ယူနိုက်တက်ရဲ့ ရူးသွပ်ဖွယ်ကောင်းတဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း ဖွင့်ဟလိုက်တဲ့ မူလာ

 

ဘိုင်ယန် မြူးနစ် အသင်းရဲ့ စူပါ စတား ဖြစ်သူ သောမတ်စ် မူလာ က ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင်းကို လူးဝစ် ဗန်ဟားလ် ကိုင်တွယ်ခဲ့စဥ်တုန်းက ရူးသွပ်ဖွယ် ကောင်းလှတဲ့ ကမ်းလှမ်းမှု တစ်ခုကို ပယ်ချဖြစ်ခဲ့ကြောင်း ဖွင့်ပြောခဲ့လိုက်ပါတယ် ။

သောမတ်စ် မူလာ ဆိုတာ ဘိုင်ယန် မြူးနစ် အသင်းမှာ နှစ်စဥ်နှစ်တိုင်း ခြေစွမ်းပြသူ တစ်ဦး ဖြစ်နိုင်ခဲ့တဲ့ အတွက်် ပရီးမီးယားလိဂ် ကလပ်တွေရဲ့ စိတ်ဝင်စားမှုကို အမြဲလို ရရှိနိုင်သူ ဖြစ်ခဲ့ရပါတယ် ။ အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက် အသင်းက သူ့ကို ခေါ်ယူဖို့ အမြဲ သတင််းထွက်ခဲ့ပါတယ် ။

ဒါပေမဲ့ ဂျာမန်သားကတော့ ဘိုင်ယန် မြူးနစ် အသင်းမှာပဲ ဆက်လက် ရှိခဲ့ပါတယ် ။ သူဟာ မကြာသေးခင်ကပဲ ဒီအသင်းနဲ့ စာချုပ် သက်တမ်း တိုးမြှင့်ခဲ့တဲ့ အတွက် အလိုင််းယန့်ဇ် အရီနာ မှာပဲ ကစားသမား ဘဝကို ကုန်ဆုံးစေလိမ့်မယ်လို့ သတင်းထွက်ခဲ့ပါသေးတယ် ။

 

သူဟာ ဘိုင်ယန် မြူးနစ် ကစားသမား ဘဝ အတွင်း အံ့ဖွယ်် ဆုဖလား အောင်မြင်မှုတွေ ရယူထားနိုင်ခဲ့ပါတယ် ။ ဒါ့ကြောင့်လည်း သူဟာ ဘိုင်ယန် ဂန္တဝင် ဘက်စ်တီယံ ရှဝိန်းစတိုင်ဂါ ရဲ့ ဆုဖလား အများဆုံး ဆွတ်ခူးထားခဲ့သူဆိုတဲ့ မှတ်တမ်းကို ကျော်ဖြတ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ အနိမ့်အမြင့် အတက်အကျ များလှတဲ့ ဘောလုံးသမား ဘဝမှာ သူဟာလည်း ဘိုင်ယန် မြူးနစ် အသင်းမှ ထွက်ခွာဖို့ သတင််းကြီးခဲ့ပါသေးတယ် ။ ဒါပေမဲ့ အဆုံးသတ််မှာတော့ သူဟာ ဂျာမန်မြေမှာပဲ ဆက်ရှိခဲ့ပါတယ် ။

အခုတော့ Merkur နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဥ်မှာ သောမတ်စ် မူလာက မန်ချက်စတာ ယူနိုက်တက် အသင််းကို လူးဝစ် ဗန်ဟားလ် နည်းပြခဲ့စဥ်တုန်းက အံ့ဖွယ် ကမ်းလှမ်းမှု တစ်ရပ်ကို ရရှိခဲ့ပေမဲ့ ပယ်ချခဲ့ရကြောင်း ဖွင့်ဟ သွားခဲ့လိုက်ပါတယ် ။

” ဘိုင်ယန် မြူးနစ် အသင်းဟာ ရောက်လာသမျှ ကမ််းလှမ်းမှုတိုင်းကို ပယ်ချခဲ့ပါတယ် ။ အဲ့ဒီထဲမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရူးသွပ်ဖွယ်ကောင်းတဲ့ ကမ်းလှမ်းမှုလည်း ပါဝင်ခဲ့တာပေါ့ဗျာ ။ ဒါကပဲ သူတို့တွေ ကျွန်တော့်ကို ဘယ်လောက်အထိ အသင်းမှာ ရှိစေချင်သလဲဆိုတာ သိသာပေါ်လွင်စေခဲ့ပါတယ် ” လို့ မူလာက ဖွင့်ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

မူလာကို ခေါ်ယူချင်ခဲ့တာ မန်ချက်စတာ ယူနိုက်တက် တစ်သင်းထဲ မဟုတ်ခဲ့ပါဘူး ။ ဒါပေမဲ့ သူကတော့ ဘယ််လို ကမ်းလှမ်းမှုမျိုးကိုမှ လက်မခံခဲ့ပဲ ဂျာမန်မြေမှာပဲ ဆက််ရှိခဲ့ပါတယ် ။ အခုတော့ သူဟာ အသင်းမှာ 2024 ခုနှစ် အထိ ဆက်ရှိမယ့် စာချုပ် အပေါ်လည်း လက်မှတ် ရေးထိိုးခဲ့ပြီးပါပြီ ။

ဒါ့ကြောင့် သူဟာ ဒီအသင်းမှာပဲ ကစားသမား ဘဝကို ကုန်ဆုံးစေလိမ့်မယ်လို့ သတင်းကြီးခဲ့ပါတယ် ။ အခုလို စာချုပ် သက်တမ်း တိုးခဲ့တာနဲ့ ပတ်သက်လို့ ဖိအားတွေ ခံစားရသလားလို့ အမေးခံလိုက်ရတဲ့ အခါမှာတော့…

” ကျွန်တော့်ကို ကျွန်တော် ဆက်ပြီး တွန်းအားပေးနေဦးမှာပါ ။ အခုလို စာချုပ် သက်တမ်း တိုးခဲ့ရတဲ့ အပေါ် ခံံစားချက်တွေ ကောင်းမွန်နေခဲ့ရပါတယ် ။ ဘယ်လို ဖိအားမျိုးမှလည်း မခံစားရပါဘူး။ ရွေးချယ်စရာလည်း အများကြီး ရှိနေတယ်လေ ” လို့ မူလာက ပြန်လည် ဖြေကြားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar