မန်စီးတီး အသင်းကို အကြီးအကျယ် ဝေဖန်ခဲ့တဲ့ အီဗရာကို လှလှပပ ပြန်လည် တုန့်ပြန်လိုက်တဲ့ ပက် ဂွာဒီယိုလာ

မန်စီးတီး အသင်းရဲ့ နည်းပြ ဖြစ်သူ ပက်ဂွာဒီယိုလာက သူဟာ personality ကောင်းသူ ၊ ခေါင်းဆောင်နိုင်စွမ်းရှိသူတွေကို အသင်းမှာ အလို မရှိဘူးလို့ ပြောဆို ဝေဖန်ခဲ့တဲ့ ယူနိုက်တက် ခံစစ်မှူးဟောင်း ပတ်ထရစ် အီဗရာ ကို လှလှပပ ပြန်လည် တုန့်ပြန်ခဲ့လိုက်ပါတယ် ။

ယူနိုက်တက် ဘယ်နောက်ခံလူဟောင်း ပတ်ထရစ် အီဗရာဟာ ပြီးခဲ့တဲ့ တစ်ပါတ်က ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ရီးယဲ မက်ဒရစ် အသင်းကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရတဲ့ မန်စီးတီး အသင်းကို အတော်လေး ဝေဖန် ထိုးနှက်သွားခဲ့တာပဲ ဖြစ်ပါတယ် ။

အီဗရာ က မန်စီးတီး နည်းပြ ဂွာဒီယိုလာဟာ အသင်းမှာ personality ကောင်းတဲ့ ကစားသမား ၊ ခေါင်းဆောင်နိုင်မှု စွမ်းရည်ရှိတဲ့ ကစားသမားတွေကို အလို မရှိကြောင်း ၊ ဂွာဒီယိုလာကသာ သူ့အသင်းမှာ အရာရာကို ဦးဆောင်သူ ဖြစ်ကြောင်း ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် မန်စီးတီး အသင်းကို ကြည့်ရတာက PSG အသင််းကို မြင်ယောင်စေကြောင်း ၊ ကစားသမားတွေဟာ မန်စီးတီး အသင်းဆီ ပြောင်းရွှေ့ချင်တာထက် မန်စီးတီး အသင်းရဲ့ မက်လောက်စရာ ကမ်းလှမ်းမှုကို သဘောကျပြီး ဒီအသင်းဆီ ပြောင်းကြတာ ဖြစ်ကြောင်း ပြောခဲ့ပါသေးတယ် ။

အခုတော့ မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာ က အီဗရာ ရဲ့ စကားကို သဘောမတူကြောင်း ၊ အီဗရာ ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြန်လာချင်လို့ အခုလိုမျိုး ပြောတာ ဖြစ်ကောင်းဖြစ်နိုင်ကြောင်း ၊ အီဗရာကသာ သူ့အနားမှာရှိရင် personality ကောင်းတဲ့ သူ့ရဲ့ ကစားသမားတွေကို တန်းစီ ပြသလိုက်မှာ ဖြစ်ကြောင်း တုန့်ပြန်သွားခဲ့လိုက်ပါတယ် ။

” ကျွန်တော် personality ကောင်းတဲ့ ကစားသမား မလိုချင််ဘူးတဲ့လား ? ဒါကိုတော့ သဘောမတူပါဘူး ။ ပတ်ထရစ် ၊ ငါ ကစားစေမှာ မဟုတ်ပါဘူး ။ ကွင်းထဲမှာ ကစားစေဖို့ ကျွန်တော်ဟာ personalityကောင်းတဲ့ ကစားသမားကောင်းတွေကို လိုအပ်ပါတယ် ။ ဒီလိုမှ မဟုတ်ရင် ငါတို့တွေ… ”

” သူ ဘာပြောခဲ့လဲဆိုတာ ကျွန်တော် မသိသလို ဖတ်လည််းမဖတ်ဖြစ်ခဲ့ပါဘူး ။ ကျွန်တော့် အတိတ်ကို ကြည့်လိုက််ရင် ဘာစီလိုနာ ၊ ဘိုင်ယန် မြူးနစ် နဲ့ ဒီ အသင်းတွေမှာ ကောင်းမွန်တဲ့ ၊ အံ့ဖွယ် ကစားသမားတွေကို ပိုင်ဆိုင်ထားခဲဲ့ပါတယ် ။ personality ၊ character အကြောင်း ပြောရရင် စာရင်းတောင် ထုတ်ပေးလို့ ရပါတယ် ”

” သူတို့ထဲက အများစုဟာ ကမ္ဘာ့ ဖလား ၊ ယူရို ဖလား ၊ ချန်ပီယံလိဂ် ဖလားတွေကို ဆွတ်ခူးခဲ့သူတွေချည်းပါပဲ ။ ဒါဟာ အီဗရာ မှန်ကောင်း မှန်နိုင်သလို မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြန်လာပြီး အလုပ်လုပ်ဖို့ စကားလမ််းကြောင်းတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ”

” ဒီအချိန်က အခွင့်ကောင်းပဲလေ ။ ကောင်းတယ် ၊ ပတ်ထရစ်ရေ ၊ အကယ်လို့ မင်းသာ ငါနဲ့ အတူ ရှိနေမယ် ဆိုရင်် အသင်းမှာ ရှိနေတဲ့ ကစားသမားတွေရဲ့ personality နဲ့ character တွေကို အခုချက်ခြင်းပဲ ပြသလိုက်မှာပါ ။ တကယ််ပြောတာပါကွာ ” လို့ ဂွာဒီယိုလာ က ပြန်လည် တုန့်ပြန်သွားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar