” လူတိုင်းအတွက် ရယ်စရာ ဖြစ်နေခဲ့ပြီ ” မန်ချက်စတာ ယူနိုက်တက်နဲ့ ပတ်သက်လို့ တန်ဟတ်ကို သတိပေးလိုက်တဲ့ ဖာဒီနန် 

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟို နောက်ခံလူဟောင်း တစ်ဦးဖြစ်တဲ့ ရီယို ဖာဒီနန် က အဲရစ် တန်ဟတ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်လာပြီး ပြသနာတွေကို အလျင်အမြန် ဖြေရှင်းပေးသွားနိုင်မှာ မဟုတ်ကြောင်း သတိ​ပေးသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့ တုန်းက ဘရိုက်တန်အသင်းကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့နောက် ဒီရာသီရဲ့ 11 ကြိမ်မြောက် ရှုံးပွဲကို ပိုင်ဆိုင်သွားခဲ့ရပါတယ် ။ အခုတော့ ယူနိုက်တက်တို့ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်လည်း ကုန်ဆုံးသွားခဲ့ရပါပြီ ။

 

ယူနိုက်တက်တို့ဟာ ဒီရာသီမှာ အမြင့်ဆုံး အဖြစ် အဆင့် 6 နေရာကိုပဲ မျှော်လင့်လို့ ရနိုင်ပါတော့မယ် ။ အထူးသဖြင့် ဒီရာသီ ယူနိုက်တက်တို့ ပြသနေခဲ့တဲ့ စိတ်ဓါတ် ခံယူချက််နဲ့ ကစားပုံတွေက ပရိသတ်တွေ အတွက်တော့ တကယ့်ကို စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ် ။

အခုတော့ ယူနိုက်တက် ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ််တဲ့ ရီယို ဖာဒီနန် က အသင်းရဲ့ အနေအထားဟာ လူတိုင်းအတွက် ရယ်စရာ ဖြစ်နေခဲ့ပြီ ဖြစ်ကြောင်း ၊ တန်ဟတ် ရောက်လာတာနဲ့ အရာရာတိုင်းဟာ ချက်ချင်းပြောင််းလဲသွားမှာ မဟုတ်ကြောင်း သတိပေးခဲ့လိုက်ပါတယ် ။

 

” ရည်မှန်းချက်မရှိ ၊ စိတ်ဓါတ်ခံယူချက်မရှိ ၊ သူတို့ လုပ်နေပုံက ဘယ်လိုမှ အားစိုက်ထုတ်မှုလည်း ရှိမနေသလိုပါပဲ ။ သူတို့မှာ game plan မရှိသလိုမျိုး ၊ game plan ကို နားမလည်သလိုမျိုး ၊ သူတို့ကို ပြောနေတာတွေ အပေါ်မှာ လေးစားသမှု မရှိသလိုမျိုး ဖြစ်နေခဲ့ကြပါတယ် ”

” သူတို့ကို ကြည့်ရတာ ဒီမန်နေဂျာ အတွက် အလုပ်ကို မလုပ်ချင်သလိုပါပဲ ။ သူတို့တွေဟာ ကွင်းထဲ သွားရောက်ပြီး ဒီဂျာစီ အတွက် မကစားပေးချင်သလိုမျိုး ဖြစ်နေခဲ့ကြပါတယ် ။ သူတို့တွေဟာ ကစဥ့်ကလျား ဖြစ်နေခဲ့ကြသလို အသင်းတစ်သင်းလုံး ကစဥ့်ကလျား ဖြစ်နေခဲ့ကြပါတယ် ”

 

” အခုတော့ ဒီနေရာက လူတိုင်းအတွက် ရယ်စရာ တစ်ခုလိုတောင် ဖြစ်နေခဲ့ရပါပြီ ။ ဒါဟာ တကယ့်ကို ခံစားရတဲ့ အချက်တစ်ခု ဖြစ်နေပါပြီ ။ ကျွန်တော်တို့ဟာ ဘောလုံးကြိုက်သူတွေဖြစ်ပြီး ပွဲစဥ်တွေကို ချစ်ကြပါတယ် ။ အခုတော့ ဒါက ရယ်စရာ ဖြစ်နေသလိုပါပဲ ”

” ကျွန်တော် မန်ချက်စတာမှာ လျှောက်သွားနေခဲ့စဥ် အတွင််း ကားပေါ်မှာ ကျွန်တော် နဲ့ ကျွန်တော့်ရဲ့ ကားသမားတို့ ရှိနေခဲ့ကြပါတယ် ။ ကျွန်တော်တို့ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း အကြောင်းကို ရယ်ရယ်မောမော မပြောနိုင်ခဲ့ကြသလို ကျီစားတာလည်း မရှိခဲ့ကြပါဘူး ”

 

” ဒီအချက်က လှောင်ပြောင်တာ ၊ ရယ်မောတာထက်ကို ပိုပြီး အခြေအနေဆိုးတဲ့ အနေအထား တစ်ခုပဲဆိုတာကို ပေါ်လွင်စေခဲ့ပါတယ် ။ အသင်းရဲ့ အနေအထားက တကယ့်ကို စိတ်ပျက်စရာ ဖြစ်နေခဲ့ရပါပြီ ။ ဒါဟာ ကျွန်တော်တို့ အတွက်တော့ အိပ်မက်ဆိုး တစ်ခုလိုပါပဲ ”

” ဒါကို ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်နေခဲ့ပါပြီ ။ ဒါတွေကို ဖြေရှင်းပေးဖို့ မှန်ကန်တဲ့သူတွေ အသင်းမှာရှိနေကြပြီလားဆိုတာကို ကျွန်တော်လည်း မသိပါဘူး ။ သေချာတာ တစ်ခုက ဒါကို အမြန် ကိုင်တွယ် ဖြေရှင်းလို့ မရနိုင်ပါဘူး ” လို့ ဖာဒီနန် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

 

#Sports_Myanmar