တန်ဟတ် လက်အောက်မှာ ဘာတွေ လုပ်ပြနိုင်ဖို့ လိုအပ်မလဲဆိုတာ ထုတ်ပြောလိုက်တဲ့ ဒါးလော့

 

ရာသီကြို ပွဲစဥ်တွေ ကစားဖို့ အတွက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်် အသင်းရဲ့ နောက်ခံလူ ဒီယိုဂို ဒါးလော့က နည်းပြသစ် အဲရစ် တန်ဟတ်ရဲ့ လက်အောက်မှာ အမြန်ဆုံး တိုးတက်ဖို့ လိုအပ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမားတွေဟာ ကာလတို အားလပ်ရက် ပိုင်ဆိုင်ခဲ့တဲ့နောက် အခုချိန် အသင်းနဲ့ပူးပေါင်းဖို့ လုပ်ဆောင်နေကြပါပြီ ။ ဒီတစ်ကြိမ် မှာတော့ သူတို့တွေဟာ နည်းပြသစ် တန်ဟတ်နဲ့ ရာသီကြို ပွဲစဥ်တွေ ကစားရမှာပဲ ဖြစ်ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဂျူလိုင်လ 12 ရက်နေ့မှာ ပထမဆုံး ရာသီကြို ပွဲစဥ်အဖြစ် ဘန်ကောက်မှာ ခါးသီး ပြိုင်ဖက် လီဗာပူး အသင်းနဲ့ ရင်ဆိုင် ကစားရမှာပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက် မဲလ်ဘုန်း စီးတီး ၊ ခရစ္စတယ်် ပဲလေ့စ် အသင်းတွေနဲ့ ကစားရပါလိမ့်မယ် ။

 

အဲ့ဒီနောက် 23 ရက်နေ့ ၊ ပါ့သ် မှာ အက်စတွန် ဗီလာ အသင််း ၊ အဲ့တာပြီးရင် ဂျူလိုင်လ 30 ရက်​နေ့ ၊ နော်ဝေးမှာ အက်သလက်တီကို မက်ဒရစ် အသင်းတွေနဲ့ ဆက်လက် ကစားသွားရမှာပဲ ဖြစ်ပါတယ်။ အဲ့တာပြီးရင် 31 ရက်​နေ့မှာ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ ဗယ်လက်ကာနို အသင်းနဲ့ ကစားရမှာပဲ ဖြစ်ပါတယ် ။

 

ဒါဟာ တန်ဟတ် အတွက်တော့ အိမ်ကွင်းမှာ ပထမဆုံး အကြိမ် နည်းပြရတဲ့ပွဲ ဖြစ်သွားဖို့ ရှိနေပါတယ် ။ အဲ့တာပြီးရင်တော့ ယူနိုက်တက်တို့ဟာ သြဂုတ်လ 7 ရက်​နေ့မှာ ရာသီသစ်ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲစဥ် အဖြစ် ဘရိုက်တန် အသင်းနဲ့ ကစားရမှာပဲ ဖြစ်ပါတယ် ။

” ပရိသတ်တွေကို ကွင်းထဲပြန်လာစေတာ ၊ ပွဲစဥ်တွေကို ပြန်လည် ကစားရတာက ခမ်းနားလှပါတယ် ။ ဘောလုံးဆိုတာ ဒါပဲလေ ။ ကမ္ဘာ့ အနှံ့လည်ပတ်ရတာ ၊ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာ ၊ အားပေးမှုတွေကို ခံယူရတာက တကယ့်ကို ခမ်းနားလွန်းလှပါတယ် ”

” ရာသီကြို ပွဲစဥ်တွေမှာ သူတို့တွေကို ပြန်လည် ပိုင်ဆိုင်ရတာ တကယ့်ကို ကောင်းမွန်နေမှာပါ ။ ခင်ဗျားတို့ အချို့ အရာတွေ ၊ နည်းပြသစ် လက်အောက်မှာ ခြားနားတဲ့အရာတွေကို မြင်ရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော်တို့ ခမ်းနားတဲ့ အရာအချို့ ၊ နည်းပြသစ် လက်အောက်မှာ idea အချို့ကို မြင်ရမယ်လို့ မျှော်လင့်မိပါတယ် ”

” ကျွန်တော်တို့ ရာသီကြိုမှာ အကောင်းဆုံး ပြင်ဆင်ပြီး ရာသီသစ်ကို ကောင်းစွာ စတင်နိုင်ဖို့ မျှော်လင့်မိပါတယ် ။ ကျွန်တော်တို့ အမြန်ဆုံး တိုးတက်ဖို့ လိုပါတယ် ။ အားလပ််ရက် ကုန်ဆုံးပြီး အသင်းဆီ ပြန်လာရတာ ကျွန်တော်တို့ အားလုံး ချစ်ကြတဲ့ ကမ္ဘာ့ အနှံ့က ပရိသတ်တွေကို ပြန််မြင််ရမှာက စိတ်လှုပ်ရှားစရာပါပဲ ”

” ကျွန်တော်တို့ဟာ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ အရမ်းများကြတဲ့ နိုင်ငံအချို့ကို သွားရောက်ကြရမှာပါ ။ သူတို့ကို မြင်တွေ့ရဖို့ မျှော်လင့်နေမိပါတယ် ။ ပြီးတဲ့ တစ်ခါက ကျွန်တော်တို့ဟာ ပါ့သ် မှာ ရာသီကြို ပွဲစဥ်တွေကို ကစားခဲ့ရပါသေးတယ် ”

 

” ကျွန်တော်ဟာ မဲလ်ဘုန်း ၊ ဘန်ကောက်တို့ကို တစ်ခါမှ မရောက်ဖူးသေးပါဘူး ။ အဲ့ဒီမှာ ခမ်းနားတဲ့ နေရာ အချို့လည်း ရှိနေပါသေးတယ် ။ အဲ့ဒီလို နေရာတွေမှာ ကစားဖို့ ကျွန်တော် ရှေးရှုနေပါတယ် ” လို့ ဒါးလော့ က ပြောကြား သွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

 

#Sports_Myanmar