ဂန္တဝင် ကျောနံပါတ် ၁၄ ကို ရယူခြင်းကြောင့် ဖိအားတွေ ရှိနေတဲ့ အပေါ် တုန့်ပြန် ပြောကြားလိုက်တဲ့ အန်ကီတီးယား

 

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာလူငယ် တိုက်စစ်မှူး အန်ကီတီးယား ကို ကာလရှည် စာချုပ် ချုပ်ဆို ခဲ့ပြီး ဂန္တဝင် ကျောနံပါတ် ၁၄ ကိုပါ ပေးအပ် ခဲ့ပါတယ် ။

အန်ကီတီးယား ကတော့ သူဟာ ကျောနံပါတ် ၁၄ နဲ့ ထိုက်တန်သူ ဖြစ်ကြောင်း သက်သေပြသဖို့ စိတ်ပိုင်း ဖြတ်ထားပါတယ် ။ ကျောနံပါတ် ၁၄ ဟာ အာဆင်နယ် အသင်း ရဲ့ ဂန္တဝင် တိုက်စစ်မှူး သီယာရီ အွန်နရီ ဝတ်ဆင် ခဲ့တဲ့ နံပါတ်လည်း ဖြစ်ပါတယ် ။

 

အန်ကီတီးယား ဟာ ပြီးခဲ့တဲ့ ရာသီကုန်ခါနီးမှာ ပွဲထွက် ကစားခွင့် ဆက်တိုက် ရရှိခဲ့ပြီး ခြေစွမ်းပြ ဂိုးတွေ သွင်းနိုင်ခဲ့တာကြောင့် အာဆင်နယ် အသင်းဟာ စာချုပ် သက်တမ်း တိုးမြှင့်ပြီး ဂန္တဝင် ကျောနံပါတ် ၁၄ ကို ပေးအပ်လိုက်တာပါ ။

အန်ကီတီးယား ကျောနံပါတ် ၁၄ ရရှိ သွားချိန်မှာ ဝေဖန်မှုတွေ ခံခဲ့ရပါတယ် ။ အာဆင်နယ် အသင်း ဂန္တဝင် တိုက်စစ်မှူး အီယန်ရိုက် နဲ့ အသင်းဖော် ဂါဘရီယဲလ် တို့ကတော့ အန်ကီတီးယား ဘက်က ကာကွယ် ပြောကြား ပေးခဲ့ကြပါတယ် ။

 

အန်ကီတီးယား က The Telegraph နဲ့ အင်တာဗျုးမှာ ကျောနံပါတ် ၁၄ ဝတ်ဆင်ခွင့် ရရှိတဲ့ အပေါ် ” ဒီနံပါတ် က ဘယ်လောက် အထိ အရေးပါသလဲ ဆိုတာ ကျွန်တော် သိပါတယ် ၊ ကျွန်တော့်အတွက်လည်း အဓိပ္ပာယ် အများကြီး ရှိတဲ့ နံပါတ် တစ်ခုပါ ။ ”

 

” ကျွန်တော် အာဆင်နယ် အသင်းကို အသက် ၁၄ နှစ်မှာ ပြောင်းရွှေ့ လာခဲ့တယ် ၊ လိဒ်မှာတုန်းကလည်း နံပါတ် ၁၄ ကို ဝတ်ဆင် ခဲ့တာပါ ၊ တစ်နေ့တစ်ချိန် အာဆင်နယ် အသင်းမှာ ​ကျောနံပါတ် ၁၄ ကို ဝတ်မယ်လို့တောင် အိပ်မက် မက်ခဲ့ဖူးပါတယ် ။ ”

” ကျောနံပါတ် ၁၄ ကို ဝတ်ဆင်ဖို့ အခွင့်အရေး ရလာတဲ့ အခါမှာ ကျွန်တော့်ဘက် က no လို့ ပြန်ပြောဖို့ ခက်ခဲပါတယ် ။ ကျောနံပါတ် ၁၄ က အသင်းအတွက် ပရိသတ်တွေ အတွက် ဘယ်လောက် အထိ တန်ဖိုး ရှိသလဲ ဆိုတာ ကျွန်တော် သိပါတယ် ။ ခံစားချက် တကယ် ကောင်းပါတယ် ၊ ဂန္တဝင် နံပါတ် ဝတ်ဆင် ကစားရတော့မှာဆိုတော့လေ ။ ”

 

” ဒီနံပါတ် က ဘယ်လောက် အထိ ထူးရှယ်ဖြစ်သလဲ ဆိုတာ ကျွန်တော်တို့ အားလုံး သိထားပြီး ဖြစ်မှာပါ ၊သီယာရီ က ခြေအိတ်ရှည် လက်အိတ်တွေနဲ့ ဒီကျောနံပါတ် ကို ဝတ်ဆင် ကစားပြီး ခပ်မိုက်မိုက်တွေ လုပ်ပြ ခဲ့တာပါ ၊ ကျွန်တော်တို့လည်း သူကစားတာတွေကို ကြည့်ပီး ကြီးပြင်း လာခဲ့ရတာပါ ။ ”

” ဒါပေမယ့် ကျွန်တော် ကတော့ ကျွန်တော့်ရဲ့ကိုယ်ပိုင် ပုံစံ နဲ့ပဲ အကောင်းဆုံး ကြိုးစားသွားမှာပါ။ဒီဂျာစီ နဲ့ အတူ ကိုယ်ပိုင် မှတ်တိုင်တွေ အမှတ်တရတွေ စိုက်ထူ နိုင်အောင် အာရုံ စိုက်သွားပါမယ် ၊ ကျွန်တော့်ရဲ့ ကိုယ်ပိုင် အမှတ်အသားတစ်ခု ထင်ကျန်ရစ် နိုင်အောင် လုပ်ဆောင် သွားပါမယ် ။ ”

” ကျောနံပါတ် ၃၀ ပဲ ဝတ်ဝတ် နံပါတ် ၁၄ ပဲ ဝတ်ဝတ် ဖိအားတွေကတော့ ရှိမှာပါပဲ ၊ ဘာကြောင့် ဒီလို ဖြစ်ရတာလဲ ဆိုရင် အာဆင်နယ် လို အသင်းကြီး တစ်သင်းမှာ ကစားနေတာကြောင့် မို့လို့ပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

 

SM