လီဗာပူးကို ဒုတိယပိုင်းမှာ အကောင်းဆုံး ပုံစံနဲ့ ပြန်လာစေခဲ့တဲ့ ကလော့ရဲ့ ပထမပိုင်းအပြီး ပြောစကားကို ထုတ်ဖော်လိုက်တဲ့ အလက်ဇန်းဒါးအာနိုး နဲ့ ဗန်ဒိုက်

 

ထရန့်အလက်ဇန်းဒါးအာနိုး နဲ့ ဗာဂျယ်ဗန်ဒိုက် တို့ဟာ မနေ့ညက ဗီလာရီးရဲယ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ ဒုတိယပိုင်းမှာ လီဗာပူးကို အကောင်းဆုံး ပုံစံနဲ့ ပြန်လာနိုင်အောင် ကူညီပေးခဲ့တဲ့ မန်နေဂျာ ယာဂန်ကလော့ရဲ့ ပထမပိုင်းအပြီး Team talk ကို ထုတ်ဖော်သွားခဲ့ပါတယ်။

ဖလားလေးလုံးအ်ိမ်မက်နောက်ကို လိုက်နေတဲ့ လီဗာပူးဟာ ပထမပိုင်းမှာ ကစားပုံ အတော်လေး ဆိုးရွားခဲ့ပြီး အိမ်ရှင် ဗီလာရီးရဲယ်ရဲ့ ဒီယာ ကိုကီလင်း တို့ရဲ့ ဂိုးတွေနဲ့ အတူ ရှုံးနိမ့်နေခဲ့ကာ နှစ်ကျော့ပေါင်း ၂-၂ ဖြစ်သွားခဲ့ပါတယ်။

 

ပထမပိုင်းမှာ ပေါ့လျော့တဲ့ ကစားပုံ ၊ တုန်လှုပ်မှုတွေ များနေပြီး ဘောလုံး အပေးအယူတွေ မှန်ကန်အောင် မလုပ်နိုင်ခဲ့တဲ့ လီဗာပူးဟာ ဒုတိယပိုင်းမှာတော့ လူစား၀င် ကစားသမား ဒီယက်ရဲ့ အကောင်းဆုံး ကစားပုံနဲ့ အတူ ပုံစံကောင်းကို ပြန်လည် ရရှိခဲ့ပြီး အိမ်ရှင်ကို ပြန်လည် ဖိကစားကာ ဖာဘင်ညို ဒီယက် မာနေး တို့ရဲ့ ဂိုးတွေနဲ့ ပြန်လာနိုင်ခဲ့ပြီး ၃-၂ နဲ့ အနိုင်ယူကာ နှစ်ကျော့ပေါင်း ၅-၂ နဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ ပါတယ်။

အလက်ဇန်းဒါးအာနိုးက ကလော့ဟာ ပထမပိုင်း အသင်းရဲ့ ကစားပုံနဲ့ ပက်သက်ပြီး အတော်လေး မပျော်မရွှင် ဖြစ်ခဲ့ကာ သူ့ရဲ့ အသင်းကို ပုံမှန်အတိုင်း ကစားနိုင်အောင် တွန်းအားပေးခဲ့တယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။

 

ကလော့ရဲ့ ပထမပိုင်းအပြီး ပြောစကားကို မေးမြန်းရာမှာ ထရန့်က “ကျွန်တော်တို့ ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း ကစားသွားဖို့ လိုအပ်ခဲ့ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ second balls တွေ လုံး၀ မရဘဲ ဖြစ်နေခဲ့ပါတယ်။

ဒီလိုမျိုး ကစားဟန်ဟာ သူတို့ လိုချင်တဲ့အတိုင်း ဖြစ်သွားခဲ့ပြီး ကျွန်တော်တို့ဟာ သူတို့ လိုချင်တဲ့ အတိုင်း ကစားခွင့် ပြုခဲ့ပါတယ်။ ကျွန်တော်တို့ အတွက် ခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့ ကစားကွက် လုံး၀ ပျောက်ဆုံးနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ပုံစံကောင်းနဲ့ ပြန်ထွက်လာနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ကိုယ်ကစားသွားဖို့ လိုအပ်တဲ့ ပုံစံအတိုင်း ကစားနိုင်ခဲ့ပါတယ်။ ပွဲကို အများကြီး ကောင်းစွာ ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။

ဒီဆီမီးဖိုင်နယ် နှစ်ကျော့မှာ ကျွန်တော်တို့ဟာ ဆိုးရွားတဲ့ ၄၅ မိနစ်ကို ကစားခဲ့ပါတယ်။ ကျွန်တော်တို့ အလုပ်ပြီးမြောက်သ၍တော့ ဒါကို ခွင့်ပြုနိုင်ပါတယ်။ ကျွန်တော်တို့ ဒီနေ့မှာ ဒါကို လုပ်ခဲ့ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

 

ဗန်ဒိုက်လည်း ပထမပိုင်းအပြီး ကလော့ရဲ့ ဗျူဟာ အပြောင်းအလဲ တွေကို ချီးကျူးသွားခဲ့ပြီး half-time မှာ လီဗာပူး နည်းပြက ဘာကို တောင်းဆိုခဲ့သလဲဆိုတာ ထုတ်ဖော်ခဲ့ပါတယ်။

ဗန်ဒိုက်က “ဘောလုံးကို ကစားသွားဖို့ ကြိုးစားပါ။ ပိုပြီး ထိန်းချုပ်ကစားပါ။ လီဗာပူးရဲ့ ကစားဟန် အတိုင်း ကစားသွားပါ။ ကျွန်တော်တို့ တစ်ရာသီလုံး ကစားထားခဲ့တဲ့ ပုံစံအတိုင်း ကစားသွားပါလို့ ပြောခဲ့ပါတယ်။ ပြီးတော့ ဘောလုံးကို အမြန် ပြန်လည် ရယူပြီး ဘောလုံး ကိုင်ကစားနေချိန်မှာ ရွေ့လျားမှုတွေ အများအပြား လုပ်သွားဖို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် သူတို့ဟာ high line နဲ့ ကစားသွားခဲ့တာကြောင့် သူတို့ရဲ့ ခံစစ်ပိုင်းမှာ ရွေ့လျားမှုတွေ အများကြီး လုပ်သွားဖို့လည်း ညွှန်ကြားခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ဒါတွေကို ကိုယ့်အသင်းရဲ့ ပြေးအားတွေနဲ့ ပေါင်းစပ် ကစားခဲ့ပါတယ်။

ဒါ့အပြင် ကျွန်တော်တို့ အနေနဲ့ ဖိုင်နယ်ကို တကယ် သွားချင်တယ်ဆိုတာကို ပြသသွားခဲ့ရပါတယ်။ ဒီအရာတွေ ကနေပဲ စတင်ခဲ့တာပါ။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပွဲကို လွှမ်းမိုး ကစားနိုင်ခဲ့ပြီး ကစားပုံလည်း တအားကောင်းခဲ့ ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

 

ဆက်လက်ပြီး ဗန်ဒိုက်ဟာ ပွဲကို လုံး၀ အပြောင်းအလဲ ဖြစ်သွားစေခဲ့တဲ့ လူစား၀င် ကစားသမား ဖြစ်သူ လူး၀စ်ဒီယက်ကိုလည်း ချီးကျူးသွားခဲ့ပါတယ်။

ဒီယက်ရဲ့ သက်ရောက်မှု အပေါ် ဗန်ဒိုက်က “အမှန်ပါပဲ။ တကယ့်ကို ကောင်းလှပါတယ်။ သူဟာ တစ်ဦးချင်း ရင်ဆိုင် ကစားရမှာ တအားကို ကောင်းလှပြီး ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် အကြောက်အလန့် မရှိ ရင်ဆိုင် ကစားလေ့ရှိသူပါ။ အကယ်၍ သူ ဘောလုံး ဆုံးရှုံးတဲ့ အခါမှာလည်း အမြန်ဆုံး ဘောလုံးကို ပြန်လည် ရယူဖို့ ကြိုးစားပြီး နောက်တစ်ကြိမ် ပြန်လည် တိုက်စစ်ဆင်ပါတယ်။

ဒါဟာ ခံစစ်ကစားသမားတွေ အတွက် ရင်ဆိုင်ရ ခက်ခဲပါတယ်။ ကျွန်တော်တို့ရဲ့ အသင်းမှာ အခု ဒါမျိုး ကစားသမား ရှိနေပါတယ်။ ဒါဟာ အရမ်းကောင်းပါတ်ယ။ အခု ကျွန်တော်တို့ ပဲရစ်ကို သွားပါပြီ။” လို့ ပြောလိုက်ပါတယ်။

 

SM