ဗီလာ ရီးရဲ ကွင်းမှာ သာသာယာယာ ကစားရမယ် မထင်နဲ့လို့ လီဗာပူး ကို သတိပေးလိုက်တဲ့ #ပါအူ တောရက်

ဗီလာရီးရဲ အသင်း ရဲ့ စပိန် ခံစစ်မှုး တောရက် က သူတို့ဟာ အိမ်ကွင်း အားသာချက်ကို အသာစီး ရယူပြဖို့ ယုံကြည်မှု အပြည့်ရှိတယ် လို့ ဆိုလိုက်ပြီး ၊ လီဗာပူး အနေနဲ့ ပထမ အကျော့တုန်းကလို သာသာယာယာ ကစားရလိမ့်မယ်လို့ မျှော်လင့်မထားဖို့ သတိပေးလိုက်ပါတယ်။

အန်ဖီးလ် မှာ ကစားခဲ့ပွဲစဉ်မှာ လီဗာပူးက တစ်ချိန်လုံး တစ်ဖက်သတ် ဖိကစားပြခဲ့သည့်တိုင်အောင် ဗီလာ ရီးရဲ ကတော့ ဂိုးပေါက် ကန်သွင်းမှု တစ်ကြိမ်မှ မရပဲ နဲ့ အပြတ်သတ် အရှုံးပေးလိုက်သွားခဲ့ရပါတယ်။

ဒီညနေ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တောရက် က –

“အခြေအနေ က ဘယ်လိုလဲ ဆိုတာ သတိထားမိပါတယ်။ ပြီးခဲ့တဲ့ အပတ်က ဗီလာ ရီးရဲ ထက် လက်ရှိ ဗီလာ ရီးရဲ က ပိုကောင်းတယ်လို့ ထင်ပါတယ်။ ကျနော်တို့ ဘာတွေ လုပ်ပြရမလဲ ဆိုတာ သဘော ပေါက်သလို ၊ သတိလဲ ထားမိပါတယ်။

ကျနော်တို့ နောက်မှာ အပြည့်အ၀ ရပ်တည်ပေးမယ့် ပရိသတ်တွေ ရှိတယ်လေ။ အရေးကြီးတဲ့ ပွဲစဉ်တွေ ဆိုရင် ကိုယ့်အိမ်ကွင်းမှာ အရမ်းကို ကစားပုံ တောင့်တင်းတဲ့ ဗီလာ ရီးရဲ ကို ဒီရာသီမှာ မြင်ထားခဲ့ကြပြီးပါပြီ။ ဒါကြောင့် ဘာတွေ လုပ်ပြဖို့ လိုလဲ ဆိုတာ သတိပြုမိပါတယ်။

လီဗာပူး က ကျနော်တို့ ကို အံ့အားသင့်အောင် မလုပ်ပြခဲ့ပါဘူး။ သူတို့ ကစားပုံက ဘယ်လိုလဲ ဆိုတာ ကျနော်တို့ သိထားတယ်လေ။ သူတို့ဟာ ကျနော်တို့ တိုက်စစ်ကို သက်ဝင်ခြင်း မရှိအောင် လုပ်ခဲ့တာ မှန်ပေမယ့် ၊ ကျနော်တို့ ကလဲ ပထမပိုင်းမှာ သူတို့ရဲ့ တိုက်စစ်ဆင်မှုတွေ ကို တည်တည်ငြိမ်ငြိမ် နဲ့ တားဆီးပြခဲ့တာပါ။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ အပြောင်းအလဲတွေ ဖြစ်သွားပါတယ်။

ပွဲစဉ်တိုင်းက မီးနစ် 180 ကစားပြီးမှ အဖြေပေါ်တာမို့လို့ ၊ ဘာမှ အဆုံးအဖြတ် မပေးသေးပါဘူး။

ဒီပွဲက ကျနော်တို့ ကလပ် သမိုင်းကြောင်း တစ်လျှောက် စိန်ခေါ်မှု အကြီးဆုံး ပွဲစဉ်မျိုး ဖြစ်ပါတယ်။ ကျနော်တို့ ကလဲ 100% အပြည့် နဲ့ ပေးဆပ် ကစားမှာ ဖြစ်သလို ၊ ကျနော်တို့ နောက်မှာ ဘယ်သူတွေ ဝန်ရံပေးထားမလဲ ဆိုတာ သဘောပေါက်ထားပါတယ်။ ကျနော် ကိုယ်တိုင်လဲ ကွင်းထဲ အထိ လာရောက်အားပေးမယ့် ပရိသတ်တွေကို ပျော်ရွှင် ကျေနပ်စေချင်တာလေ။

ဒီလို ပွဲမျိုးမှာ ဘာဇာတ်ညွှန်းမှ ကြိုရေးမထားပါဘူး။ ရည်ရွယ်ချက် က တစ်ခုပဲ ရှိပါတယ်။ အဲဒီလို လုပ်ပြ ဘယ်လို ပုံစံ ကစားပြရမယ် ၊ ဘယ်အချိန်မျိုးမှာ ဂိုးသွင်းပြရမယ် ဆိုတဲ့ ကန့်သတ်ချက်တွေ မရှိပါဘူး ။ နားလည်ထားတာ က တစ်ဂိုး သွင်းပြလိုက်တာ နဲ့ ကျနော်တို့ က လမ်းကြောင်းမှန် တစ်ခုပေါ်ကို ပြန်လည် တည့်မတ်သွားနိုင်မယ် ဆိုတာပါ။

ချန်ပီယံလိဂ် ဗိုလ်စွဲဖို့ ရေပန်းစားခဲ့တဲ့ ပြိုင်ဘက်တွေ နဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေ က ဥပမာကောင်းတွေပါပဲ။ ကျနော်တို့ ဟာ အဲဒီလို အသင်းကောင်းတွေ ကိုတောင် အနိုင်ယူပြခဲ့တယ်လေ။ အခုလဲ ကိုယ့်အိမ်ကွင်းမှာ ကစားရမယ် ဆိုပေမယ့် ၊ သူတို့က ပိုပြီး ရေပန်းစားတာပါ။

မန်နေဂျာကြီး ကတော့ ကိုယ့် ကစားဟန် အတိုင်း ၊ ကိုယ့် ပုံစံ အတိုင်း ကစားပြတာမျိုးပဲ လိုချင်ပါတယ်။ ကျနော်တို့ မှာ အိုက်ဒီယာတွေ အပြည့်ရှိပါတယ်။ ရှေ့ပွဲတွေ တုန်းကလို နည်းပြကြီး ညွှန်ကြားတဲ့ အတိုင်း Game Plan ကို အကောင်ထည် ဖော်နိုင်မယ် ဆိုရင် ၊ စာရွက်ပေါ်မှာ လူစာရင်း သာတဲ့ အသင်းမျိုးတွေကိုတောင် ကျော်ဖြတ်ပြနိုင်တယ် ဆိုတာ ပြသခဲ့ပြီးသားပါ။

နောက်တစ်ကြိမ် ထပ်လုပ်ပြဦးမယ် ဆိုရင် ကျနော်တို့ ၊ အခွင့်အရေး ရတိုင်းမှာ ယုံကြည်ချက်တွေက ပိုပြီး တိုးပွားလာမှာ ဖြစ်ပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

SM