မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ဘရန့်ဖို့ဒ် အသင်း နဲ့ ရင်ဆိုင်ခဲ့ရပြီး မြင်ရခဲတဲ့ 3 ဂိုးပြတ် နိုင်ပွဲ ၊ Clean Sheet တွေကို ရယူသွားနိုင်ခဲ့ပါတယ် ။ ဒါဟာ ဒီဂီယာ အတွက်တော့ အလုပ်များပေမဲ့ ကျေနပ်စရာ ပွဲစဥ် တစ်ပွဲ ဖြစ်ခဲ့ရပါတယ် ။
ဒီပွဲမှာတော့ ယူနိုက်တက် အသင်းအတွက် ဦးဆောင်ဂိုးကို အီလန်ဂါ ရဲ့ ဖန်တီးပေးမှုကတဆင့် ဘရူနို ဖာနန်ဒက်စ် က ပိတ်သွင်း ဂိုးယူနိုင်ခဲ့ပါတယ် ။ အဲ့ဒီနောက် ပထမပိုင်း ပြီးခါနီးမှာ ရော်နယ်ဒို ဟာ ဂိုးသွင်းနိုင်ခဲ့ပေမဲ့ လူကျွံနေခဲ့တာကြောင့် တစ်ဂိုး နစ်နာခဲ့ရပါတယ် ။
အဲ့ဒီနောက် ပွဲချိန် 61 မိနစ်မှာ ရော်နယ်ဒိုဟာ လူချခံခဲ့ရပြီး ပင်နယ်တီ ရရှိခဲ့ရာ ဂိုးအဖြစ် ပြောင်းလဲပေးသွားနိုင်ခဲ့ပါတယ် ။ အဲ့ဒီနောက် ပွဲချိန် 72 မိနစ်မှာ တဲလက်စ် တင်ပေးလိုက်တဲ့ ဘောလုံးကို ဗာရန်းက ပိတ်သွင်း ဂိုးယူနိုင်ခဲ့ပြီး အခုလို 3 ဂိုးပြတ် နိုင်ပွဲ ရရှိစေခဲ့တာပဲ ဖြစ်ပါတယ် ။
ဒီပွဲမှာတော့ ပွဲထွက်ခွင့် ရရှိခဲ့တဲ့ ဝါရင့် ကွင်းလယ်လူ ဟွမ် မာတာ ဟာ ပုံစံကောင်း ပြသနိုင်ခဲ့ပြီး ပရိသတ်တွေကို ဖျော်ဖြေမှု ပေးနိုင်ခဲ့ပါတယ် ။ အဆိုပါ ပွဲစဥ်မှ ယူနိုက်တက်် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ဖော်ပြပေးလိုက််ပါတယ် ။
ဒီဂီယာ (7)
ဘရန့်ဖို့ဒ် တို့ ဖိကစားခဲ့ကြချိန်မှာ အလုပ်များခဲ့ပါတယ် ။ အဲရစ်ဆင်ရဲ့ ကန်ချက်ကို ကာကွယ်ပြနိုင်ခဲ့ ပါတယ် ။ ထိုက်တန်တဲ့ clean sheet ကို ဒီပွဲမှာ ရယူနိုင်ခဲ့ပါတယ် ။
ဒါးလော့ (6)
စိတ်အားထက်သန်မှုနဲ့ ကစားခဲ့ပြန်ပါတယ် ။ ဒါပေမဲ့ အဆုံံးသတ်ပိုင်းကတော့ ကျေနပ်ဖွယ် မဖြစ်ခဲ့ရပြန်ပါဘူး ။ ပိုကောင်းဖို့ လိုနေပါသေးတယ် ။
လင်ဒီလော့ဖ် (7)
အဲရစ်ဆင်ရဲ့ ကန်ချက်ကို ခေါင်းတိုက်ရှင်းထုတ်နိုင်ခဲ့ပါတယ် ။ ခက်ခဲတဲ့ အခိုက်အတန့် အချို့ကို ပိုင်ဆိုင်ခဲ့ပေမဲ့ ထိုက်သင့်သလောက် ကောင်းတဲ့ စွမ်းဆောင်ရည်နဲ့ အတူ clean sheet ရယူနိုင်ခဲ့ပါတယ် ။
ဗာရန်း (7)
အစောပိုင်း မိနစ်တွေမှာ တိုနေးရဲ့ ဖိအားပေးမှုအောက် ကျရောက်ခဲ့ပါတယ် ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ကစားပုံတွေ တိုးတက်လာခဲ့ပြီး ဂိုးပါ သွင်းယူနိုင်ခဲ့ပါတယ် ။

တဲလက်စ် (6)
ပွဲအစမှာ အမှားကျူးလွန်ခဲ့ပေမဲ့ ပြန်လည်ကောင်းပြနိုင်ခဲ့ပါတယ် ။ ပြိုင်ဖက်တွေရဲ့ ပစ်မှတ်ထား ကစားခြင်းကို ခံခဲ့ရပေမဲ့ ပုံစံကောင်း ပြသနိုင်ခဲ့ပြီး ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ် ။
မာတစ် (7)
သူ့ရဲ့ အဆင့်အတန်းကောင်းကို ပြသနိုင်ခဲ့ပါတယ် ။ ဘရူနို အတွက် အခွင့်အရေး ဖန်တီးပေးနိုင်ခဲ့ပါတယ် ။ အဝါကဒ် ပြသခံခဲ့ရပါတယ် ။
တော်မီနေး (5)
ချဲလ်ဆီးနဲ့ ပွဲစဥ်မှာ ညံ့ခဲ့ပေမဲ့ ကံကောင်းစွာပဲ ပွဲထွက််ခွင့် ရနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ပုံစံကောင်း ပြသနိုင်ဖို့ ထပ်မံ ရုန််းကန်ခဲ့ရပါတယ် ။
အီလန်ဂါ (6)
ရုန်းအား ၊ ပြေးအား ကောင်းခဲ့ပြီး ဘရူနို အတွက် အဖွင့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ် ။ တိုက်စစ်ပိုင်းကို ကူညီနိုင်ခဲ့ပေမဲ့ ခံစစ်ဆင်းကူပုံ အားရဖွယ် မရှိခဲ့ပါဘူး ။
ဘရူနို (6)
အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပါတယ် ။ ဒါဟာ သူ့အတွက်တော့ ယူနိုက်တက် ကစားသမား ဘဝရဲ့ 50 မြောက်ဂိုး ၊ ဒီရာသီရဲ့ 10 ကြိမ်မြောက်ဂိုး ဖြစ်ခဲ့ရပါတယ် ။ အခွင့်အရေးတွေ ဖြုန်းတီးခဲ့ပါတယ် ။
မာတာ (8)
သူ့ကို စောင့်ကြည့်ရတာ ပျော်စရာကောင်းခဲ့ရပါတယ် ။ ယူနိုက်တက် ကစားသမား ဘဝရဲ့ နောက်ဆုံး ပွဲစဥ်လားဆိုတာ မသိခဲ့ပေမဲ့ စွမ်းသလောက် အကောင်းဆုံး ကစားပေးနိုင်ခဲ့ပါတယ် ။
ရော်နယ်ဒို (8)
ပင်နယ်တီ ရယူနိုင်ခဲ့ပြီး ဂိုးအဖြစ်လည်း ပြောင်းလဲနိုင်ခဲ့ပါတယ် ။ လူကျွံနေခဲ့တဲ့အတွက် တစ်ဂိုးနဲ့ ကျေနပ်ခဲ့လိုက်ရပါတယ် ။ ခံစစ်ကိုပါ အတော်လေး ဆင်းကူပေးနိုင်ခဲ့ပါတယ် ။
လူစားဝင် ကစားသမားများ…
ဖရက်ဒ် (6)
ဂျုံးစ် (6)
ကာဗာနီ (5)
#Sports_Myanmar