မင်းတို့တွေ ဒီဂျာစီဝတ်ဖို့ မထိုက်တန်ဘူးလို့ အော်ဟစ်ခဲ့ကြတဲ့ ပရိသတ်တွေအပေါ် မှတ်ချက်ပေးလိုက်တဲ့ ဘရူနို ဖာနန်ဒက်စ် 

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က ဘရိုက်တန် အသင်းကို 4 ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့နောက် ‘ မင်းတို့တွေ ဒီဂျာစီ ဝတ်ဆင်ဖို့ မထိုက်တန်ကြဘူး ‘ လို့ အော်ဟစ်ခဲ့ကြတဲ့ ပရိသတ်တွေရဲ့ လုပ်ရပ်က သူတို့ရှုထောင့်က ကြည့်ရင် မှန်ကန်ကြောင်း ဖွင့်ပြောခဲ့လိုက်ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက ပရီးမီးယားလိဂ် ပွဲစဥ် 37အဖြစ် ဘရိုက်တန် အသင်းနဲ့ အဝေးကွင်း ပွဲစဥ် ကစားခဲ့ရပြီး 4 – 0 ဆိုတဲ့ ဂိုးပြတ် ရှုံးပွဲ တစ်ပွဲကို ကြုံတွေ့ခဲ့လိုက်ရပါတယ် ။ ဒါဟာ ပရိသတ်တွေဖက်မှ ဘယ်လိုမှ လက်ခံလို့ မရတဲ့ ရလဒ်မျိုးပါပဲ ။

 

ဒီပွဲစဥ်ရဲ့ ပထမပိုင်း 15 မိနစ်မှာပဲ ဘရိုက်တန် အသင်းရဲ့ ကွင်းလယ်လူ ကိုင်စီဒို က အဖွင့်ဂိုး စတင် သွင်းယူခဲ့ပါတယ်် ။ ဒါ့အပြင် ပွဲချိန် ဒုတိယပိုင်းမှာ ကူကူရယ်လာ၊ ဂရော့စ် ၊ ထရော့ဆက် တို့က တစ်ဂိုးစီ ထပ်မံ သွင်းယူခဲ့ကြပြီး ပွဲစဥ်ဟာ 4 – 0 နဲ့ ပြီးဆုံးသွားခဲ့ရပါတယ် ။

 

ဒီပွဲမှာတော့ ယူနိုက်တက် အသင်းရဲ့ ခံစစ်ပိုင်း ကစားပုံဟာ စုတ်ချာလွန်းခဲ့သလို ကွင်းလယ်လည်းညံ့ခဲ့ပြီး တိုက််စစ် ကစားသမားတွေလည်း ဂိုးပေါက် ခြိမ်းခြောက်မှု ၊ အဆုံံးသတ် စွမ်းရည်ဟာလည််း တကယ့်ကို စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ် ။

 

ဒါ့ကြောင့်လည်း အသင်းလိုက် ကစားပုံ ဆိုးရွားခဲ့တဲ့ စွမ််းဆောင်ရည်ကို ကြည့်ပြီး ယူနိုက်တက် ပရိသတ်တွေက ကစားသမားတွေကို ‘ မင်းတို့တွေ ဒီဂျာစီ ဝတ်ဆင်ဖို့ မထိုက််တန်ကြဘူး ‘ လို့ ပေါက်ကွဲ အော်ဟစ်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။

 

အခုတော့ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် က ပရိသတ်တွေရဲ့ လုပ်ရပ်က မှန်ကန်ကြောင်း ၊ သူတို့ရဲ့ ကစားပုံဟာ ဒီလို အော်ခံရဖို့ ထိုက်တန်ကြောင်း ၊ သူကိုယ််တိုင်လည်း အပြောခံသင့်သူ စာရင်းထဲ ပါဝင်ကြောင်း ဝန်ခံသွားခဲ့လိုက်ပါတယ် ။

 

” ဒီစာရင်းထဲ ကျွန်တော့်ကိုယ်ကျွန်တော်လည်း ထည့်သွင််းပါတယ် ။ ဒီနေ့ ကျွန်တော်တို့ လုပ်ခဲ့ကြတာ ၊ ကျွန်တော် လုပ်ခဲ့တာတွေက ဒီဂျာစီ ဝတ်ဆင်ဖို့ ဘယ်လိုမှ လုံလောက််မှု မရှိခဲ့ပါဘူး ။ ဒါ့ကြောင့် သူတို့တွေ ပြောခဲ့တာတွေကို ကျွန်တော် လက်သင့်ခံပါတယ် ”

” ရလဒ်က တကယ့်ကို ပြောစရာ ဖြစ်ခဲ့ရပါတယ် ။ ကျွန်တော််တို့ရဲ့ စွမ်းဆောင်ရည်က လုံလောက်မှု မရှိခဲ့ပါဘူး ။ သူတို့ဟာ ကျွန်တော်တို့ကို လွှမ်းမိုး ကစားသွားခဲ့ကြတယ် ။ သူတို့မှာ အဖြေ တစ်ခု ရှိနှင့်ပြီးသားပါပဲ ။ ကျွန်တော်တို့ဖက်် ပိုပြီး ဖိအားပေး ကစားနိုင်ခဲ့ကြသလို ရလဒ်နဲ့လည်း ထိုက်တန်ခဲ့ကြပါတယ် ”

 

 

” ကျွန်တော်တို့ဖက်မှာတော့ အရာရာတိုင်းဟာ မှားယွင်းနေခဲ့ပါတယ် ။ အရည်အသွေးအပိုင်း ၊ စိတ်ဓါတ်ပိုင်းရောပေါ့ဗျာ ။ သူတို့ဟာ နိုင်ပွဲနဲ့ ထိုက်တန်ကြသလို ကျွန်တော်တို့လည်း လက်ရှိ ရှိနေတဲ့ နေရာမှာ ရှိနေဖို့ ထိုက်တန်ခဲ့ကြပါတယ် ”

” ကျွန်တော်တို့ အနေနဲ့ ဒါကို ပြန်ကြည့်ပြီး ရှက်နေသင့်ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါဟာ ကျွန်တော်တို့ဆီက လုံလောက်စွာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည် မဟုတ်ခဲ့လို့ ပါပဲ ။ ကျွန်တော်တို့ ဒီထက်ပိုကောင်းအောင် ကစားပြရပါ့မယ် ” လို့ ဘရူနို က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

 

#Sports_Myanmar