ရံပုံငွေပွဲမှာ လီဗာပူးကို ရှုံးနိမ့်ခဲ့တဲ့အပေါ် အမှန်အကန် ပေါက်ကွဲလိုက်တဲ့ အီဗရာ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဘယ်နောက်ခံလူဟောင်း တစ်ဦးဖြစ်တဲ့ ပတ်ထရစ် အီဗရာ က လီဗာပူး အသင််းနဲ့ ကစားခဲ့ရတဲ့ Legend များ ရံပုံငွေပွဲမှာ 3 – 2 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် ပွဲကစားဖို့ ရောက်မလာခဲ့ကြတဲ့ အသင်းဖော်ဟောင်းတွေအပေါ် ပေါက်ကွဲသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် Legend အသင်းဟာ မ​နေ့ညက ရံပုံငွေ ပွဲစဥ်အဖြစ် လီဗာပူး Legend အသင်းနဲ့ ရင်ဆိုင်် ကစားခဲ့ပါတယ် ။ ဒီပွဲကြောင့် ယူနိုက်တက် ဖောင်ဒေးရှင်းဟာ ရံပုံငွေ 1.3 သန်းလောက် အထိ ရရှိသွားနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဖက်မှ ဂယ်ရီ နဗီးလ် ၊ ဂျပ်စတမ်း ၊ အီဗရာ ၊ ဘာဘာတော့ဗ် တို့ ပါဝင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ယူနိုက်တက် Legend တို့ဟာ ပွဲစဥ်ကို 3 – 1 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့် သွားခဲ့ကြပါတယ် ။

ဒီပွဲစဥ် မတိုင်မီမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းဖက်မှ ပေါလ် စခိုးလ် ၊ ဒွိုက်ယော့ခ် တို့ ပါဝင်လိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပါသေးတယ် ။ ဒါပေမဲ့ သူတို့ မပါဝင်ခဲ့ကြသလို ဒီယေဂို ဖော်လန် ရဲ့ လေယာဥ်လည်း cancel ဖြစ်သွားခဲ့တဲ့ အတွက် မပါဝင်နိုင်ခဲ့ပါဘူး ။

အခုတော့ ပွဲစဥ်မှာ ပွဲချိန်ပြည့် ပါဝင် ကစားပေးခဲ့တဲ့ ယူနိုက်တက် နောက်ခံလူဟောင်း ပတ်ထရစ် အီဗရာ က အင်္ဂလန်် အနီးတဝိုက်မှာ ရှိနေကြတဲ့ အသင်းဖော်ဟောင်းတွေ ဒီပွဲမှာ မပါဝင်နိုင်ခဲ့တဲ့ အပေါ် ပေါက်ကွဲခဲ့လိုက်ပြီး လီဗာပူး နဲ့ ကစားတဲ့ ပွဲတိုင်းက ခြေစမ်းပွဲ မဟုတ်ဘူးလို့ ခေါင်းစဥ်တပ်ခဲ့လိုက်ပါတယ် ။

” ပရိသတ်တွေ အတွက် စိတ်မကောင်း ဖြစ်မိပါတယ် ။ ဒါက ချာရတီပွဲ ဆိုတာ ကျွန်တော် သိပါတယ် ။ ဒါပေမဲ့ ဒီအသင်း နှစ်သင်းကြား ပြိုင်ဆိုင်မှုတွေ အမြဲ ရှိခဲ့ရတယ်လေ ။ ဒါ့ကြောင့် ကျွန်တော်တို့ အတွက် ဒါဟာ ခြေစမ်းပွဲ တစ်ပွဲ မဖြစ်ခဲ့ရပါဘူး ”

” အင်္ဂလိပ် ကစားသမားတွေ ဘယ်မှာလဲ ? ကျွန်တော် ဒူဘိုင်းမှာ နေပါတယ် ။ ကျွန်တော်တောင် အဲ့ကနေ ဒီကို အရောက်လာခဲ့သေးတာပဲလေ ။ မန်ချက်စတာယူနိုက်တက် အသင်းက ခင်ဗျားကို ခေါ်ရင် ခင်ဗျားဖက်က အဖြေပြန်ပေးရမှာပါပဲ ”

” ဒီနေ့လို ပွဲစဥ်မျိုးမှာဆိုရင် ဒီထက် ပိုများတဲ့ Legend တွေ ကွင်းထဲမှာ ရှိနေခဲ့သင့်ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် အသင်းက ခေါ်လိုက်တဲ့ အခါတိုင်းမှာ ခင်ဗျားတို့ ဒီကို ရောက်နေသင့်ပါတယ် ” လို့ အီဗရာ က ပေါက်ကွဲခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီပွဲမှာတော့ လီဗာပူး Legend အသင်း အတွက် သွင်းဂိုးတွေကို လူးဝစ် ဂါစီယာ နဲ့ မာ့ခ် ဂွန်ဇာလက် ( 2 ဂိုး ) တို့က သွင်းယူပေးခဲ့ကြပြီး မန်ချက်စတာ ယူနိုက်တက် အတွက် တစ်လုံးတည်းသော သွင်းဂိုးကို ဘာဘာတော့ဗ် က သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar