ဘောလုံးသမားတွေ ညည်းတွားရမယ့် UEFA Nations League ပွဲစဉ်တွေ လာပါပြီ . . .

၂၀၂၁ – ၂၀၂၂ ဘောလုံးရာသီကြီး ပြီးဆုံးသွားပြီ . . . ဘောလုံးပွဲတွေ ပြီးသွားပြီလို့ ထင်နေကြတဲ့ သူတွေ အတွက် UEFA နေးရှင်းလိဂ် ပွဲစဉ်တွေ ရောက်ရှိလို့ လာပါပြီ ။

လာမယ့် ဇွန်လ ၂ ရက်နေ့ ကနေပြီး ၁၅ ရက်နေ့ အတွင်းမှာ နေးရှင်းလိဂ် ပွဲစဉ် ၄ ပွဲကို ကစား သွားမှာ ဖြစ်ပြီး ပရိသတ်တွေ ကတော့ ၁၄ ရက် ဆက်တိုက် ဘောလုံးပွဲတွေ ကြည့်ရှု ရဦးမှာပါ ။

ဘောလုံးသမားတွေ ကတော့ ညည်းတွားနေကြ ပါတယ် ။

နေးရှင်းလိဂ် ဆိုတာဟာ ယခင်က ကလပ် အသင်းတွေ ကစားနေကြတဲ့ ခြေစမ်းပွဲတွေ ရဲ့ နေရာမှာ အစားထိုး ကျင်းပတဲ့ ပြိုင်ပွဲ တခု ဖြစ်ပြီး ခြေစမ်းပွဲတွေ ရဲ့ ပျင်းရိ ငြီးငွေ့ စရာ ကောင်းမှုကို အကျိတ်အနယ် ယှဉ်ပြိုင်မှု တွေနဲ့ အစားထိုးဖို့ မျှော်လင့် ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါကြောင့် ဥရောပ ရဲ့ ထိပ်တန်း လက်ရွေးစင် အသင်းတွေကို အုပ်စုတွေ ထဲမှာ အတူ ထည့်သွင်းပေးပြီး တန်းဆင်းတန်းတက် စနစ်တွေ နဲ့ ယှဉ်ပြိုင်မှု မကောင်း ကောင်းအောင် လုပ်ဆောင်ခဲ့တဲ့ နောက်မှာတော့ နေးရှင်းလိဂ် ဖလား ပိုင်ရှင်တွေလည်း ပေါ်ထွက် လာခဲ့ရပါတယ် ။

ဘောလုံး သမားတွေ ကတော့ ဒီလိုမျိုး ပြိုင်ပွဲ ကို မနှစ်သက်သူတွေ ရှိခဲ့ပြီး ဘယ်လ်ဂျီယံ နဲ့ မန်စီးတီး ကွင်းလယ်လူ ကယ်ဗင် ဒီဘရိုင်းနား ကတော့ ပေါ်တင် ဖွင့်ဟပြောဆို လာခဲ့ ပါတယ် ။

“ကျွန်တော့ အတွက်တော့ နေးရှင်းလိဂ် ဆိုတာ အရေးမပါတဲ့ ပြိုင်ပွဲ တခုပါပဲ ။ ဒီပွဲတွေကို ( မကစားချင်ဘဲ ) ကစား နေရပါတယ် ။ ပြိုင်ပွဲ ဆိုပေမယ့် တကယ်တော့ လေ့ကျင့်ပွဲ ပုံစံမျိုးပါပဲ”

“လူတိုင်းက ခက်ခဲ ကြမ်းတမ်းတဲ့ ရာသီတခုကို ဖြတ်သန်း လာခဲ့တာပါ ၊ ကွင်းထဲကို ဝင်လိုက်တာနဲ့ အနိုင်ရဖို့ ဆိုတဲ့ အရာ တခုတည်းအတွက် အစွမ်းကုန် ယှဉ်ပြိုင် ခဲ့ကြရတာပါ ။ အခု ကျွန်တော်တို့တွေ အားလပ်ရက် ရချင်ပါပြီ ၊ နားဖို့ လိုအပ်နေပါပြီ ။ ဒါပေမယ့် ကျွန်တော် တတ်နိုင်တာ ဘာမှ မရှိပါဘူး” လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

အုပ်စု ပွဲစဉ် ၃ ပွဲ ကစားရမှာ ဖြစ်တာကြောင့် ဒီဘရိုင်းနား ဟာ ဇွန်လ ၁၅ ရက်နေ့မှ မိသားစု နဲ့ အားလပ်ရက် ခရီး ထွက်နိုင်မှာ ဖြစ်ပြီး ဇူလိုင် အစပိုင်းမှာ မန်စီးတီး အသင်းဆီ ကို အရောက်ပြန်ပြီး ရာသီကြို ပြင်ဆင်မှုတွေ ကို လုပ်ဆောင် သွားရတော့မှာပဲ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ပြိုင်ပွဲ ၂ ကြိမ်မှာ ပေါ်တူဂီ နဲ့ ပြင်သစ် တို့ ဗိုလ်စွဲ ထားပြီး ဒီတကြိမ် မှာတော့ ဘယ်လက်ရွေးစင် အသင်းက အောင်ပွဲခံမလဲ ဆိုတာ စောင့်ကြည့် ရဦးမှာပဲ ဖြစ်ပါတယ် ။

ဒီနှစ် နေးရှင်းလိဂ် ရဲ့ အမြင့်ဆုံး လိဂ် က အုပ်စုတွေ ကတော့ –

League A Group 1

သြစတြီးယား ၊ ခရိုအေးရှား ၊ ဒိန်းမတ် ၊ ပြင်သစ်

League A Group 2

ချက် ၊ ပေါ်တူဂီ ၊ စပိန် ၊ ဆွစ်ဇာလန်

League A Group 3

အင်္ဂလန် ၊ ဂျာမနီ ၊ ဟန်ဂေရီ ၊ အီတလီ

League A Group 4

ဘယ်လ်ဂျီယံ ၊ နယ်သာလန် ၊ ပိုလန် ၊ ဝေးလ် တို့ပဲ ဖြစ်ကြပါတယ် ။

အဆိုပါ အသင်းတွေ ရဲ့ လာမယ့် ပွဲစဉ် ၁ ကနေ ၄ အထိ ကစားရမယ့် ပွဲများ –

ပွဲစဉ် ၁ ( ဇွန်လ ၁ ရက်နေ့မှ ၅ ရက်နေ့ အထိ )

ပိုလန် – ဝေးလ်

ချက် – ဆွစ်ဇာလန်

စပိန် – ပေါ်တူဂီ

ဘယ်လ်ဂျီယံ – နယ်သာလန်

ခရိုအေးရှား – သြစတြီးယား

ပြင်သစ် – ဒိန်းမတ်

ဟန်ဂေရီ – အင်္ဂလန်

အီတလီ – ဂျာမနီ

ပွဲစဉ် ၂ ( ဇွန်လ ၅ ရက်နေ့မှ ၉ ရက်နေ့ အထိ )

ပေါ်တူဂီ – ဆွစ်ဇာလန်

ချက် – စပိန်

ခရိုအေးရှား – ပြင်သစ်

သြစတြီးယား – ဒိန်းမတ်

အီတလီ – ဟန်ဂေရီ

ဂျာမနီ – အင်္ဂလန်

ဘယ်လ်ဂျီယံ – ပိုလန်

ဝေးလ် – နယ်သာလန်

 

ပွဲစဉ် ၃ ( ဇွန်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့ အထိ )

ဆွစ်ဇာလန် – စပိန်

ပေါ်တူဂီ – ချက်

သြစတြီးယား – ပြင်သစ်

ဒိန်းမတ် – ခရိုအေးရှား

အင်္ဂလန် – အီတလီ

နယ်သာလန် – ပိုလန်

ဂျာနီ – ဟန်ဂေရီ

ဝေးလ် – ဘယ်လ်ဂျီယံ

 

ပွဲစဉ် ၄ ( ဇွန်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ အထိ )

ဆွစ်ဇာလန် – ပေါ်တူဂီ

စပိန် – ချက်

ပြင်သစ် – ခရိုအေးရှား

ဒိန်းမတ် – သြစတြီးယား

ပိုလန် – ဘယ်လ်ဂျီယံ

ဂျာမနီ – အီတလီ

နယ်သာလန် – ဝေးလ်

အင်္ဂလန် – ဟန်ဂေရီ တို့ပဲ ဖြစ်ကြပါတယ် ။

 

SPORTS MYANMAR