” ပွဲစဥ်တွေရဲ့ ပရော်ဖက်ဆာ ” ၊ ” လုံးဝ ဟာသပဲ ” ရန်းဂနစ် နဲ့ ယူနိုက်တက် အသင်းအပေါ် လှောင်ရယ်လိုက်တဲ့ အိုဟားရား

တော့တင်ဟမ်ဟော့စပါး အသင်းရဲ့ ကွင်းလယ်လူဟောင််း တစ်ဦးဖြစ်သူ ဂျေမီ အိုဟားရားက မန်ချက်စတာ ယူနိုက်တက်အသင်းမှ ရန်းဂနစ် ထွက်ခွာပြီးနောက် သူ့ကို ခေါ်ယူခဲ့တာက လုံးဝ ဟာသပဲလို့ ခေါင်းစဥ်တပ် လှောင်ရယ် သွားခဲ့လိုက်ပါတယ် ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ ယူနိုက်တက် ယာယီ နည်းပြ ဖြစ််သူ ရဲ့လ်ဖ် ရန်းဂနစ် က သြစတြီးယား လက်ရွေးစင် အသင််း အပေါ် ပိုမို အာရုံစိုက်နိုင်ရေး အတွက် ယူနိုက်တက် အသင်းရဲ့ အကြံပေး ပုဂ္ဂိုလ် ရာထူးကို ရယူတော့မှာ မဟုတ််ကြောင်း အတည်ပြု ကြေငြာခဲ့တာပဲ ဖြစ်ပါတယ် ။

ရန်းဂနစ်ဟာ ဆိုးလ်ရှား ယူနိုက်တက် အသင်းမှ လမ်းခွဲခဲ့ပြီး မိုက်ကယ် ကာရစ်ပါ ထွက်ခွာခဲ့ချိန် ဒီအသင်းရဲ့ ယာယီိ နည်းပြ ရာထူးကို ရယူခဲ့တာပဲ ဖြစ်ပါတယ် ။ သူဟာ ဒီရာသီ အကုန်အထိ နည်းပြပြီး ရာသီသစ်မှာ အကြံပေး အဖြစ်် လုပ်ကိုင်မယ်လို့ သဘောတူခဲ့တာပဲ ဖြစ်ပါတယ် ။

အဆိုပါ ကာလအတွင်းမှာ သူဟာ ယူနိုက်တက် အသင်းကို တိုးတက်အောင် မလုပ်ဆောင်ပေးနိုင်ပဲ အဆင့် 6 အဖြစ််နဲ့ ရာသီပိတ်သိမ်းခဲ့ရပါတယ် ။ အခုတော့ အိုဟားရား က ရန်းဂနစ် ကို ခေါ်ယူခဲ့ခြင်းဟာ လုံးဝ ဟာသပဲလို့ ထုတ််ဖော် ပြောကြားသွားခဲ့လိုက်ပါတယ် ။

” ကျွန်တော့် အတွက်ကတော့ ရဲ့လ်ဖ် ရန်းဂနစ် ရဲ့ အနေ အထား က လုံးဝ ဟာသ ပါပဲ ။ ဘယ်သူက သူ့ကို နည်းပြ အဖြစ် ခန့်အပ်ခဲ့တာလဲ ? ဘယ်သူက သူ့ကို ဒီအသင်းဆီ ခေါ်ဆောင်လာခဲ့တာလဲ ? အဲ့ဒီနောက် သူဒီကို ရောက်လာခဲ့ပြီး ပွဲစဥ်တွေရဲ့ ပရော်ဖက်ဆာလို့ အခေါ်ခံခဲ့ရပါတယ် ”

” အဲ့ဒီအချက်က ကျွန်တော့်ကို ပိုပြီး လောင်စေခဲ့ပါတယ် ။ လူတစ်ယောက် ရောက်လာပြီး ဒီမှာ ရှိတဲ့သူတွေထက် ပိုကောင်းတယ်လို့ လူတွေထင်ကြလေခြင်း ။ ဒါဟာ ကမ္ဘာ့ အကောင်းဆုံး လိဂ်ပါ ။ ကျွန်တော်တို့ ဒီမှာ ကမ္ဘာ့အကောင််းဆုံး နည်းပြတွေကို ပိုင်ဆိုင်ထားကြပါတယ် ”

” ဒါပေမဲ့ ရန်းဂနစ် ကတော့ ဒီကို ရောက်လာခဲ့ပြီး ဘောလုံံး ဘယ်လို ကစားရသလဲ ၊ အသင်းကို ဘယ်လို မောင်းနှင်ရသလဲ ဆိုတာတွေ ပြောပြဖို့ ကြိုးစားခဲ့ပါတယ် ။ အဲ့ဒီ အချက်ကပဲ ကျွန်တော့်ကို အကြီးအကျယ် စိတ်ပျက်စေခဲ့တာပါ ”

” လူတွေဟာ သူ့ကို အစဥ်တစိုက် စောင့်ကြည့်နေခဲ့ကြပါတယ် ။ ကစားသမားတွေ ၊ ပရိသတ်တွေ ၊ သတင်းသုံးသပ််သူတွေ နဲ့ ဂျာနယ်သမားတွေရောပေါ့ဗျာ ။ သူ့ကို ဟာသကောင်လို မြင်နေခဲ့ကြပြီး သူ့ရဲ့ အနေအထားဟာ ဆိုးတာကနေ ပိုပိုဆိုးလာခဲ့ပါတယ် ”

” ဒါက ပျက်ကပ်ဆိုက်ခြင်းပါပဲ ။ ဒီအတွက် သူ့ကို ခန့်အပ််ခဲ့သူအပေါ် ခင်ဗျားတို့ လက်ညှိုးထိုးရပါ့မယ်။ ရန်းဂနစ်ကို ခေါ်ယူခဲ့ခြင်းက အစကနေ အဆုံးအထိ ဟာသ တစ်ခုလို ဖြစ်နေခဲ့ရလို့ပါပဲ ” လို့ အိုဟားရားက ဝေဖန် သွားခဲ့လိုက််တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar