အမေ့လျော့ခံ ကစားသမား ဖြစ်နေသူ တစ်ဦးဟာ ဘာကို လိုအပ်နေသလဲဆိုတာ တန်ဟတ်ကို ပြောပြလိုက်တဲ့ ဂျပ်စတမ်း

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နောက်ခံလူဟောင််း ဖြစ်သူ ဂျပ်စတမ်း က အဲ့ဗာတန် အသင်းဆီကို အငှားရောက်ခဲ့တဲ့နောက် လူတွေရဲ့ အမေ့လျော့ခံ ကစားသမား တစ်ဦး ဖြစ်သွားခဲတဲ့ ကွင်းလယ်လူ ဗန်ဒီ ဘိခ်ဟာ ယုံကြည််မှုတွေ ရရှိဖို့ လိုအပ်နေတယ်လို့ ပြောခဲ့လိုက်ပါတယ် ။

ဒွန်နီ ဗန်ဒီ ဘိခ် ဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင််းဆီ ပြောင်းရွှေ့ခဲ့တဲ့နောက် ပွဲထွက်ခွင့် ရနိုင်ဖို့ ရုန်းကန််ခဲ့ရတဲ့ ကစားသမား တစ်ဦး ဖြစ်သွားခဲ့ ပါတယ် ။ ဒီလို ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းက သူ ကစားတဲ့ နေရာမှာ ဘရူနို ၊ ပေါ့ဂ်ဘာ တို့လို ကစားသမားတွေ ရှိနေခဲ့လို့ပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် သူကိုယ်တိုင် ကလည်း ပွဲထွက်ခွင့် ၊ လူစားဝင် ကစားခွင့်တွေ ရရှိတဲ့အခါမှာ ယုံကြည်မှုကင်းမဲ့ပုံ ပေါ်နေခဲ့ပြီး ပုံစံကောင်း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ အတွက် ပွဲထွက်ခွင့်တွေ ရနိုင်ဖို့ လမ်းစတွေလည်း နည်းပါးသွားခဲ့ရပါတယ် ။

ဒါ့ကြောင့်လည်း နွေမှာ နယ်သာလန် လက်ရွေးစင် အသင််းအတွက် ကိုယ်စားပြု ကစားပေးလိုတဲ့ ဒွန်နီ ဗန်ဒီ ဘိခ် ဟာ ပွဲထွက်ခွင့်တွေ ရရှိနိုင်ဖို့ အငှားထွက်လိုခဲ့ပြီး ဆောင်းရာသီိ စျေးကွက်ထဲမှာ အဲဗာတန် အသင်းဆီကို ထွက်ခွာသွားခဲ့တာပဲ ဖြစ်ပါတယ် ။

ဒွန်နီ ဗန်ဒီ ဘိခ် ဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင််းဆီ မလာမီ အေဂျက်ဇ် အသင်းမှာ အထူး တောက်ပနိုင်ခဲ့ပြီး ထွန်းတောက်လာမယ့် ကြယ်ပွင့် တစ်ပွင့် အဖြစ် သတ််မှတ်ခံခဲ့ရပါတယ် ။ အခုတော့ သူဟာ ယုံကြည်မှု ပေးခံရဖို့ လိုအပ်နေကြောင်း ဂျပ်စတမ်း က ပြောခဲ့လိုက်ပါတယ် ။

” သူဟာ ပါရမီကောင်းတဲ့ ကစားသမား တစ်ဦးပါ ။ ဒါကို အားလုံးလည်း ကောင်းကောင်း မြင်တွေ့ခဲ့ပြီးကြပါပြီ ။ လိုအပ်နေတဲ့ တစ်ခုတည်းသော အရာက ပါရမီကောင်းတဲ့ ကောင်လေး ယုံကြည်မှုတွေ ပြန်လည် ရရှိရေး ပါပဲ ။ ဒါဟာ လူတိုင်းမှာ ရှိနေသင့်တဲ့ အရာတစ်ခုပါ ”

” ကစားသမားတိုင်းဟာ ယုံကြည်မှု ရှိနေဖို့ တကယ်ပဲ လိုအပ််ကြပါတယ် ။ အဲ့တာမှ မဟုတ်ရင် စွမ်းဆောင်ရည် ပြနိုင်ဖို့ သူတို့တွေ ရုန်းကန်ကြရမှာ အသေအချာပဲလေ ။ ဒွန်နီ လည်း အခြားသူတွေလိုပါပဲ ။ သူလည်း ယုံကြည်မှုတွေ ရရှိဖို့ လိုအပ်လှပါတယ် ”

” နောက်တစ်ခုက ဒွန်နီကို ကွင်းထဲစေလွှတ်လိုက်ပြီး သူရဲ့ ကစားပုံ ok နေသလားကို စောင့်ကြည့်ဖို့ ပါပဲ ။ ဒါပေမဲ့ အရေးကြီးတဲ့ နောက်ထပ် အချက် တစ်ခုက သူ့အနားမှာ ရှိနေကြတဲ့ ကစားသမားတွေဟာ သူကစားရချောင်လည်အောင်လည်း ကူညီပေးရပါ့မယ် ” လို့ ဂျပ်စတမ်းက ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar