အနာဂတ် မတည်မငြိမ် ဖြစ်နေဆဲ ပေါ့ဂ်ဘာကို သတိပေးလိုက်တဲ့ ချက်ဒ်ဝစ် 

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်ကစား သမားဟောင်း တစ်ဦး ဖြစ်တဲ့ လုခ် ချက်ဒ်ဝစ် က အသင်းမှာ အနာဂတ် မတည်မငြိမ် ဖြစ်နေတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ဟာ မန်ချက်စတာမှ ထွက်ခွာရင် တူညီတဲ့ လစာပမာဏ တစ်ခု ရနိုင်ဖို့ ရုန်းကန်ရလိမ့်မယ်လို့ သတိိပေး သွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့လတုန်းက လီဗာပူး အသင်းကို 4 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ်မှာ ပေါ့ဂ်ဘာဟာ ဒဏ်ရာ ပြသနာ ကြုံတွေ့ခဲ့ပြီးနောက် အခုထိ အသင်းအတွက် ပြန်လည် ပါဝင် ကစားပေးနိုင်ခြင််း မရှိခဲ့သေးပါဘူး ။

 

အခြားတဖက်မှာတော့ သူဟာ ဒီနွေမှာ အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးသွားဖို့ ရှိနေပါတယ် ။ ဒါပေမဲ့ အခုထိ သူ့ရဲ့ အနာဂတ်က ဘယ်မှာ ရှိနေသလဲဆိုတာ သေချာစွာ မသိရသေးပါဘူး ။ ထွက်ပေါ်နေတဲ့ သတင်းတွေကတော့ သူဟာ သေချာပေါက် ယူနိုက်တက်မှ ထွက်ခွာလိမ့်မယ်လို့ ဖော်ပြနေခဲ့ကြပါတယ် ။

အခြားတဖက်မှာတော့ သူ့ကို ခေါ်ယူဖို့ အတွက် ဥရောပ ထိပ်သီး ကလပ် အချို့က စိတ်ဝင်စားနေခဲ့ကြပါတယ် ။ အဲ့ဒီထဲမှာတော့ စီးရီးအေ ထိပ်သီး ဂျူဗင်တပ် ၊ လီဂူးဝမ်း ချန်ပီယံ PSG နဲ့ လာလီဂါ ချန်ပီယံ ရီးယဲ မက်ဒရစ် အသင််းတို့က ရေပန်းအစားဆုံး ဖြစ်နေခဲ့ကြပါတယ် ။

 

ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ််လူဟောင်း ဖြစ်တဲ့ လုခ် ချက်ဒ်ဝစ် က ပေါ့ဂ်ဘာ အနေနဲ့ အခြား အသင်းကို ပြောင်းရွှေ့ချင်မယ်ဆိုရင်တော့ မန်ချက်စတာ ယူနိုက်တက် အသင်းမှာလို လစာပမာဏမျိုး ရရှိဖို့ ရုန်းကန်ရလိမ့်မယ်လို့ သတိပေးသွားခဲ့လိုက်ပါတယ် ။

” သူဟာ ကမ္ဘာ့ အဆင့် ကစားသမား တစ်ဦးပါ ။ ဒါပေမဲ့ သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝဟာ ကုန်ဆုံးတော့မယ်လို့ ခံစားနေရပါတယ် ။ အခုတော့ ပရိိသတ်တွေနဲ့ သူ့ရဲ့ အကြားက ဆက်ဆံရေးတွေဟာလည်း ပိုပိုပြီး တင်းမာလာခဲ့ပြီလို့ ထင်မိပါတယ် ”

” သူ ရှေ့ဆက်နိုင်စေဖို့ ကျွန်တော် မျှော်လင့်နေပါတယ် ။ ရာသီအကုန်မှာ သူ့ကို စိတ်ဝင်စားတဲ့အသင်းတွေ ရှိနေလိမ့်မယ်လို့ ကျွန်တော် တွေးမိပါတယ် ။ ဒါပေမဲ့ သူ့ရဲ့ စျေးကွက် အနေအထားကတော့ အနည်းနဲ့ အများ ကျဆင်းသွားလိမ့်မယ်လို့ ကျွန်တော် တွေးမိပါတယ် ”

 

” အဲ့တာက သူ အသင်းသစ်မှာ ဘယ်လို စာချုပ်မျိုးပဲ ရရှိိနေပါစေ၊ သူ့ရဲ့ လစာဝင်ငွေ ပမာဏကလည်း လျော့ကျသွားလိမ့်မယ်လို့ ကျွန်တော် ထင်မိပါတယ် ။ ဘယ်လိုပဲဖြစ််ပါစေ ၊ သူ ထွက်ခွာလိမ့်မယ်လို့ ထင်နေရပြီး ဒါကို လုပ်ဖို့ မှန်ကန်တဲ့ အချိန်တစ်ခုပဲလို့လည်း တွေးမိပါတယ် ”

 

” PSG ၊ ရီးယဲ မက်ဒရစ် တို့လို ထိပ်သီး ကလပ်တွေလည််း သူ့ကို စိတ်ဝင်စားနေကြလိမ့်မယ်လို့ တွေးမိပါတယ် ။ ပြီးရင် ယူနိုက်တက်တို့ မယူနိုင်ခဲ့တဲ့ သူ့ရဲ့ အကောင်းဆုံး အရည်အသွေးတွေကိုလည်း ထုတ်ယူနိုင်လိမ့်မယ်လို့ ထင််မိပါတယ် ” လို့ ချက်ဒ်ဝစ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

 

#Sports_Myanmar