ခွင့် ပေးသင့်မပေးသင့် ချင့်ချိန်နိုင်မှာပဲ ဖြစ်ပါတယ် ။

အခုတော့ ဒီဂျောင် နဲ့ မာလာစီယာတို့ ရောက်လာကြဖို့ နီးစပ််နေတဲ့ အနေအထား တစ်ရပ်မှာ နောက်ရာသီ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ Line Up ထဲ ဘယ်သူတွေ ပါဝင်ခွင့် ရရှိနိုင်မလဲဆိုတာနဲ့ ပတ်သက်လို့ MEN ရဲ့ ဖော််ပြချက်ကို ရေးသားပေးလိုက်ပါတယ် ။

ဂိုးသမား

ဂိုးသမား နေရာမှာတော့ ဒေးဗစ် ဒီဂီယာပဲ ပွဲထွက်ခွင့် ရဦးမှာ သေချာလှပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ဒင်းန် ဟန်ဒါဆင် က ပွဲထွက် ကစားခွင့်တွေ ရရှိနိုင်ရေးအတွက် နော်တင်ဟမ် ဖောရက်စ် အသင်းဆီကို တစ်ရာသီ အငှားထွက်ဖို့ နီးစပ်နေလို့ပဲ ဖြစ်ပါတယ် ။

ခံစစ်

ဟယ်ရီ မက်ဂွားယားဟာ အင်္ဂလန် အသင်းအတွက် ခြေစွမ်းပြခဲ့သူ ဖြစ်သလို ဗာရန်း ဟာလည်း ထိပ်တန်းအဆင့် ခြေစွမ်း ပိုင်ဆိုင်သူ ဖြစ်တဲ့ အတွက် လင်ဒီလော့ဖ် ထက် ပိုပြီး ဦးစားပေးခံရမှာ သေချာလှပါတယ် ။

ညာနောက်ခံလူ နေရာမှာတော့ ဒီယိုဂို ဒါးလော့ဟာ တိုက််စစ် အသားပေး နည်းပြရဲ့ ရွေးချယ်မှုကို ခံရနိုင်ပြီး ဘယ် ခံစစ်မှာတော့ တန်ဟတ်ဟာ အကြောင်းသိ ဖြစ်တဲ့ မာလာစီယာကို အသုံးပြုသွားဖွယ် ရှိနေမှာပါ ။ မာလာစီယာ ရှိနေရင် လုခ်ရှော အနေနဲ့ အမှားခံလို့ မရတဲ့ ခြေစွမ်းမျိုး ပြနိုင်မှပဲ ဦးစားပေး အဖြစ် ပွဲထွက်ခွင့် ရနိုင်ပါလိမ့်မယ် ။

 

ကွင်းလယ်

ဒီဂျောင် နဲ့ ဘရူနို ဖာနန်ဒက် တို့ကတော့ သေချာပေါက် ပွဲထွက်ခွင့် ရကြမှာပါ ။ ဒါပေမဲ့ သူတို့နဲ့ တွဲဖက် ကစားစေဖို့ ဘယ်သူ့ကို သုံးမလဲဆိုတာ စဥ်းစားရ ခက်နေမှာပါပဲ ။ ယူနိုက်တက်တို့ ဒီနေရာအတွက် လုပ်အားကောင်းတဲ့ ခပ်ကြမ်းကြမ်း ကစားသမား ခေါ်ဖို့ လိုပါလိမ့်မယ် ။

မခေါ်ယူနိုင်ခဲ့ရင်တော့ သူတို့နဲ့ တွဲဖက် ကစားစေဖို့ ခြေမြန််လက်မြန်ရှိတဲ့ ဘရာဇီးသား ဖရက်ဒ် ကပဲ ဦးစားပေး ဖြစ်သွားနိုင််ခြေ များနေပါတယ် ။ အဲရစ်ဆင် ရောက်လာခဲ့ရင်တော့ ယူနိုက်တက်တို့ အရန် အင်အားပါ တောင့်တင်းသွားပါလိမ့်မယ် ။

တိုက်စစ်

ရော်နယ်ဒို ကတော့ သေချာပေါက် ပါဝင်မှာပါ ။ ဆန်ချို ကလည်း ဒီရာသီ သေချာပေါက် တောက်ပပြနိုင်ဖို့ လိုနေပြီပဲ ဖြစ်ပါတယ် ။ သူလည်း သေချာပေါက် ပွဲထွက်ခွင် ရနိုင်ပါလိမ့်မယ် ။ အဲ့တာပြီးရင်တော့ အီလန်ဂါ လား ရပ်ရှ်ဖို့ လား ဆိုတာကို ရွေးချယ်ရပါလိမ့်မယ် ။

အန်သိုနီ ရောက်လာရင်တော့ နှစ်ယောက်လုံး ပွဲထွက်ခွင့် မရေရာ ဖြစ်သွားနိုင်ပါတယ် ။ မရောက်လာခဲ့ရင်တော့ ကနဦးမှာ ရပ်ရှ်ဖို့ ကပဲ ဦးစားပေး ပွဲထွက်ခွင့် ရပါလိမ့်မယ် ။ သူနဲ့ ဆန်ချိုတို့ ခြေစွမ်း မပြနိုင်ရင်တော့ အီလန်ဂါ ဟာ သေချာပေါက် နေရာရသွားပါလိမ့်မယ် ။

#Sports_Myanmar