ယူနိုက်တက် နည်းပြသစ် ဖြစ်လာတဲ့ တန်ဟတ် နဲ့ ပတ််သက်လို့ သတိပေးစကား ပြောလိုက်တဲ့ ရော်နယ်ဒို

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အားထားရတဲ့ တိုက််စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို က အသင်းကို တိုးတက်စေရေး ၊ အသင်းရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်ရေး အတွက် အဲရစ် တန်ဟတ်ကို အချိန်ပေးရလိမ့်မယ်လို့ သတိပေးသွားခဲ့လိုက်ပါတယ် ။

အဲရစ် တန်ဟတ်ဟာ လက်ရှိ အချိန်မှာ နယ်သာလန် ကလပ်် အေဂျက်ဇ် အသင်းကို ကိုင်တွယ်နေပေမဲ့ ဇွန်လမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့မှာပဲ ဖြစ်ပါတယ် ။ ဒါဟာ သူ့အတွက်တော့ ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခု ဖြစ်သွားဖို့ ရှိနေပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိ အချိန် ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အမှတ်ပေး ဇယား အဆင့် 6 နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့် မရနိုင်တော့တဲ့ အနေအထား တစ်ရပ်ကို ပိုင်ဆိုင်နေပါပြီ ။ ဒါ့အပြင် ယူရို ပါလိဂ် ဝင်ခွင့် ရနိုင်ဖို့လည်း ကြိုးစားရပါဦးမယ် ။

ဒါ့အပြင် နွေမှာ အသင်းကနေ ထွက်ခွာမဲ့ ကစားသမားတွေလည်း အများကြီး ရှိနေကြတဲ့ အတွက် တန်ဟတ် အနေနဲဲ့ ကြီးမားတဲ့ အပြောင်းအလဲတွေကို လုပ်ဆောင်ရဖို့ ရှိနေပါတယ် ။ ဒါ့ကြောင့် တန်ဟတ်ဟာ နွေစျေးကွက်ထဲမှာ အတော်လေး အလုပ်ရှုပ်ရဖို့ ရှိနေပါတယ် ။

 

အခုတော့ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒို က တန်ဟတ်ဟာ တကယ့်ကို ကောင်းမွန်တဲ့ အလုပ်တွေ လုပ်ပြနိုင်ခဲ့ကြောင်း ပြောခဲ့လိုက်ပြီး ၊ သူနဲ့ အလုပ်လုပ်ဖို့ သူတို့ဟာ စိတ်လှုပ််ရှားနေကြောင်း ၊ သူ့ကို အချိန်ပေးဖို့ လိုအပ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” သူနဲ့ ပတ်သက်လို့ ကျွန်တော် သိနေတာက သူဟာ အေဂျက်ဇ် အသင်းမှာ အံ့ဖွယ်အလုပ်တွေ လုပ်ခဲ့တယ်ဆိုတာပါပဲ ။ သူဟာ အတွေ့အကြုံ ကောင်းမွန်လှတဲ့ နည်းပြ တစ်ဦး ပါပဲ ။ ဒါပေမဲ့ ကျွန်တော်တို့ သူ့ကို အချိန်ပေးဖို့တော့ လိုအပ်ပါလိမ့်မယ် ”

 

” သူလိုချင်တဲ့ပုံစံမျိုး ဖြစ်လာနိုင်အောင် အပြောင်းအလဲဲတွေကိုလုပ်နိုင်ဖို့ လိုအပ်ပါလိမ့်မယ် ။ ကျွန်တော်တို့ သူ့ရဲ့ လက်အောက်မှာ အောင်မြင်နိုင်ဖို့ မျှော်လင့်နေပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အောင်မြင်တယ်ဆိုတာက မန်ချက်စတာ တစ်ခုလုံး အောင်ပွဲရတာလို့ ပြောလို့ရလို့ပါပဲ ”

” သူ အကောင်းဆုံး ဖြစ်နိုင်ပါစေလို့ ကျွန်တော် ဆန္ဒပြုပါတယ် ။ သူ လာမယ်ဆိုတာနဲ့ ပတ်သက်လို့ ကျွန်တော်ရော ၊ ပရိသတ်တွေပါ စိတ်လှုပ်ရှားနေကြပါတယ် ။ သူ အကောင်းဆုံး ဖြစ်နိုင်ဖို့ ၊ နောက်ရာသီမှာ ဆုဖလားတွေ ကိုင်မြှောက်နိုင်ဖို့ ကျွန်တော် မျှော်လင့်နေပါတယ် ” လို့ ရော်နယ်ဒို က ပြောရင်း ဒီအသင်းမှာပဲ ဆက်ရှိနေဦးမှာ ဖြစ်ကြောင်း သွယ်ဝိုက် ပြောခဲ့လိုက်ပါတယ် ။

 

#Sports_Myanmar