ယူနိုက်တက်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ဘယ်သူရသင့်သလဲဆိုတဲ့ အပေါ် အမြင်မတူခဲ့ကြတဲ့ ဂန္တဝင် နှစ်ဦး

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နောက်ခံလူဟောင််း နှစ်ဦး ဖြစ်ကြတဲ့ ဂယ်ရီ နဗီးလ် နဲ့ ဂျပ်စတမ်း တိုက ဒီရာသီ အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ဘယ်သူရသင့်သလဲဆိုတဲ့အပေါ် အမြင်မတူ ဖြစ်ခဲ့ကြပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 2021 – 2022 ဘောလုံး ရာသီမှာတော့ ရလဒ်တွေ စုတ်ပြတ်နေခဲ့ပြီး ရမှတ် 58 မှတ်သာ စုဆောင်းခဲ့တဲ့နောက် နောက်ရာသီမှာ ယူရို ပါလိဂ် ပြိုင်ပွဲသာ ကစားရဖို့ အကြောင်းဖန်သွားခဲ့ရပါတယ် ။

ဒါဟာ ပရိသတ်တွေအတွက်တော့ တကယ့်ကို စိတ်ပျက်စရာ ဖြစ်ခဲ့ရပြီး အခုလို ရလဒ်ဆိုးရွားခဲ့ခြင်းအပေါ် အချို့က နည်းပြ ရန်းဂနစ် အပေါ် ထိုးနှက်ခဲ့ကြသလို အချို့ကတော့ ကစားသမားတွေရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုအပေါ် မေးခွန်းထုတ်ခဲ့ကြပါတယ် ။

ဘယ်လိုလဲ ဖြစ်ပါစေ ၊ ဘယ်လို ရလဒ်မျိုးထွက်ပြီး အဆင့် ဘယ်လောက်မှာ ရပ်တည်နေပါစေ ၊ နှစ်စဥ် ပြုလုပ်နေကြ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုတော့ ပေးရမှာ အသေအချာပါပဲ ။

ဒီအတွက် ပရိသတ်တွေအကြား မတူညီတဲ့ ရွေးချယ်မှုတွေကို မြင်တွေ့နေခဲ့ရပါတယ် ။ အခုတော့ ယူနိုက်တက် ဂန္တဝင် ကစားသမားဟောင်း နှစ်ဦး ဖြစ်ကြတဲ့ ဂယ်ရီ နဗီးလ် နဲ့ ဂျပ်စတမ်း တို့ကလည်း သူတို့ရဲ့ မတူညီတဲ့ အမြင်တွေကို ချပြသွားခဲ့ကြပါတယ် ။

ဒီနှစ်မှာတော့ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုဟာ အသင်းအတွက် ဂိုးအများဆုံး သွင်းယူပေးထားနိုင်ခဲ့ပါတယ် ။ အခြားတဖက်မှာတော့ ဂိုးသမား ဒီဂီယာ က အကောင််းဆုံး လက်စွမ်းတွေပြရင်း ဂိုးပေါက် ကာကွယ်မှုတွေ လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ် ။

သူတို့ နှစ်ဦးလုံးဟာ ဒီရာသီ ယူနိုက်တက်တို့ ဒီအဆင့်မှာ ရပ်တည်စေနိုင်ဖို့ အရေးပါသူတွေ ဖြစ်နိုင်ခဲ့ကြပါတယ် ။ အခုတော့ ဂယ်ရီ နဗီးလ် က ဒီနှစ်အတွက် ယူနိုက်တက်ရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ဒီဂီယာ ရရှိသင့်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ဆာ အဲလက်စ် ဖာဂူဆန် ထွက်ခွာကတည်းက ဒီဆုကို ဒီဂီယာ ဘယ်လောက်ထိ ရယူဆွတ်ခူးထားခဲ့ပြီလဲ ? ရိုးရိိုးသားသား ပြောရရင် ကျွန်တော် ဒီတစ်ကြိမ်မှာလည်း ဒေးဗစ် ဒီဂီယာဖက်မှာပဲ ရပ်တည်ချင်ပါတယ် ။ အဲ့တာပြီးရင်တော့ ဖရက်ဒ် နဲ့ ရော်နယ်ဒို ကို ရွေးချင်ပါတယ် ”

” ရော်နယ်ဒိုရဲ့ ဂိုးတွေ မပါရင် ကျွန်တော်တို့ ဒုက္ခများခဲ့မှာပါ ။ ဒါပေမဲ့ ဒီဂီယာရဲ့ ကာကွယ်မှုတွေ မပါခဲ့ရင် ကျွန်တော််တို့ သေကောင်း သေနေလောက်ပါပြီ ။ ကျွန်တော်ကတော့ ဒီဂီယာ ၊ ရော်နယ်ဒို ၊ ဖရက်ဒ် တို့ကို အစဥ်လိုက် ရွေးသွားမှာပါ ” လို့ နဗီးလ် က ပြောခဲ့တာကို ဂျပ်စတမ်းက …

” ငါကတော့ ရော်နယ်ဒိုကို ပေးမှာပါ ။ သူ ရောက်လာထဲက လူတွေ မှတ်ချက်အစုံ ပေးခဲ့ကြသလို ဝေဖန်မှုတွေလည််း လုပ်ဆောင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ သူ့ရဲ့ တုန့်ပြန်မှုက မယုံကြည်နိုင်ဖွယ်ပါပဲ ။ သူဟာ အသက် 37 နှစ် ရှိနေပြီ ဖြစ်ပေမယ့် ခြေစွမ်းပြနေဆဲ ဂိုးတွေ သွင်းနေဆဲပါပဲ ”

” အဲ့တာတွေ အပြင် သူဟာ ဝေဖန်မှုတွေ ခံနေရတဲ့ကြားက အခြားသူတွေကို ပိုကောင်းအောင် အကူအညီ ပေးနေဆဲပါပဲ ။ သူ အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေသလို အသင်းကိုလည်း ဦးဆောင်နေခဲ့ပါတယ် ။ ဒီဆုအတွက် သူ ထိုက်တန်တယ်လို့ ကျွန်တော်ထင်ပါတယ် ” လို့ ဂျပ်စတမ်းက ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar