ဂန်းနားတို့ တိုင်လီမန်းစ် အပေါ် သွေးအေးနေတဲ့ သတင်းအပါအဝင် အခြားအာဆင်နယ် သတင်းတိုများ

၁။အာဆင်နယ် အသင်းဟာ လက်စတာ စီးတီး ကွင်းလယ်လူ တိုင်လီမန်းစ် ကို အပြိုင် ခေါ်ယူမယ့် ပြိုင်ဘက် အသင်း မရှိတာကြောင့် အဓိကပစ်မှတ်တွေကို ခေါ်ယူ ပြီးမှသာ ပြန်လည် ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ Express ရဲ့ သတင်းထောက် ရိုင်ယန်တေလာ က ဆိုပါတယ် ။ တိုင်လီမန်းစ် ဟာ လက်စတာ နဲ့ စာချုပ် သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့သူပါ ။

၂။ မန်ချက်စတာစီးတီး အသင်းဟာ အာဆင်နယ် အသင်း ရဲ့ ဘယ်နောက်ခံလူ တီယာနေး ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ကောလဟလ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

၃။ အာဆင်နယ် အသင်းဟာ ဒီကနေ့ ၂၁ ရက်နေ့မှာ ကျောနံပါတ် ၂၁ ဝတ်ဆင် ကစားမယ့် ကစားသမားသစ် ဖေဘီယို ဗီအဲရာ ရဲ့ အပြောင်းအရွှေ့ကို တရားဝင် ကြေညာ သွားဖွယ် ရှိပါတယ် ။ ဗီအဲရာ ဟာ အာဆင်နယ် နဲ့ အပြောင်းအရွှေ့ကိစ္စတွေ အပြီးသတ်ပြီးနောက် ဂရိမှာ အားလပ်ရက် အနားယူနေပြီ ဖြစ်ပါတယ် ။

၄။အာဆင်နယ် အသင်းဟာ လိဒ်ယူနိုက်တက် တောင်ပံ ကစားသမား ရာဖင်ဟာ ကို ပေါင် သန်း ၅၀ နဲ့ ကမ်းလှမ်းဖို့ စတင် ပြင်ဆင်နေပြီ ဖြစ်တယ်လို့ သတင်း အများအပြား ထွက်ပေါ် နေပါတယ် ။ အာဆင်နယ် အသင်းဟာ အသင်းက ထွက်ခွာဖွယ် ရှိနေတဲ့ ပေပေ နေရာ အစားထိုးဖို့ ရာဖင်ဟာ ကို ခေါ်ယူမှာဖြစ်ပြီး ဆာကာ နေရာ အစားထိုးဖို့ မဟုတ်ကြောင်း သိရပါတယ် ။

၅။ ဂျေးဇု ရဲ့ ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့ကစားသမား အပြောင်းအရွှေ့ကိစ္စ အပြီးသတ် လုပ်ဆောင်ဖို့ရာ လန်ဒန် ကို ရောက်ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ် ။ ဂျေးဇု ဟာ အာဆင်နယ် အသင်းကို ပြောင်း​ရွှေ့ဖို့ ခေါင်းငြိမ့်ထားပြီး ဖြစ်ပြီး ကလပ် နှစ်သင်းကြား ပြောင်းရွှေ့ကြေး ဆွေးနွေး ညှိနှိုင်းဖို့ ကျန်ရှိ နေပါသေးတယ် ။

၆။ အာဆင်နယ် အသင်းဟာ လူငယ် နောက်ခံလူ ရီကစ် ကို နယ်သာလန် ကလပ် ရိုတာဒန် အသင်းဆီ အငှား ချရာမှာ ပွဲအရေအတွက် ၇၅% ကနေ ၉၀% အထိ ကစားခွင့် ပေးရမယ်ဆိုတဲ့ သဘောတူညီမှု တစ်ခု ထည့်သွင်း ခဲ့ပါတယ် ။ သဘောတူညီထားတဲ့ အတိုင်းသာ ဖြစ်မလာရင် အာဆင်နယ် အသင်းဟာ ယူရို ၁ သန်း ရရှိမှာ ဖြစ်ပါတယ်။

 

၇။ အီတလီ ကလပ် အသင်းတွေဟာ အာဆင်နယ် အသင်းရဲ့ ကွင်းလယ်လူ ဂရန်းနစ် ရှာကာ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတယ်လို့ The Times က ရေးသား ဖော်ပြ လိုက်ပါတယ် ။

၈။ အာဆင်နယ် အသင်း နည်းပြ အာတေတာ နဲ့ နည်းစနစ် ဒါရိုက်တာ အီဒူး တို့ဟာ အသင်းရဲ့ အပြောင်းအရွှေ့ ကိစ္စ အဝဝကို ဇူလိုင် ၆ ရက်နေ့ မတိုင်ခင် အပြီးသတ် နိုင်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ် ။အာဆင်နယ် အသင်းဟာ ဇူလိုင် ၈ ရက်နေ့မှာ နုရင်ဘတ် အသင်းနဲ့ ခြေစမ်းပွဲ ကစားမှာ ဖြစ်ပါတယ် ။

SM