ဘရိုက်တန်ကို အဝေးကွင်းမှာ ဂိုးပြတ်ရှုံးခဲ့တဲ့ ပွဲစဥ်မှ ယူနိုက်တက် ကစားသမားတွေရဲ့ စုတ်ချာလွန်းတဲ့ rating မျာ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက ပရီးမီးယားလိဂ် ပွဲစဥ် 37 အဖြစ် ဘရိုက်တန် အသင်းနဲ့ ရင်ဆိုင််ကစားခဲ့ရပြီး 4 – 0 ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့လိုက်ရပါတယ် ။ ဒါဟာ တကယ့်ကို ရူးသွပ်ဖွယ်ကောင်းတဲ့ ရလဒ်မျိုး ဖြစ်သွားခဲ့ရပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် နည်းပြ ရန်းဂနစ်ဟာ ခြေစွမ်းကျဆင်းနေခဲ့တဲ့ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွားယားကို အရံခုံပေါ် ချန်လှပ်ခဲ့ပြီး ဗာရန်း ၊ လင်ဒီလော့ဖ် တို့ကို ဆက်လက် ပွဲထုတ်ခဲ့ပါတယ် ။ ဒါပေမဲ့ အသင်းရဲ့ ခံစစ်ကတော့ ယိုယွင်းမြဲယိုယွင်းဆဲပါပဲ ။

ဒါ့ကြောင့် ယူနိုက်တက်တို့ ပွဲချိန် 15 မိနစ်မှာပဲ အဖွင့်ဂိုး ပေးခဲ့လိုက်ရပါတယ် ။ ဒါ့အပြင် ဒုတိယပိုင်း စတင်ပြီး 4 မိနစ် အကြာမှာ နောက်တစ်ဂိုး ပေးခဲ့ရပြီး ပွဲချိန် 57 နဲ့ 60 မိနစ်တွေမှာ တစ်ဂိုးစီ ထပ်မံ ပေးခဲ့ရပါတယ် ။ ဒါ့အပြင် ဂိုးသွင်းနိုင်ခွင့်တွေ ရရှိခဲ့ပေမဲ့ ညံ့ခဲ့ကြတဲ့အတွက် တစ်ဂိုးတောင် ပြန်မရနိုင်ခဲ့ပါဘူး ။

ဒီအတွက် ဘရိုက်တန် ဂိုးသမား ဆန်းချက်ဇ် ကလည်း ထိုက်တန်တဲ့ လက်စွမ်းကောင်း ပြသသွားနိုင်ခဲ့ပါသေးတယ် ။ ဒီပွဲစဥ်မှ အသင်းလိုက် စုတ်ချာခဲ့ကြတဲ့ ယူနိုက်တက် ကစားသမားတွေရဲ့ ကွင်းအတွင်း စွမ်းဆောင်ရည် သတ်မှတ်ချက်ကို ဖော်ပြပေးလိုက်ပါတယ် ။

ဒီဂီယာ (4)

အဖွင့်ဂိုးကို ဟန့်တားရေးမှာ နှေးကွေးနေခဲ့ပါတယ် ။ အဲ့ဒီနောက် 3 ဂိုး ထပ်မံပေးခဲ့ရပြီး ညံ့တဲ့ ခံစစ် စွမ်းဆောင်ရည််ကြောင့် 4 ဂိုးပြတ် ရှုံးနိမ့်ခဲ့လိုက်ရပါတယ် ။

ဒါးလော့ (3)

ပထမပိုင်းမှာတော့ တိုက်စစ်ပိုင်း တက်ရောက် ကစားပုံတွေ ကောင်းခဲ့ပါတယ် ။ ဒါပေမဲ့ ဒုတိယ နဲ့ တတိယ ပေးဂိုးမှာ အမှားမကင်းသူ ဖြစ်သွားခဲ့ရပါတယ် ။

လင်ဒီလော့ဖ် (2)

အဖွင့်ဂိုးမှာထဲက အမှားမကင်းသူ ဖြစ်သွားခဲ့ရပါတယ် ။ လျင်မြန်မှု ကင်းမဲ့ပြီး အားပါပါ ကစားပေးနိုင်ခြင်း မရှိခဲ့ပါဘူး ။

ဗာရန်း (2)

ဝဲလ်ဘတ် ကို ထိန်းချုပ်နိုင်ဖို့ အခက်တွေ့ခဲ့ရသလို ပါစကယ် ဂရော့စ် ကို ကန်ခွင့်ပေးခဲ့တာကလည်း စိတ်ပျက်စရာ ဖြစ်သွားခဲ့ရပါတယ် ။

တဲလက်စ် (2)

ကံကောင်းလို့ ပွဲထွက်ခွင့် ရရှိနေခဲ့သူပါ ။ ပွဲထွက်ခွင့်တွေနဲ့ မထိုက်တန်ကြောင်း မကြာခန target men အဖြစ်ခံပြီး သက်သေပြသွားခဲ့ပါတယ် ။

တော်မီနေး (2)

ပွဲထွက်ခွင့်နဲ့ မထိုက်တန်ကြောင်း ပြသခဲ့တဲ့ နောက်ထပ် ကစားသမား တစ်ဦးပါပဲ ။ ဘစ်ဆူးမား ၊ ကိုင်စီဒို တို့ရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရပြီး အမှားတွေ မကြာခန ကျူးလွန်ခဲ့ပါတယ် ။

မာတစ် (5)

ရုန်းကန်နေရတဲ့ တော်မီနေးကြောင့် ကွင်းလယ်ခံစစ်နေရာမှာ တစ်ဦးထဲ ကစားခဲ့ရပါတယ် ။ အသင်းဖော်တွေ အားလုံး ညံ့ဖျင်းတဲ့ပွဲမှာ တက်နိုင်သလောက် တည်တည်ငြိမ််ငြိမ် ကစားပေးနိုင်ခဲ့ပါတယ် ။

အီလန်ဂါ (2)

ဘရိုက်တန် နဲ့ မာထန်တဲ့ ကစားဟန်ကို ထိုးဖောက်နိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဘာမှ ထူးခြားစွာ မလုပ်ပေးနိုင်ခဲ့တဲ့အတွက်် ပထမပိုင်းအပြီး လူလဲခံခဲ့ရပါတယ် ။

မာတာ (3)

ဘရိုက်တန် ရဲ့ ကစားဟန်ကို ထိုးဖောက်ဖို့ ရုန်းကန်ခဲ့ရပေမဲ့ အခွင့်ကြုံတိုင်း ကစားခွင့် ရသင့်သူ ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ် ။ ယူနိုက်တက်ရဲ့ တိုက်စစ်ဆင်မှုတွေဟာ သူ့ဆီက စတင်တာများခဲ့ပါတယ် ။

ဘရူနို (3)

အခွင့်အရေး အချို့ကို ဖြုန်းတီးခဲ့ပါတယ် ။ နောက်ထပ် ဆိုးရွားလွန်းတဲ့ ပွဲစဥ် ၊ စွမ်းဆောင်ရည်တွေကို ပြသခဲ့ပြန်ပါတယ် ။

ရော်နယ်ဒို (2)

ကန်ချက်တွေ ဂိုးပေါက်လွဲချော်တာ များခဲ့ပြီး ဖိအားပေး ကစားနိုင်စွမ်းလည်း ကင်းမဲ့ခဲ့ပါတယ် ။ လုံလောက်တဲ့ ခြိမ််းခြောက်မှု မလုပ်နိုင်ခဲ့တဲ့အပြင် အဝါကဒ်လည်း ထိခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ…

ဖရက်ဒ် (5)
ကာဗာနီ (5)
မက်ဂွားယား (6)

#Sports_Myanmar