တော်ရီးယား ကို တစ်ဝက်ဈေးနဲ့ ကမ်းလှမ်းတဲ့ ဖီအိုရင်တီးနား အသင်းအပေါ် စိတ်ဆိုး ဒေါသထွက်နေတဲ့ အာဆင်နယ် အသင်း

 

အာဆင်နယ် အသင်းဟာ တော်ရီးယား ရဲ့တန်ကြေးကို တစ်ဝက် တိတိ လျှော့ချပြီး ကမ်းလှမ်းမှု ပြုလုပ်ခဲ့တဲ့ ဖီအိုရင်တီးနား အသင်း အပေါ် စိတ်ပျက်လက်ပျက် ဖြစ်နေတယ်လို့ အီတလီ က သတင်းတွေမှာ ဖော်ပြ နေကြပါတယ် ။

တော်ရီးယား ဟာ ပြီးခဲ့တဲ့ရာသီ တစ်ခုလုံးကို ဖီအိုရင်တီးနား အသင်းမှာ အငှား ကစားရင်းနဲ့ ကုန်ဆုံး ခဲ့ပြီး အဓိက ကစားသမား အဖြစ် ကစားခွင့် ရရှိ ခဲ့ပါတယ် ။ ဒါ့အပြင် တော်ရီးယား ဟာ ဖီအိုရင်တီးနား အသင်းရဲ့တစ်လတာ အကောင်းဆုံး ကစားသမားဆုကိုလည်း ၃ ကြိမ်တိုင် ရရှိခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ တော်ရီးယား ရဲ့ အေဂျင့် ဖြစ်သူ ဘန်တန်ကာ က ဖီအိုရင်တီးနား အသင်းဟာ အာဆင်နယ် အသင်း နဲ့ သဘောတူထားတဲ့ ပြောင်းရွှေ့ကြေးကို ဈေးဆစ် နေတာကြောင့် အပြောင်းအရွှေ့ပျက်ပြယ် သွားခဲ့ကြောင်း ဖွင့်ဟ ပြောကြား ခဲ့ဖူးပါတယ် ။

ဖီအိုရင်တီးနား အသင်းဟာ တော်ရီးယား ကိို ယူရို ၁၅ သန်း (ပေါင် ၁၂.၈သန်း) နဲ့ အပြီးသတ် ခေါ်ယူခွင့် ရှိနေပေမယ့် စီရီးအေ ကလပ်ဟာ အဆိုပါ ပမာဏကို မပေးချေချင်ဘဲ ယူရို ၇ သန်း(ပေါင် ၆ သန်း) နဲ့သာ ကမ်းလှမ်းခဲ့ပါတယ် ။

Fiorentina.it ရဲ့ဖော်ပြချက်အရ အာဆင်နယ် အသင်း တာဝန်ရှိသူတွေဟာ တော်ရီးယား ကို တစ်ဝက်ဈေးနဲ့ ကမ်းလှမ်းတဲ့ ဖီအိုရင်တီးနား အသင်းအပေါ် စိတ်ဆိုး ဒေါသထွက်နေတယ်လို့ သိရပါတယ် ။

တော်ရီးယား ဟာ အာဆင်နယ် အသင်းနဲ့ စာချုပ် သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး ဂန်းနားတို့ဟာ ဒီနွေရာသီမှာ အသုံးစရိတ် ထွက်လာအောင် အပြီးသတ် ရောင်းချ ချင်နေပါတယ်။

သတင်းတွေအရ အာဆင်နယ် အသင်းဟာ ဖီအိုရင်တီးနား အသင်းရဲ့ကမ်းလှမ်းမှုကို တုန့်ပြန်မှုတောင် မလုပ်ခဲ့ဘူးလို့ သိရပါတယ် ။ ဒါ့အပြင် ဖီအိုရင်တီးနား အသင်းဟာ တော်ရီးယား အတွက် အငှားကြေး ယူရို ၁.၅ သန်း(ပေါင် ၁.၂ သန်း) ကိုတောင် မပေးချေရသေးပါဘူး ။

အာဆင်နယ် အသင်း ရဲ့ဥရုဂွေး ကွင်းလယ်လူ လူးကပ်စ် တော်ရီးယား ကလည်း ပြီးခဲ့တဲ့ ရာသီမှာ သူ အငှားထွက်ကစားခဲ့တဲ့ စီရီးအေးကလပ် ဖီအိုရင်တီးနား အသင်းမှာပဲ ဆက်လက် ကစားချင်ကြောင်း ထုတ်ဖော် ပြောကြား ထားပါတယ် ။

တော်ရီးယား က ” ကျွန်တော့်ရဲ့ ရည်မှန်းချက်ကတော့ ဖီအိုရင်တီးနား အသင်းမှာ ဆက်နေဖို့ပါ ။ ဒါပေမယ့် ကလပ် အသင်း အနေနဲ့ အာဆင်နယ် အသင်းနဲ့ သဘောတူညီမှု ရယူနိုင်ဖို့ မဖြစ်မနေ လိုအပ်ပါတယ် ။ ”

“ကျွန်တော့်အတွက်ကတော့ ဖလောရန်စ်မှာ နေရတာ လုံးဝ ပြီးပြည့်စုံ အဆင်ပြေပါတယ် ၊ ကျွန်တော် အီတလီမှာ နေရတာ ကြိုက်ပါတယ် ။ ကျွန်တော်တို့ ယူရိုပါလိဂ် ဝင်ခွင့် နဲ့ လွဲချော်ခဲ့ရတာတောင် အပေါင်း လက္ခဏာဆောင်ခဲ့တဲ့ နှစ်တစ်နှစ်လို့ ဆိုနိုင်ပါတယ် ။ ”

” ကျွန်တော်တို့ ဒီထက် ပိုထိုက်တန်တဲ့ အဆင့် ရခဲ့သင့်ပေမယ့် ရှုံးပွဲတွေ ကြုံတွေ့ ရရင်တော့ ကျွန်တော်တို့ အရာအားလုံး မလုပ်နိုင်ဘူး ဆိုတာ လက်ခံ ရပါမယ် ။ တစ်ခါတစ်လေမှာ ပြိုင်ဘ​က် အသင်းက ကိုယ့်ထက် သာလွန် ကောင်းမွန်နေတယ်ဆိုတာလည်း လက်ခံရမှာပါ ။ ”

” နည်းပြကြီးကိုတော့ အများကြီး အသိအမှတ်ပြု ချီးကျူးချင်ပါတယ် ၊ သူ့ကြောင့် ကိုယ့်ကိုယ်ကို အသင်းရဲ့ အဓိက ကစားသမား တစ်ဦး အဖြစ် ခံစားမိခဲ့တာပါ ၊ နောက်ပြီးတော့ ပရိသတ်တွေ အသင်းဖော်တွေရဲ့ချစ်ခင်မှုတွေလည်း ကျွန်တော် ရရှိ ခဲ့ပါတယ် ။ ”

” ကိုယ့်ကိုယ့်ကို ယုံကြည်မှု ရှိလာတဲ့ အခါ ၊ ပတ်ဝန်းကျင်က ကိုယ့်အပေါ် ယုံကြည်တဲ့ အခါမှာ အရာအားလုံး က အကောင်းဆုံး ဖြစ်လာတာပါပဲ ။ ဒီအခြေအနေတွေအားလုံးကြောင့် ကျွန်တော် ထိပ်ရောက်ခဲ့ရပြီး တစ်ရာသီတည်း စံချိန်တင် သွင်းဂိုး သွင်းနိုင်ခဲ့တာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM