“ယူနိုက်တက် ပရိသတ်တွေလည်း လာလို့ရပါတယ် ၊ အပြာရောင်လေးတော့ ဝတ်ခဲ့ရမှာပါ” – ဂွာဒီယိုလာ

မန်ချက်စတာ စီးတီး အသင်းဟာ ဒီနှစ် ပရီးမီးယားလိဂ်ဖလားကြီးကို ကိုက်မြှောက်ဖို့ လက်တကမ်း အလိုကို ရောက်နေ ပါပြီ ။ ဒီကနေ့ ညမှာ ကစားမယ့် ရာသီပိတ် ပွဲစဉ်မှာသာ အက်စတွန် ဗီလာ ကို အနိုင် ကစားနိုင်ခဲ့မယ် ဆိုရင် မန်စီးတီး အနေနဲ့ ၆ ကြိမ်မြောက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာတော့မှာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် ပြီးပါက အများဆုံး ( ပရီးမီးယားလိဂ်ခေတ် ) ချန်ပီယံ ဖြစ်လာမှာပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် စီးတီး အတွက် လွယ်ကူနေတဲ့ အခြေအနေတော့ မဟုတ်ပါဘူး ။ ဂျာဂင် ကလော့ ရဲ့ လီဗာပူး ဟာ ၁ မှတ် အကွာကနေ ဖိအားပေး နေပြီး ဒီကနေ့ညပွဲမှာ မန်စီးတီး ခြေချော် ခဲ့ပါက အမှတ်ပေး ဖလား ကို ကိုင်မြှောက်ဖို့ အဆင်သင့် ဖြစ်နေပါတယ် ။

မန်ချက်စတာ စီးတီး နည်းပြကြီး ပက် ဂွာဒီယိုလာ က သူဟာ တချိန်တုန်းက အင်္ဂလန် က လူတိုင်းဟာ သူတို့ထက် လီဗာပူး ကို ပိုပြီး ချန်ပီယံ ဖြစ်စေခဲ့တယ်လို့ ပြောခဲ့ဖူးတာ မှားယွင်းသွားကြောင်း မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ ပါတယ် ။

ဘာကြောင့်လည်း ဆိုတော့ မန်ချက်စတာ ယူနိုက်တက် ပရိသတ် အများအပြားဟာ သူတို့ရဲ့ အကြိမ် ၂၀ ချန်ပီယံ ဘွဲ့ကို ပုခုံးချင်း ယှဉ်လာမယ့် သမိုင်းပြိုင်ဘက် လီဗာပူး ထက် မန်စီးတီး အသင်း အောင်ပွဲခံတာကိုသာ ပိုမို မြင်တွေ့လိုကြောင်း ခါးသက်သက် ထုတ်ဖော် ပြောဆို လာခဲ့တာကြောင့်ပါပဲ ။

“ယူနိုက်တက် ( ပရိသတ်တွေ ) က မန်စီးတီး ကို လီဗာပူးထက် ပိုပြီး ဖြစ်စေချင်ကြတာလား ? အိုး . . . ကျွန်တော် မသိလိုက်ဘူးဗျာ ။ ယူနိုက်တက် ပရိသတ်တွေ အနေနဲ့ ဆန္ဒ ရှိမယ် ဆိုရင် ကျွန်တော်တို့ နဲ့ အတူ လာပြီး ပျော်လို့ ရပါတယ် ။ ဒါပေမယ့် သူတို့ အပြာရောင်ကို ဝတ်လာခဲ့ဖို့တော့ လိုမှာပါ”

“တချိန်တုန်းက အင်္ဂလန်က လူတွေ အားလုံးက ကျွန်တော်တို့ထက် လီဗာပူး ကို ပိုပြီး နှစ်သက်ကြတယ်လို့ ကျွန်တော် ပြောခဲ့ဖူးတာ အခု မှားသွားပြီပေါ့” လို့ ဂွာဒီယိုလာ က ပြောဆိုသွားခဲ့ ပါတယ် ။

