ပွဲလာကြည့်သူ နည်းပြသစ် တန်ဟတ်ကိုပါ စိတ်သောကတွေ ပေးသွားတဲ့ ပဲလေ့စ် 1 – 0 ယူနိုက်တက် ပွဲမှ ratings

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ရာသီပိတ်ပွဲစဥ်အဖြစ် ဆဲလ်ဟာ့စ် ပါ့ခ် ကွင်းထဲမှာ ခရစ္စတယ် ပဲလေ့စ် အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး 1 – 0 ဆိုတဲ့ အရှုံး ရလဒ် နဲ့ 2021 – 22 ဘောလုံးရာသီိကို ကျောခိုင်းခဲ့လိုက်ရပါတယ် ။

ဒီပွဲမှာ ခရစ္စတယ် ပဲလေ့စ် အသင်းအတွက် တစ်လုံံးထဲသော သွင်းဂိုးကို ယူနိုက်တက် တောင်ပံ တိုက်စစ် ကစား သမားဟောင်း ဖြစ်တဲ့ ဝီလ်ဖရိုက် ဇာဟာ က ပွဲချိန် 37 မိိနစ်မှာ သွင်းယူပေးသွားခဲ့တာပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက် ယူနိုက်တက်တို့ ဂိုးပေါက်ကန်သွင်းမှုတွေ ပြုလုပ်နိုင်ခဲ့ပေမဲ့ ဂိုးမရခဲ့ကြပါဘူး ။

ဒါ့ကြောင့် ယူနိုက်တက်တို့ နောက်ရာသီမှာ ကွန်ဖရန့်လိဂ် ပြိုင်ပွဲပဲ ကစားရလိမ့်မယ်လို့ ထင်မှတ်ခံခဲ့ရပါသေးတယ် ။ ဒါပေမဲ့ လူမစွမ်းတော့ နတ်မ ဆိုသလို တစ်ဖက်မှာ ဝက်စ်ဟမ်း အသင်းကပါ ဘရိုက်တန် တို့ကို 3 – 1 နဲ့ ရှုံးနိမ့်ခဲ့တဲ့ အတွက် ယူနိုက်တက်တို့ ယူရိုပါလိဂ် ကစားခွင့် ရရှိသွားခဲ့ကြပါတယ် ။

ဒီပွဲကိုတော့ ယူနိုက်တက် နည်းပြသစ် ဖြစ်လာခဲ့သူ အဲရစ်် တန်ဟတ် ကလည်း လာရောက် ကြည့်ရှုခဲ့ပါတယ် ။ ဒါကို ကြည့်ပြီး သူလည်း သေချာပေါက် စိတ်သောက ရောက််နေပါလိမ့်မယ် ။ ယူနိုက်တက်တို့ ဆက်လက် ချာခဲ့ကြတဲ့ ဒီပွဲစဥ်မှ ကစားသမားတွေရဲ့ rating ကို ဖော်ပြပေးလိုက််ပါတယ် ။

ဒီဂီယာ (6)

ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ်နေချိန် အလန်းစား ကာကွယ််မှု 2 ကြိမ် လုပ်နိုင်ခဲ့ပါတယ် ။ ဇာဟာ ရဲ့ ကန်ချက် ကိုတော့ ပိုကောင်းမွန်စွာ ကာကွယ်ပြနိုင်ခဲ့သင့်ပါတယ် ။

ဒါးလော့ (4)

ဇာဟာ ကို ထိန်းချုပ်ပြနိုင်ဖို့ အတော်လေး ရုန်းကန်ခဲ့ရပါတယ် ။ ဒါ့ကြောင့်လည်း ဇာဟာ က တစ်လုံးတည်းသော ဂိုးကို အလွယ်တကူ ရယူသွားနိုင်ခဲ့တာပါ ။

လင်ဒီလော့ဖ် (4)

ဘရိုက်တန် နဲ့ ပွဲတုန်းကလို ခြေစွမ်းပဲ ဆက်ပြခဲ့ပါတယ် ။ ဒီလိုသာ ကစားရင် နောက်ရာသီ တတိယ ၊ စတုတ္ထ ဦိးစားပေး ခံစစ်မှူး ဖြစ်သွားပါလိမ့်မယ် ။

