ဆာလာကို ရောင်းနိုင်တဲ့ လီဗာပူး ၊ အသင်းထပ်ပြောင်းရဦးမယ့် Fallen Star ၊ ဘာဆာ ကို ရွေးလိုက်တဲ့ အာဂျင်တိုင်းသား တို့နဲ့ . . . ယနေ့ အတွက် နောက်ဆုံးရ အားကစား သတင်းများ

တချိန်တုန်းက ကမ္ဘာ့အကောင်းဆုံး ကစားသမား တယောက် ဖြစ်လာမယ်လို့ ညွှန်းဆို ခံခဲ့ရပြီး ရီးရဲမက်ဒရစ် လို အသင်းမျိုးမှာ ကစားခဲ့ဖူးတဲ့ ကိုလံဘီယာ ဘောလုံး စတား ဟာမက် ရိုဒရီဂွက် ကတော့ ကာတာ ကလပ် အယ်လ် ရေယန် အသင်းမှာ ၁ နှစ်သာ ကစား အပြီးမှာ အသင်း ပြန်ပြောင်းရွှေ့ တော့မယ်လို့ သိရ ပါတယ် ။

အယ်ရေယန် ဟာ တောင်အမေရိက ကလပ် ဘိုတာဖိုဂို ထံ ရိုဒရီဂွက် ကို ရောင်းဖို့ ပြင်ဆင်ခဲ့ ပေမယ့် ဥရောပ မှာ ကစားလိုတဲ့ ကာယကံရှင် က ငြင်းပယ် ခဲ့တယ်လို့ သိရပါတယ် ။

တော့တင်ဟမ် ဟော့စပါး နဲ့ အဲဗာတန် တို့ဟာ ရစ်ချလီဆင် နဲ့ ဟယ်ရီဝင့် တို့ရဲ့ အပြောင်းအရွှေ့ ကိစ္စတွေ အတွက် ဆေွး‌ေနွး‌ေနကြတယ်လို့ သိရပါတယ် ။

ချဲလ်ဆီး တောင်ပံ ကစားသမား ဟာကင် ဇီယက်ချ် ရဲ့ အေးဂျင့် ဟာလည်း အေစီမီလန် အသင်းနဲ့ တွေ့ဆုံ စကားပြောဆို နေပြီလို့ ကြားသိရ ပါတယ် ။

ပရီးမီးယားလိဂ် ကို တန်းပြန်တက် လာတဲ့ ဘုန်းမောက် အသင်းဟာ ကွင်းလယ်လူ ဂျိုး ရော့သ်ဝဲလ် ကို အလွတ် နဲ့ ခေါ်ယူကာ ၄ နှစ် စာချုပ်ချုပ်ဆို သွားခဲ့တယ်လို့ သိရပါတယ် ။

လီဗာပူး ဟာ လုပ်ခ လစာ တိုးမြှင့်တောင်းဆို နေတဲ့ မိုဟာမက် ဆာလာ နဲ့ ညှိနှိုင်းမှု အဆင်မပြေပါက အခု နွေရာသီ မှာတင် ရောင်းထုတ် သွားဖို့ စိတ်ကူး လာနိုင်တယ်လို့ သုံးသပ်ချက် ထွက်ပေါ် လာခဲ့ ပါတယ် ။

ဆာလာ ဟာ တပတ် ပေါင် ၁၆၀၀၀၀၀ ရရှိ နေတဲ့ ဗာဂျယ် ဗန်ဒိုက် ထက် ပိုတဲ့ လုပ်ခ ကို တောင်းဆို နေတာဖြစ်ပြီး အသင်းနဲ့ စာချုပ် သက်တမ်း မကျန်တော့တာကြောင့် ထုတ်ရောင်းဖြစ်ပါကလည်း ပေါင် သန်း ၆၀ ဝန်းကျင်သာ ရရှိ နိုင်မယ်လို့ သိရပါတယ် ။

အာဆင်နယ် ဒါရိုက်တာ အီဒူး ဟာ ဒီအပတ်ထဲမှာ ဂါဘရီရယ် ဂျေဆု ရဲ့ အပြောင်းအရွှေ့ အတွက် အဆုံးသတ် နိုင်ဖို့ လုပ်ဆောင် နေပြီး လိဒ်ယူနိုက်တက် တောင်ပံ ကစားမား ရာဖင်ညာ ဘက်ကိုလည်း ပိုမို အားစိုက် လုပ်ဆောင် နေပြီလို့ သတင်း ကြားသိရ ပါတယ် ။

စီးရီးအေ ကလပ် နာပိုလီ ဟာ ဖီနာဘာချီ ခံစစ်မှူး ကင်မင်ဂျေး ကို ပြန်လည် စိတ်ဝင်စား လာခဲ့တယ်လို့ သိရပါတယ် ။

အီတလီ စီးရီးအေ ကနေ ထွက်ခွာပြီး မေဂျာလိဂ် ကလပ် တိုရွန်တို အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ် နေတဲ့ ဝါရင့် ခံစစ်မှူး ဒိုမီနီကို ခရစ်စီတို ဟာ သူ့ရဲ့ အပြောင်းအရွှေ့ အကြောင်းတွေကို ရေးသားခဲ့တဲ့ အီတလီ ဂျာနယ်လစ် အယ်လ်ဖရက်ဒို ပက်ဒူလာ နဲ့ တွစ်တာ ပေါ်မှာ စကားများ ရန်ဖြစ် ခဲ့ကြတယ်လို့ ကြားသိရ ပါတယ် ။

အီတလီ အားကစား သတင်းစာ La Gazzetta dello Sport ရဲ့ အဆိုအရ အင်တာမီလန် ဟာ ပေါ်လို ဒိုင်ဘားလား ကို ခေါ်ယူဖို့ အစီအစဉ် ရေးဆွဲ ထားပြီး ဖြစ်ပေမယ့် ကစားသမား အပေါ် တိကျ သေချာတဲ့ အာမခံချက် အချို့ ပေးအပ်ဖို့ လိုအပ်နေ သလို အသင်းမှာ ရှိနေတဲံ ကစားသမား ၂ ယောက်လောက် ကိုလည်း ဦးစွာ ရောင်းထုတ်ဖို့ လိုအပ် နေသေးတယ်လို့ သိရပါတယ် ။

ဖီအိုရင်တီးနား ကတော့ ရီးရဲ မက်ဒရစ် တိုက်စစ်မှူး လူကာဂျိုဗစ် ကို အငှားနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ် နေပြီလို့ သိရ ပါတယ် ။

ရီးရဲ ဟာ အငှား ကုန်ဆုံးပါက မဖြစ်မနေ ဝယ်ယူခွင့်ကို ထည့်သွင်းလိုပေမယ့် ဖီအိုရင်တီးနား ကတော့ ကာလတို စီမံကိန်း အတွက်သာ ခေါ်ယူ လိုသေးတယ်လို့ သိရ ပါတယ် ။

PSG ကနေ ထွက်ခွာလာပြီး အသင်းလက်မဲ့ ဖြစ်နေတဲ့ အာဂျင်တီးနား ဝါရင့် ကစားသမားကြီး အန်ဟဲ ဒီမာရီယာ ဟာ ယူဗင်တပ် ရဲ့ ကမ်းလှမ်းမှု ကို ငြင်းပယ်ပြီး ဘာစီလိုနာ ကို သွားရောက် ကစားဖို့ စိတ်ကူး နေပြီလို့ သတင်း ထွက်လာခဲ့ ပါတယ် ။

ဒါပေမယ့် ဘဏ္ဍာရေး အခက်အခဲတွေ ရှိနေတဲ့ ဘာစီလိုနာ ဟာ ဒီမာရီယာ ကို ကမ်းလှမ်းမှု ပြုလုပ်ဖို့ အဆင်သင့် မဖြစ်နေသေးဘူးလို့လည်း ကြားသိရ ပါတယ် ။

ရီးရဲမက်ဒရစ် အသင်းဟာ လူငယ် တိုက်စစ်သမားလေး ရိုဒရိုင်ဂို ကို စာချုပ်သစ် ချုပ်ဆို သွားဖို့ စီစဉ် နေပြီး စာချုပ် ဖျက်သိမ်းကြေး ယူရို ၁ ဘီလီယံ အထိ ထည့်သွင်း သွားမယ်လို့ သိရပါတယ် ။

ရီးရဲမက်ဒရစ် တိုက်စစ်မှူး မာရီယာနို ဒီယာ့ဇ် ကတော့ အသင်းပြောင်းလိုကြောင်း အသိပေး ထားပြီး ဖီနာဘာချီ အသင်းကလည်း ဒီယာ့ဇ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ရီးရဲ ထံ ဆက်သွယ်ထားတယ်လို့ သိရှိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ ကတော့ လာမယ့် ဇူလိုင်လထဲမှာ ကစားဖို့ ရှိနေတဲ့ အဲရစ်တန်ဟတ် ရဲ့ ပထမဆုံး ပွဲဖြစ်လာမယ့် ခြေစမ်းပွဲမှာ အသင်းပိုင်ရှင် ဂလေဇာ မိသားစု ကို ဆန့်ကျင်ကြောင်း ဆန္ဒပြသွားဖို့ စီစဉ် နေတယ်လို့ ကြားသိရ ပါတယ် ။

ယူနိုက်တက် ကစားသမား အချို့ ဟာ ဒီကနေ့မှာ ကာရင်တန် လေ့ကျင့်ရေးကွင်း ကို ရောက်ရှိ လာကြပြီး ရာသီသစ် အတွက် စတင် လေ့ကျင့်နေပြီလို့ သိရ ပါတယ် ။

ဒါးဗစ် ဒဟဲယား ၊ လုခ်ရှော ၊ ဆန်ချို နဲ့ မားကပ် ရက်ဖိုဒ့် တို့ကတော့ လာမယ့် တနင်္လာနေ့မှာ လေ့ကျင့်ရေးကွင်း ကို ပြန်ရောက်လာကြဖွယ် ရှိနေပါတယ် ။

ယမန်နေ့ က ကျရောက် ခဲ့တဲ့ လီယွန်နယ် မက်ဆီ ရဲ့ ၃၅ နှစ် ပြည့် မွေးနေ့ ကို ဂုဏ်ပြုတဲ့ အနေနဲ့ အာဂျင်တီးနား နိုင်ငံ ရိုဆာရီယို မှာ ရှိတဲ့ ကျောင်းသား ကလေးငယ်ပေါင်း ၅ ထောင်ကျော် ဟာ Happy Birthday သီချင်းကို သီဆို ဂုဏ်ပြု ခဲ့ကြတယ်လို့ သိရပါတယ် ။

SPORTS MYANMAR