ဒါ့အပြင် နည်းပြကြီးက သူတို့ အသင်းဟာ ဆာ အဲလက်စ် ဖာဂူဆန် မန်ချက်စတာ ယူနိုက်တက် ကို လုပ်ပေးခဲ့သလိုမျိုး ပြည်တွင်းကို လွှမ်းမိုး နိုင်တဲ့ အသင်းတသင်း အဖြစ် ရောက်ရှိ လာခဲ့ပြီလို့လည်း ဂုဏ်ယူစွာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဂွာဒီယိုလာ ဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် နည်းပြဘ၀ ၁၅ နှစ် ကာလ အတွင်းမှာ ဘာစီလိုနာ ၊ ဘိုင်ယန်မြုးနစ် နဲ့ မန်စီးတီး အသင်းတွေကို ကိုင်တွယ်ရင်း အမှတ်ပေးဖလား ကို ၁၂ ကြိမ် ရယူနိုင်ခဲ့ ပါတယ် ။

ဖလား မရတဲ့ ၃ နှစ်ထဲက ၂ နှစ်ဟာ ဒုတိယ နေရာတွေနဲ့ ပြီးဆုံးခဲ့တာ ဖြစ်ပြီး မန်စီးတီး ကို စရောက်တဲ့ ရာသီ တကြိမ်တည်းသာ တတိယ နေရာနဲ့ ရာသီကုန်ခဲ့တာပဲ ဖြစ်ပါတယ် ။

“ကျွန်တော် ဒီကို စရောက်လာတော့ ပရီးမီးယားလိဂ် က ဘယ်လောက်ခက်ကြောင်း ၊ ဆာအဲလက်စ် ဖာဂူဆန် သာလျှင် ဒီလိုမျိုး ရှည်ကြာတဲ့ အောင်မြင်မှု ကို တည်ဆောက်နိုင်ကြောင်းတွေ ကို ခဏခဏ ကြားခဲ့ရ ပါတယ် ။

သူ့ရဲ့ စွမ်းဆောင်ခဲ့မှုကလည်း တကယ့်ကို အံ့သြ ချီးကျူး စရာပါပဲ ။

ဒါပေမယ့် အခု ကျွန်တော်တို့ ကို ပြန်ကြည့်လိုက်မယ် ဆိုရင်လည်း ဆာအဲလက်စ် လုပ်ခဲ့တဲ့ အံ့ဖွယ် နဲ့ နီးစပ် နေပြီဆိုတာကို တွေ့ကြရမှာပါ”

“စီးတီး နဲ့ ပထမဆုံး ရာသီ အပြီးမှာ လုပ်စရာတွေ အများကြီး ရှိလာခဲ့ ပါတယ် ။ အခု ကျွန်တော်တို့ ရောက်နေတဲ့ နေရာ ၊ ရလာတဲ့ အောင်မြင်မှုတွေ ဟာ အတိတ် တုန်းက လုပ်ခဲ့တဲ့ အရာတွေရဲ့ အကျိုးရလဒ် တွေပါပဲ” လို့ ဂွာဒီယိုလာ က ပြောဆိုသွားခဲ့ ပါတယ် ။

လီဗာပူး ဟာ ဂွာဒီယိုလာ အင်္ဂလန် ကို ရောက်ရှိ လာခဲ့ပြီး နောက်ပိုင်းမှာ ချဲလ်ဆီး ၊ မန်ယူနိုက်တက် တို့ထက် ပိုပြီး နီးစပ်စွာ အားပြိုင် နိုင်ခဲ့ပါတယ် ။ ဒီရာသီဟာ သူတို့ ၂ သင်း အကျိတ်အနယ် ယှဉ်ပြိုင် ရတဲ့ တတိယမြောက် ရာသီ ဖြစ်လာခဲ့ပြီး မန်စီးတီး က အလေးသာနေ ပေမယ့် ဘောလုံးလောက ရဲ့ အံ့ဖွယ်တရားတွေက ပွဲသိမ်းခရာမမှုတ် မချင်း ပရိသတ်တေကို စိတ်လှုပ်ရှားအောင် စွမ်းဆောင်ပေးနေ ဦးမှာ အသေအချာပါပဲ . . . ။

 

SPORTS MYANMAR