UCL ဖလား နဲ့ PL ဖလား မှာ ဘယ်ဖလား က ပိုပြီး အရေးပါလဲ ဆိုတာ အကြီးအကျယ် ငြင်းခုန်ခဲ့ကြတဲ့ မီကာ ရစ်ချတ် နဲ့ ကာရေဂါ

Host: ချန်ပီယံလိဂ် ဖလား နဲ့ ပရီးမီးယားလိဂ် ဖလား ဘယ်ဖလား နှစ်ခုမှာ ဘယ်ဖလားကို ပိုလိုချင်လဲ?

Carra: ချန်ပီယံလိဂ် ပေါ့….ဒီအကြောင်းကို လွန်ခဲ့တဲ့ တစ်လလောက် ကတည်းက ကြိုပြောခဲ့ပြီး ပါပြီ။

 

Micah: ခင်ဗျား ဟာ လောလောဆယ်မှာ ပရီးမီးယားလိဂ် ကိုယ်စားပြုထားတဲ့ ရုပ်သံ ထုတ်လွှင့်တဲ့ TV လုပ်ငန်းမှာ လုပ်ကိုင်နေတာ သတိထားမိလားဗျ။

Carra: ကျနော် ပြောပြမယ်…ဒီအကြောင်းအရာ နဲ့ ပတ်သက်ပြီး လူတွေမှာ အမြင်အမျိုးမျိုး ရှိကြလိမ့်မယ်။ ကျနော် ပြောချင်တာ က ဘောလုံးသမား တစ်ယောက် အတွက် ချန်ပီယံလိဂ် ဖလားဆိုတာ အမြင့်ဆုံး အောင်မြင်မှု အဖြစ် ရယူနိုင်တဲ့ ဖလားမျိုးပဲ။

Micah: နိုး…….ဒါတော့ လက်မခံနိုင်ပါဘူး။ ပြိုင်ပွဲ ရဲ့ အရည်သွေးက ကောင်းလွန်းတာ မှန်ပါတယ်။ တကယ်လို့ ခင်ဗျား က ချန်ပီယံလိဂ် ဖလား မရဖူးပဲ ၊ ပရီးမီးယားလိဂ် ဖလားသာ ရမယ် ဆိုရင် အဲဒီ စကားမျိုး ပြောထွက်မလား။

Carra: ဥရောပမှာ အမှတ်ပေးဖလား ပြိုင်ပွဲပေါင်း ဘယ်နှစ်ခု ရှိလဲ။ 30..40 ပေါ့ဗျာ ၊ အဲဒီထဲမှာ အကောင်းဆုံး လိဂ် 5 ခု ရှိပါတယ်။ အဲဒီတော့ နှစ်စဉ် နှစ်တိုင်း အသင်း 5 သင်းဟာ အမှတ်ပေးဖလား တစ်လုံးစီတော့ ဆွတ်ခူးနေမှာပါ။ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးတဲ့ အသင်းဆိုတာ တစ်သင်းပဲ ထွက်ပေါ်လေ့ ရှိတာလေ။

Micah: တစ်ရာသီလုံး 38 ပွဲ ဆက်တိုက် တည်တည်ငြိမ်ငြိမ် ကစားပြဖို့ ဆိုတာ လွယ်တာ မဟုတ်ဘူးနော်။ အဲဒီထဲမှာ လီဗာပူး လို ပြိုင်ဘက်တွေလဲ ပါနေတာပဲ။

Carra: ဒါဆို လူတိုင်းက မန်စီးတီး ဟာ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးဖို့တော့ လိုသေးတယ် ဆိုပြီး တစ်ချိန်လုံး ဘာ‌ လို့ပြောနေကြတာလဲ။ အခုချိန်ထိ မန်စီးတီး ဆိုရင် Giant Club တစ်ခု အဖြစ် ဘယ်သူကမှ ရှုမြင်ပေးခြင်း မရှိသေးပါဘူး။

Micah: ဥရောပမှာတော့ ဒီထက် ပိုကောင်းအောင် စွမ်းဆောင်ပြဖို့ လိုသေးတာ မှန်ပါတယ်။

Host: 5 နှစ်တာ ဖြတ်သန်းခဲ့တဲ့ ကာလမှာ ပရီးမီးယားလိဂ် ဖလား 4 လုံး အထိ ဆွတ်ခူး ထားတာနော်။

Carra: မန်စီးတီး ပိုင်ရှင်တွေ နဲ့ ပက် ဂွာဒီယိုလာ ရဲ့ အမြင်မှာတော့ သူတို့ အသင်းကို Super Club အဖြစ် မှတ်ယူထားတာပါ။ ဘာပဲဖြစ်ဖြစ် အဲဒီ ဂုဏ်ပုဒ် အတွက် ချန်ပီယံလိဂ် ဖလား အောင်မြင်မှုတော့ ရှိနေရမှာပါပဲ။

ဒါဆိုရင် လက်ရှိ ရာသီဖြတ်သန်းမှု အနေအထားမှာ ဘယ်အသင်းပုံစံမျိုး ပိုဖြစ်ချင်လဲ။

Micah: လီဗာပူး ကတော့ အခုချိန်ထိ ဖလား 4 လုံး လမ်းကြောင်းပေါ်မှာလို့ ပြောလို့ ရနေတုန်းပါ။ ကျနော် ကိုယ်တိုင် လီဗာပူး ဟာ သိပ်ကို ကောင်းလွန်းတဲ့ အသင်းမျိုး အမြဲတမ်း ပြောခဲ့ပါတယ်။

Carra: ဒီနေရာမှာ ကျနော့် အမြင် နဲ့ လီဗာပူး ပရိသတ် အများစု အမြင်နဲ့ နည်းနည်းလေး ကွဲပြားပါတယ်။ အများစုက ပရီးမီးယားလိဂ် ဖလား ကို ပိုပြီး လိုချင်ကြတာပါ။ ဘာလို့လဲ ဆိုတော့ ဥရောပမှာ အောင်မြင်မှုတွေ တော်တော်များများ ရယူပြထားပြီးပြီလေ။

ကျနော့် အမြင်ကြတော့ ဘောလုံး သမား တစ်ယောက် ကိုင်မြှောက်ပြတဲ့ ဖလားတွေ ထဲမှာ ချန်ပီယံလိဂ် ဖလားကြီး က အခမ်းနားဆုံး ဖြစ်လို့ အဲဒီ ဖလားကိုပဲ ပိုပြီး တန်ဖိုးထားပါတယ်။

Micah: မန်စီးတီး ဖန်တွေ ကတော့ ပရီးမီးယားလိဂ် ကိုပဲ ပိုလိုချင်တယ်လို့ ပြောမှာပါ။ ဖန် တစ်ယောက်ချင်းစီတိုင်းက ပရီးမီးယားလိဂ် ဖလားကို ပိုပြီး တန်ဖိုးထားပါတယ်။

SM