ချဲလ်ဆီး အာဆင်နယ် စပါး တို့ရဲ့ ပစ်မှတ်ကို ခေါ်ယူရန် လီဗာပူးကို တိုက်တွန်းလိုက်တဲ့ စတန်ကော်လီမိုး

 

လီဗာပူး ကစားသမားဟောင်း ဖြစ်သူ စတန်ကော်လီမိုးက ရာဖင်ညာ အနေနဲ့ ချဲလ်ဆီး အာဆင်နယ် စပါး နဲ့ ဘာစီလိုနာ တို့ရဲ့ စိတ်၀င်စားမှုကို ပယ်ချကာ သူ့ရဲ့ အသင်းဟောင်းကို ရွေးချယ်သွားနိုင်တဲ့ အရမ်းကို ကောင်းတဲ့ အကြောင်းပြချက် ရှိနေတယ်လို့ ဆိုလိုက်ပါတယ်။

the Blues တို့ဟာ ရာဖင်ညာကို ခေါ်ယူဖို့ စိတ်၀င်စားနေတဲ့ ပရီးမီးယားလိဂ် ကလပ် ၃ သင်းထဲက တစ်သင်း ဖြစ်ပြီး အာဆင်နယ်ဟာ လိဒ်စတား အတွက် ကနဦး ကမ်းလှမ်းမှုကို လုပ်ခဲ့တဲ့ အပြင် တော့တင်ဟမ် ကလည်း ဘရာဇီးသားကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။

စပိန် အင်အားကြီး ကလပ် ဘာကာဟာ ကစားသမား ရောင်းချမှုတွေ ကနေ ငွေကြေး ရှာဖွေနိုင်ခဲ့မယ် ဆိုရင် ပေါင်သန်း ၆၀ တန် ရာဖင်ညာကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

ဒါပေမယ့်လည်း စတန်ကော်လီမိုးက ရာဖင်ညာဟာ မိုဆာလားရဲ့ နေရာ အတွက် အစားထိုးဖို့ အပြင် လီဗာပူးရဲ့ တိုက်စစ်ကိုပါ ပိုမို ပြီးပြည့်စုံ သွားစေမယ့် အရမ်းကောင်းတဲ့ ကစားသမား ခေါ်ယူမှု ဖြစ်လာလိမ့်မယ်လို့ ထောက်ခံ သွားခဲ့ပါတယ်။

အီဂျစ်စတားဟာ လီဗာပူးနဲ့ စာချုပ်တစ်နှစ်သာ ကျန်တော့ကာ လာမည့်နှစ် နွေရာသီမှာ ကလပ်ကနေ အလွတ် ပြောင်းရွေ့ကြေးနဲ့ ထွက်ခွာသွားဖို့ ရှိနေပါတယ်။

ကော်လီမိုးက “လီဗာပူးကို ပေးချင်တဲ့ ကျွန်တော့်ရဲ့ မက်ဆေ့ခ်ျ ကတော့ ရာဖင်ညာကို ရအောင် ခေါ်ယူဖို့ပဲ ဖြစ်ပါတယ်။ သူဟာ လာမည့် တစ်နှစ်မှာ ကလပ် ကနေ ထွက်ခွာသွားဖို့ များနေတဲ့ မိုဆာလားရဲ့ နေရာ အတွက် အနာဂတ် အစားထိုးမှုလည်း ဖြစ်လာမှာပါ။

အကယ်၍ ယာဂန်ကလော့ ဘက်က ဒီကောင်လေးကို ပိုမို စည်းစနစ်ကျတဲ့ နည်းစနစ်ပိုင်းနဲ့ ဘယ်လို ကစားသွားရမလဲ ဆိုတာ ပြသနိုင်ခဲ့မယ် ဆိုရင် လီဗာပူးဟာ ဘယ်ခြမ်း တိုက်စစ်ကနေ ဂိုးတွေ အများကြီး သွင်းယူဖို့ အာမခံပေးနိုင်တဲ့ အရမ်းကောင်းတဲ့ ကစားသမားကို ရလိုက်မှာ ဖြစ်ပါတယ်။

ကျွန်တော် ချဲလ်ဆီးကို ကြည့်လိုက်တဲ့ အခါမှာ သူတို့ဆီမှာ ရာဖင်ညာလို ကစားသမားမျိုးတွေ ရှိနေပါတယ်။ သူတို့ရဲ့ ဘယ်ညာ တောင်ပံတွေမှာ ကစားသမားကောင်းတွေ ရှိနေပါတယ်။

လူတွေကတော့ အကယ်၍ နည်းပြဘက်ကနေ သူ့ရဲ့ အရည်အသွေးနဲ့ skill တွေကို သွေးပေးနိုင်ခဲ့မယ် ဆိုရင် သူဟာ အီဒင်ဟာဇက် လိုမျိုး အံံ့ဖွယ် ကစားသမား ဖြစ်လာလိမ့်မယ်လို့ ပြောနေကြပါတယ်။ ဒါပေမယ့် သူ ချဲလ်ဆီးကို ပြောင်းရွေ့ခဲ့မယ် ဆိုရင် အဲဒီမှာ အလိုအလျောက် နေရာရသွားမှာ မဟုတ်ပါဘူး။

သူ့အနေနဲ့ အာဆင်နယ်မှာ ဆိုရင်လည်း လိဒ်ယူနိုက်တက် မှာလိုမျိုး ပုံစံမျိုးနဲ့ ဆက်ကစား နိုင်ပါတယ်။ လိဒ်မှာ သူဟာ နည်းစနစ်ပိုင်း awareness မှာ လိုအပ်ချက်တွေ ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။

အဲဒီမှာ သူဟာ စိတ်လွတ်ကိုယ်လွတ် ကစားခွင့် ရနေတာပါ။ ဒါပေမယ့် ခင်ဗျားတို့ ဆာဒီယိုမာနေး နဲ့ ဆာလား တို့ကို ကလော့ ဘယ်လို လုပ်ပေးခဲ့သလဲ ဆိုတာ ကြည့်လိုက်ပါ။ သူဟာ ရာဖင်ညာ ကိုလည်း ဒီလိုမျိုး လုပ်ပေးနိုင်စွမ်း ရှိပါတယ်။

မာနေး နဲ့ ဆာလား တို့ လီဗာပူးကို ရောက်လာခဲ့တဲ့ အချိန်မှာ tactical awarenss က ပြည့်စုံမှု မရှိပါဘူး။ ဆာလားဟာ လျှင်မြန်တဲ့ ပြေးအားတွေနဲ့ အတူ ရိုးမားမှာ ဂိုးတွေ သွင်းယူခဲ့တာ အမှန်ပါပဲ။ ဒါပေမယ့် သူဟာ ပရီးမီးယားလိဂ်မှာ ပိုမို ကောင်းမွန်တဲ့ goalscorer ဖြစ်လာဖို့အတွက် သွေးပေးဖို့ လိုအပ်နေဆဲ ဖြစ်ခဲ့ပါတယ်။

ဆာလားဟာ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲ ရောက်လာခဲ့တဲ့ အပြင် သူ ဆက်ရှိမလား ဆိုတာလည်း မသေချာပါဘူး။ တောင်ပံတိုက်စစ် ကစားသမားတွေ အပေါ် ကလော့ရဲ့ လုပ်ပေးခဲ့မှုဟာ ရာဖင်ညာ အတွက် ဆွဲဆောင်မှု ရှိနေနိုင်ပါတယ်။

ပြီးတော့ လီဗာပူးဟာ ဒီနွေရာသီမှာ ဒါ၀င်နူးနက် ၊ ကာဗယ်ဟို တို့ကို ခေါ်ယူကာ ကောင်းမွန်တဲ့ အပြောင်းအရွေ့တွေ လုပ်ထားခဲ့ပါတယ်။ သူတို့ဟာ ရာဖင်ညာကို ခေါ်နိုင်ခဲ့မယ်ဆိုရင် တစ်နှစ်လောက် ဆာလားဆီက လေ့လာသင်ယူနိုင်မယ့် အပြင် မိုကို စာချုပ်သစ်ကိစ္စနဲ့ ပက်သက်ပြီး အနည်းငယ် ဖိအားပေးနိုင်မှာလဲ ဖြစ်ပါတယ်။ ရာဖင်ညာနဲ့ ဆာလားကို ယှဉ်နေတာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဘယ်သူမှ ဆာလားနဲ့ နှိုင်းယှဉ်လို့ မရနိုင်လို့ပါ။

ဒါပေမယ့် ရာဖင်ညာမှာ လျှင်မြန်တဲ့ ပြေးအား amazing skills နဲ့ မြင့်မားတဲ့ စွမ်းရည်တွေ ရှိနေပါတယ်။ သူ့ကို သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေ ပိုမို လုပ်နိုင်အောင် polish လုပ်ပေးလို့ ရပါတယ်။

ကလော့သာ ဒီလို လုပ်ပေးနိုင်ခဲ့မယ်ဆိုရင် လီဗာပူးဟာ လာမည့်နှစ် ဒီအချိန်မှာ front three အသစ်ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ လူတွေ သတိမထားမိလိုက်တဲ့ အချိန်မှာပဲ front three တစ်ခုလုံးကို အပြောင်းအလဲ မရှိ အစားထိုးနိုင်တာဟာ amazing ဖြစ်လာမှာ ဖြစ်ပါတယ်။” လို့ သုံးသပ်သွားပါတယ်။

SM