ဥရောပ ချန်ပီယံ ရီးရဲမက်ဒရစ် ၊ စပါး ကို ရောက်တော့မယ့် ခရိုအေးရှားသား ၊ အာဆင်နယ် ရဲ့ ခံစစ်ပစ်မှတ်သစ်တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးရဲ မက်ဒရစ် ဟာ လီဗာပူး အသင်းကို ၁-၀ နဲ့ အနိုင် ကစားပြီး ဗိုလ်စွဲ သွားခဲ့ ပါတယ် ။

ဒါဟာ ရီးရဲ မက်ဒရစ် အတွက် ချန်ပီယံလိဂ် ကို ၁၄ ကြိမ်မြောက် ဗိုလ်စွဲ နိုင်ခဲ့တာ ဖြစ်ပြီး ဒုတိယ အများဆုံး အသင်း ထက် ဖလား ၂ ဆ အသာရရှိ သွားခဲ့ပြီ ဖြစ်ပါတယ် ။

ရီးရဲ အတွက် တလုံးတည်းသော ဂိုးကိုတော့ တိုက်စစ်မှူးလေး ဗီနီဆီယပ် ဂျူနီယာ က သွင်းယူ ပေးသွားခဲ့တာပါ ။

ပြင်သစ် နိုင်ငံ ပဲရစ် မြို့မှာ ကျင်းပ ခဲ့တဲ့ ဒီဗိုလ်လုပွဲ ဟာ ပရိသတ်တွေ ကွင်းထဲ ဝင်ရောက်ဖို့ ခက်ခဲ ကြန့်ကြာမှုတွေ နဲ့ ပွဲချိန် ကို နာရီဝက်ကျော် နောက်ဆုတ် ခဲ့ရပြီး လုံခြုံရေးတွေဟာ မျက်ရည်ယိုနိုင်တဲ့ ဂက်စ်တွေ ကိုပါ အသုံးပြုပြီး ထိန်းချုပ်ဖို့ ကြိုးစား ခဲ့ကြရပါတယ် ။

ရီးရဲ နည်းပြကြီး အန်ဆယ်လော့တီ ကတော့ ချန်ပီယံလိဂ် ဖလား ကို ၄ ကြိမ် နဲ့ သမိုင်းတလျောက် အများဆုံး ရယူနိုင်တဲ့ နည်းပြ အဖြစ်လာခဲ့ပါပြီ ။

အပြောင်းအရွှေ့ သတင်းတွေ မှာတော့ စပါး ဟာ အင်တာမီလန် ကနေ စာချုပ်ပြည့်လို့ ထွက်ခွာ လာတော့မယ့် ခရိုအေးရှား တောင်ပံ ကစားသမား အိုင်ဗန် ပါရီဆစ် ကို အရ ခေါ်ယူ နိုင်ဖို့ နီးစပ် နေပြီလို့ သတင်း ထွက်လာခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ ခံစစ်ကို လုံး၀ မြေလှန် ပြုပြင်ဖို့ ရှိနေပြီး ချဲလ်ဆီး ရဲ့ ခရစ်ရှန်ဆန် ၊ အလွန်ဆို နဲ့ အက်ဇ်ပီလီ ကွီတာ တို့ကို ခေါ်ယူနိုင်ဖို့ ရှိနေသည့်တိုင်အောင် နာပိုလီ ရဲ့ ကူလီဘာလေ ကိုလည်း စောင့်ကြည့် စုံစမ်း နေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

အာဆင်နယ် အသင်းကတော့ အင်တာမီလန် ကစားသမား ဖက်ဒရီကို ဒီမာကို ကို စိတဝင်စား နေပြီး ကီရင် တိုင်ယာနီ မကြာခဏ ဒဏ်ရာ ရနေမှု ကို ဖာထေး နိုင်ဖို့ အတွက် ရည်မှန်းပြီး ခေါ်ယူ လိုတာ ဖြစ်တယ်လို့ သိရှိရ ပါတယ် ။

ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ဟာ ရာသီသစ် မစတင်ခင်မှာ မနှစ်က ပဲလေ့စ် ကို အငှားထွက် ကစားပြီး ပုံစံကောင်း ပြသခဲ့တဲ့ ကော်နာ ဂယ်လာဟာ ရဲ့ အနာဂါတ် နဲ့ ပတ်သက်ပြီး ကစားသမားနဲ့ တိုက်ရိုက် ဆွေးနွေးမှု ပြုလုပ် သွားလိုတယ်လို့ သိရပါတယ် ။

တူချယ် ဟာ ဂယ်လာဟာ ကို အသင်းမှာ ဆက်ထားဖို့ ဆန္ဒ ရှိနေပေမယ့် ပွဲထွက်ခွင့် ကိုတော့ အာမခံချက် ပေးနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ် ။

စပါး ဟာ အာဂျင်တီးနား ကစားသမား လိုကယ်ဆို ကို ရောင်းထုတ်ဖို့ စိတ်ကူး ထားပြီး ယူရို သန်း ၂၀ ဝန်းကျင် နဲ့ ကမ်းလှမ်းလာမှုတွေကို တံခါးဖွင့်ပေး သွားမယ်လို့လည်း သိရှိရ ပါတယ် ။

အာဆင်နယ် ဟာ တိုက်စစ်မှူးလေး အန်ကီတီယာ ကို ၂၀၂၇ အထိ စာချုပ် သက်တမ်း တိုးနိုင်တော့မယ်လို့လည်း သတင်း ကြားသိရ ပါတယ် ။

ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှာ ဖြစ်ပြီး ၈ လ လောက် နားရနိုင်ချေ ရှိနေတဲ့ တိုက်စစ်မှူးကြီး ဇလာတန် အီဘရာဟီမိုဗစ်ချ် ကတော့ သူဟာ ဘောလုံးဆက် ကစားဖို့ ဆန္ဒ ရှိနေ ပါသေးတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

နာမည်ကျော် UFC စတား ကော်နာ မက်ဂရီဂေါ် ကတော့ သူဟာ လက်ဝှေ့ ကြိုးဝိုင်း ထဲကို နောက်တကြိမ် ပြန်ဝင်ဖို့ စိတ်ကူးထားပြီး ဖြစ်ကြောင်း ထုတ်ဖော် ပြောပြ သွားခဲ့ပါတယ် ။

 

SPORTS MYANMAR