ဗီလာ ရီးရဲ ကို လုံး၀ လျှော့တွက်ထားလို့ မရတဲ့ အချက် ၃ ချက်ကို ဆွဲထုတ်ပြလိုက်တဲ့ ခရစ္စ ရှပ်တန်

မနေ့ကပဲ ဗီးလာ ရီးရဲ ကို ကျနော် ရောက်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာ လီဗာပူး အနေနဲ့ အိမ်ရှင် အသင်းတွေ ကို လျှော့တွက်လို့ မရတဲ့ အချက်တွေကို ဆွဲထုတ် ကြည့်ဖြစ်ပါတယ်။

ဒီပွဲ အတွက် အစီအစဉ် တင်ဆက်သူ အဖြစ် ကျနော်က လုပ်ကိုင်သွားမှာ ဖြစ်ပြီး ၊ ဒုတိယ အကျော့ပွဲစဉ် က အဖြေပေါ်ပြီးသား မဟုတ်တဲ့အကြောင်း ၊ ဗီလာ ရီးရဲ အတွက် ကောင်းမွန်တဲ့ ညချမ်း တစ်ခု ဖြစ်လာနိုင်တဲ့ အကြောင်းအရင်းတွေ ကို အဓိကထား အိမ်စာ လုပ်ထားပါတယ်။

ဒါက ဘောလုံး ဖြစ်ပါတယ်။ ဘယ် အရာမှ ကြိုပြီး အပိုင်တွက်ထားလို့ မရပါဘူး။ ဒါကြောင့် ဗီလာ ရိးရဲ ကို လျှော့တွက်လို့ မရတဲ့ အကြောင်းအရင်း ၃ ခုကို အခုလိုပဲ ဆွဲထုတ်ပြလိုက်ပါတယ်။

၁ – ဗီလာ ရီးရဲ ဟာ ယူဗင်တပ် ၊ ဘိုင်ယန် မြူးနစ် တို့လို အသင်းတွေ ကို နှစ်ကျော့ ကစားပြီး နောက်ကောက်ချပြထားခဲ့တာပါ။ သူတို့မှာ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေ မပိုင်ဆိုင်ထားပဲနဲ့ ဒါမျိုး လုပ်ပြဖို့ မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် အဲဒီ နှစ်ပွဲ စလုံးရဲ့ ဒုတိယ အကျော့ ပွဲစဉ်တွေက အဝေးကွင်းမှာပဲ ကစားခဲ့ရတယ် ဆိုတာ မေ့မထားကြပါနဲ့ဦး။

တူရင် ကို သွားတယ် ၃-၀ နဲ့ အနိုင်ယူပြခဲ့တယ် ၊ မြူးနစ် ကို သွားတယ် ၁-၁ သရေ ကစားပြခဲ့တယ်။ ပြီးတော့ ဆီမီး ဖိုင်နယ် အဆင့်ကို တက်ရောက်လာခဲ့ပါတယ်။

ဒီတစ်ခါ ဒုတိယ အကျော့ ပွဲစဉ်က သူတို့ အိမ်ကွင်းမှာ ကစားရမှာပါ။ ပြီးတော့ အိမ်ကွင်း ရှုံးပွဲ လုံး၀ မရှိတာ ၅ လ ဝန်းကျင်တောင် ရှိနေခဲ့ပါပြီ။ ဒါက လီဗာပူး အတွက်စိန်ခေါ်မှု တစ်ရပ် ဖြစ်ပါတယ်။

၂ – လီဗာပူး ကစားသမားတွေ အနေနဲ့ လွယ်လွယ် နဲ့ ကစားရလိမ့်မယ်လို့ တွက်ထားလို့ မရပါဘူး။ ပထမ အကျော့ အန်ဖီးလ်မှာ ကစားဖူးတာ ပဲ ဆိုပြီး လျှော့တွက်ထားရင်တော့ မှားသွားပါလိမ့်မယ်။ တစ်ဂိုး သွင်းလိုက်တာ နဲ့ ပွဲက သက်ဝင်သွားပါပြီ။ ဒါကြောင့် ကလော့ပ် ဟာ သူ့ ကစားသမားတွေ ရဲ့ အကောင်းဆုံး ပုံစံထက် နည်းနည်းလေးမှ မလျှော့တဲ့ စွမ်းဆောင်ရည်မျိုးပဲ လိုချင်မှာပါ။

အထူးသဖြင့် ကွင်းထဲက သူ့လူတွေ ခြေစွမ်းကို အချိန်ပြည့် အကဲခတ် နေပါလိမ့်မယ်။ ဗီလာ ရီးရဲ ဟာ ဂိုးပေါက်တည့် ကန်သွင်းမှု တစ်ကြိမ် တစ်ခါမှတောင် မရှိခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် ဒီညမှာ အများကြီး ပြောင်းလဲ လာမှာပါ။

ဒမ်ဂျူးမား ၊ ချူကွေဇီ တို့ထဲက ဘယ်သူပဲ တိုက်စစ်ကို ဦးဆောင်လာပါစေ လီဗာပူး ရဲ့ ခံစစ်ထောင်ချောက်ကို လွတ်အောင် ကြိုးစားဖို့ အားထုတ်လာပါလိမ့်မယ်။

၃ – စိတ်ပိုင်း ဆိုင်ရာ ရှုထောင့်ကနေ ကြည့်ရင် ဗီလာ ရီးရဲ မှာ နောက်ထပ် ရှုံးစရာ ဘာမှ မရှိတော့ပါဘူး။ အမ်မရီ ဟာ ဒီအကြောင်းကို သူ့ကစားသမားတွေ နားလည်အောင် တဖွဖွ မှာကြားနေပါလိမ့်မယ်။

အများစုက လီဗာပူးပဲ ဗိုလ်လုပွဲ ကစားဖို့ ပဲရစ် ကို သွားကြိမ်လိမ့်မယ် လို့ မျှော်လင့်ထားတာပါ။ တစ်ချို့ လီဗာပူး ပရိသတ်တွေ ဆိုရင် ဟိုတယ်တွေ မှာ ဘွတ်ကင်တောင် လုပ်ထားပြီးပြီ ဆိုတာ ကျနော် လောင်းကြေးထပ် ပြောရဲပါတယ်။

ဗီလာ ရီးရဲ ကသာ ပြန်ပြီး အနိုင်ယူပြလိုက်မယ် ဆိုရင် ချန်ပီယံလိဂ် သမိုင်းကြောင်း တစ်လျှောက် အကြီးမားဆုံး အံ့အားသင့်စရာ နိုင်ပွဲမျိုး ဖြစ်သွားပါလိမ့်မယ်။ သူတို့က အဲဒီလို မျှော်လင့်ချက်နဲ့ တိုက်ပွဲဝင်သွားမှာပါ။

မှတ်ချက် – ခရစ္စ ရှပ်တန် ဟာ ဘလက်ဘန်း ၊ ချဲဆီး တို့မှာကစားခဲ့ဖူးတဲ့ ပရီးမီးယားလိဂ် ဘောလုံးသမားဟောင်းဖြစ်ပါတယ်။

SM