မန်ယူနိုက်တက်မှာ အနာဂတ် မရေမရာ ဖြစ်နေတဲ့ ရော်နယ်ဒို ကစားလိုခြင်း မရှိတဲ့ နေရာကို ပြောပြသွားခဲ့တဲ့ ရန်းနစ်

 

ရပ်ဖ်ရန်းနစ်က ခရစ်စတီယာနိုရော်နယ်ဒို အနေနဲ့ အထောင်တိုက်စစ်မှုး အဖြစ် ကစားလိုခြင်း မရှိဘူးလို့ ဆိုလိုက်ပြီး မန်ချက်စတာယူနိုက်တက် အသင်း အနေနဲ့ လာမည့် ရာသီ ပေါ်တူဂီ စတားကို support လုပ်ရန် တိုက်စစ်မှုးတွေ ခေါ်ယူသွားဖို့ လိုအပ်တယ်လို့ မှတ်ချက်ပေးသွား ခဲ့ပါတယ်။ ပေါ်တူဂီစတားဟာ မနေ့ညက ဘရန့်ဖို့ဒ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဒီရာသီ ယူနိုက်တက် အတွက် ၂၄ ဂိုးမြောက်ကို သွင်းယူပေးခဲ့ပါတယ်။

ရော်နယ်ဒိုဟာ လက်ရှိမှာ အသက် ၃၇ နှစ် ရှိနေပြီ ဖြစ်ပေမယ့်လည်း စိတ်ပျက်စရာရာသီကို ဖြတ်သန်းနေရတဲ့ မန်ယူနိုက်တက် အတွက် ထူးချွန်စွာ ကစားပေးခဲ့တဲ့ ကစားသမား အနည်းငယ်ထဲက တစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် လာမည့် နွေရာသီမှာ အဲရစ်တန်းဟတ်ဟာ ယူနိုက်တက်ကို စတင် ကိုင်တွယ်တော့မှာ ဖြစ်ပြီး ရော်နယ်ဒို အနေနဲ့ နည်းပြသစ်ရဲ့ plan မှာ ပါ၀င်နိုင်ပမလား ဆိုပြီး မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။

 

ယာယီနည်းပြ ရန်းနစ် ကတော့ ဘာတွေပဲ ဖြစ်လာသည် ဖြစ်စေ ရော်နယ်ဒို အတွက် တိုက်စစ်ပိုင်းမှာ အထောက်အပံ့ လိုအပ်တယ်လို့ ပြောလိုက်ပြီး ဒီအတွက်ကြောင့် တိုက်စစ်မှုးတွေ ခေါ်ယူသွားဖို့ဟာ နွေရာသီမှာ အဓိကကျလိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။

 

ရန်းနစ်က “ဒီညမှာ သူ ကစားသွားခဲ့တဲ့ ပုံစံကို ကြည့်လိုက်ပါ။ သူဟာ အသင်းအတွက် ဂိုးတစ်ဂိုး သွင်းယူပေးခဲ့ရုံသာမကပါဘူး။ ပင်နယ်တီလည်း ရယူနိုင်ခဲ့တဲ့ အပြင် ခံစစ်ပိုင်းမှာလည်း အသင်းကို အများကြီး ကူညီပေးခဲ့ပါတယ်။ ဒါ့ကြောင့် squad ရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ် အသင်းကို ဆက်လက် ကူညီပေးနိုင်ဆဲ ကစားသမား တစ်ဦးဟာ ဘာကြောင့်များ အသင်းမှာ ဆက်မရှိသင့်ရမှာလဲ?

ဒါပေမယ့် အဲရစ် ဒီကို ရောက်လာခဲ့တဲ့ အခါ ခင်ဗျားတို့ သူ့ကို မေးသွားရမယ့် မေးခွန်းတစ်ခု ရှိနေပါတယ်။ ခရစ်စတီယာနို အနေနဲ့ သူ့ကိုယ်သူ ဘယ်လို မြင်သလဲ သူ့ရဲ့ position နဲ့ ပက်သက်ပြီး ဘယ်လို မြင်သလဲဆိုတာလည်း အရေးကြီးပါတယ်။

ခရစ်စတီယာနိုဟာ အထောင် တိုက်စစ်မှုး မဟုတ်ပါဘူး။ သူဟာ အဲဒီနေရာမှာ ကစားလိုခြင်း မရှိပါဘူး။ အထောင်တိုက်စစ်မှာ မကစားခိုင်းဖို့ အတွက် ဆိုရင် ခင်ဗျား အနေနဲ့ တိုက်စစ်မှုး ၂ ဦးနဲ့ ကစားသွားဖို့ လိုအပ်ပါတယ်။

ခရစ်စတယ်ပဲလေ့စ်နဲ့ ရင်ဆိုင်ခဲ့တဲ့ ကျွန်တော့်ရဲ့ ပထမဦးဆုံး ပွဲစဉ် ဒါမှမဟုတ် နော့ဝှစ်ရဲ့ ကစားခဲ့တဲ့ ဒုတိယပွဲစဉ် နဲ့ နယူးကာဆယ်နဲ့ ကစားခဲ့တဲ့ ဒုတိယပိုင်းတွေမှာ ကျွန်တော် ဒီလို ကစားစေခဲ့ပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ အခြား နိုင်ငံတွေကိုလည်း ကြည့်လိုက်ပါ။ တိုက်စစ်မှုး ၂ ဦး နဲ့ ကစားတဲ့ ထိပ်တန်း အသင်းက သိပ်ပြီး များများစားစား မရှိပါဘူး။

 

နို်င်ငံတကာမှာ ရှိတဲ့ ထိပ်တန်းအသင်း အများစုဟာ front three ဒါမှမဟုတ် flase nine နဲ့ ကစားကြပါတယ်။ ဒါ့ကြောင့် မန်ယူနိုက်တက် အနေနဲ့ အနာဂတ်မှာ ဘယ်လို အရည်အသွေးမြင့် ကစားသမားတွေ ခေါ်ယူသွားမလဲ ဆိုတဲ့ မေးခွန်းပါပဲ။” လို့ ပြောလိုက်ပါတယ်။

 

သရဲနီ တို့ဟာ လာမည့် နွေရာသီမှာ တိုက်စစ်မှုးတွေ သေချာပေါက် ခေါ်ယူသွားဖို့ အတွက် ပြင်ဆင်လျက် ရှိနေပြီး ကာဗာနီ အန်သိုနီမာစီရယ် တို့ဟာ ကလပ်ကနေ ထွက်ခွာတော့မှာ ဖြစ်တဲ့အပြင် ဂရင်းဝုဒ် ကလည်း အမှုရင်ဆိုင်လျက် ရှိနေကာ ပုံစံကောင်း ပျောက်ဆုံးနေတဲ့ ရပ်ဖို့ဒ်ကလည်း အပြောင်းအရွေ့ သတင်းတွေ ထွက်ပေါ်လျက် ရှိနေခဲ့ပါတယ်။

 

ဘရန့်ဖို့ဒ်ကို ၃-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်ဟာ ရန်းနစ်ရဲ့ ယူနိုက်တက် ယာယီနည်းပြဘ၀ နောက်ဆုံး အိမ်ကွင်းပွဲစဉ် ဖြစ်ပြီး မန်ယူနိုက်တက် အတွက် ဂိုးတွေကိုတော့ ဘရူနိုဖာနန်ဒက်စ် ခရစ်စတီယာနိုရော်နယ်ဒို နဲ့ ဗာရန်း တို့က သွင်းယူပေးခဲ့ပါတယ်။ ယူနိုက်တက်ဟာ နောက်ပိုင်းမှာ ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် လာမည့်ရာသီ ချန်ပီယံလိဂ် ၀င်ခွင့်နဲ့ လွဲချော်ဖို့ များနေပြီး ယူရိုပါလိဂ် ပြိုင်ပွဲနဲ့သာ ကျေနပ်ရတော့မှာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ရန်းနစ်က “နောက်ဆုံးမှာတော့ ရလဒ်တွေနဲ့ ပက်သက်ပြီး ကျွန်တော် မပျော်ရွှင်မိပါဘူး။ အထူးသဖြင့် နောက်ဆုံး ၅ ပတ် ၆ ပတ်လောက်မှာ ဖြစ်ပါတယ်။ ၀က်ဟမ်း အနိုင်ရခဲ့တဲ့ ပွဲစဉ်အထိ ကျွန်တော်တို့ဟာ top 4 race ထဲမှာ ရှိနေခဲ့ပါတယ်။

ကျွန်တော်တို့ ပုံစံကောင်း ရနေခဲ့သလို ပေးဂိုးတွေလည်း နည်းပါးခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး ရက်သတ္တပတ် အနည်းငယ်မှာတော့ ကစားပုံဟာ ကောင်းမွန်ခြင်း မရှိခဲ့ပါဘူး။ ယေဘူယျအားဖြင့် ကျွန်တော်တို့ရဲ့ ခြေစွမ်း မတည်ငြိမ်ခဲ့တာပါ။” လို့ ဆိုသွားပါတယ်။

 

SM