မက်ဂွားယား (5)

အသင်းအတွက် ပြန်လည် ကစားပေးခွင့်ရခဲ့တဲ့ ပွဲစဥ်မှာ လင်ဒီလော့ဖ် ထက် ပိုကောင်းပြနိုင်ခဲ့ပါတယ် ။ အကယ်လို့ ဇာဟာ သာ သူ့ဖက် အခြမ်းမှာ ကစားရင် အခုလောက် ကောင်းနိုင်မလားဆိုတာ မသေချာလှပါဘူး ။

တဲလက်စ် (6)

ဒီနေ့မှာတော့ တိုက်စစ် အရမ်းကို လိုက်ပါနိုင်ခဲ့ပြီး အကူအညီိတွေ ​ပေးနိုင်ခဲ့ပါတယ် ။ အသင်းဖော်တွေကိုလည်း အချိန်တိုင်း အော်ဟစ် မောင်းနှင်ပေးခဲ့ပါတယ် ။

တော်မီနေး (4)

ပြိုင်ဖက် ကွင်းလယ်ကို ယှဥ်ကစားနိုင်စွမ်း ကင်းမဲ့ခဲ့ပြန်ပါတယ် ။ ယူနိုက်တက်တို့ သေချာပေါက် ဒီနေရာကို အင််အား ဖြည့်တင်းရလိမ့်မယ်ဆိုတာ ထင်ရှားခဲ့ရပါတယ် ။

ဖရက်ဒ် (5)

6 ပါတ် အကြာမှ အသင်းအတွက် ပြန်လည် ပွဲထွက်ခွင့် ရရှိခဲ့ပြီး သိပ်မဆိုးတဲ့ခြေစွမ်းမျိုး ပြသသွားနိုင်ခဲ့ပါတယ် ။ တိုးတက်ဖို့ လိုအပ်နေပါသေးတယ် ။

ဘရူနို (5)

ဝက်ဖို့ဒ် နဲ့ ပွဲစဥ်တုန်းကလိုမျိုး အမှား ထပ်မံ ကျူးလွန်ခဲ့ပြန်ပြီး ဒီတစ်ကြိမ်မှာတော့ ဂိုးပါပေးခဲ့ရပြန်ပါတယ် ။ အခွင့်အရေး အချို့ကို အသုံးမချနိုင်ခဲ့ပြန်ပါဘူး ။

အီလန်ဂါ (5)

အခွင့်ကောင်း တစ်ကြိမ်ကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး ။ အသင်းမှ တိုက်စစ်ဆင် ကစားဖို့ ကြိုးစားခဲ့ချိန်တွေမှာ ဘောလုံးကိုင်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။

ဟန်နီဘယ် မာ့ဂျ်ဘရီ (6)

ဖိအားပေး ကစားပုံ ကောင်းသူ ဖြစ်ကြောင်း စီနီယာ အသင််းအတွက် ကစားခွင့်ရရှိတုန်း ပြသသွားနိုင်ခဲ့ပါတယ် ။ ဂိုးပေါက် ကန်ခဲ့ပေမဲ့ ဂွိုက်တာ ကာကွယ်နိုင်ခဲ့ပါတယ် ။

ကာဗာနီ (5)

ယူနိုက်တက် အတွက် နောက်ဆုံး ကစားခွင့် ရရှိခဲ့တဲ့ ပွဲစဥ်မှာ ဂိုးပေါက် ခြိမ်းခြောက်နိုင်ခဲ့ပေမဲ့ ပြိုင်ဖက် ဂိုးသမား လက်စွမ်းပြတာနဲ့ ကြုံခဲ့လိုက်ရပါတယ် ။ ပုံမှန် ခြေစွမ်းပြနိုင်ရုံသာ ကစားနိုင်ခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ…

မာတာ (5)
ရှိုရီတိုင်ယာ (5)
ဂါနာချို (5)

#Sports_Myanmar