ပေါ့ဘာနဲ့ လိုက်ဖက်မယ့် ထိပ်သီး ကလပ် တသင်းရဲ့ အမည်ကို ထုတ်ဖော် ပြောဆိုလိုက်တဲ့ ဆာဟာ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါလ်ပေါ့ဘာ ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အနာဂတ် အတွက် အသင်းသစ် တသင်းသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ဖို့ အလားအလာ များနေပြီး ၊ ထိုအထဲမှာ အသင်းဟောင်း ယူဗင်တပ် အပြင် အင်အားကြီး ဥရောပ ကလပ်တွေ ဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ် ၊ ပီအက်စ်ဂျီ အသင်းတွေလည်း ပါဝင်လို့ နေပါတယ် ။

ပေါ့ဘာ ဟာ ၂၀၁၆ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း ယူဗင်တပ်ကနေ မန်ယူနိုက်တက်သို့ ပြောင်းရွှေ့လာခဲ့ပေမယ့် ၊ ၄င်းဟာ ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ် ဖလားတွေကို ဆွတ်ခူးနိုင်ဖို့တော့ နီးစပ်မှု နည်းခဲ့ပါတယ် ။

အခုအခါမှာ ယူနိုက်တက်တို့ဟာ အိုင်းယက်စ် နည်းပြ အဲရစ် တမ်ဟဂ်ကို လာမယ့် ရာသီ နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပြီးနောက် ၊ အသင်းကို အသစ်ကနေ တဖန် ပြန်စတာ မဟုတ်ရင်တောင် ၊ အသစ်နီးပါး ပြန်လည် တည်ဆောက်နိုင်ဖို့ အလိုရှိနေပါတယ် ။

ပေါ့ဘာကတော့ အသင်းကနေ ထွက်ခွာမယ့် ကစားသမားတွေထဲ ပါဝင်နေကာ ၊ ယူဗင်တပ် ဟာ ၄င်းရဲ့ ပထမ ဦးစားပေး ရွေးချယ်မှု အဖြစ် ရေပန်းစားလျက် ရှိနေပါတယ် ။ မန်ယူနိုက်တက်နဲ့ အဲဗာတန် တိုက်စစ်မှူးဟောင်း လူးဝစ် ဆာဟာကတော့ ပေါ့ဘာ အနေနဲ့ အင်္ဂလန် ပြင်ပသို့ ပြောင်းမယ့် အစား ပြင်သစ် လက်ရွေးစင် အသင်းမှာ အတွဲညီတဲ့ အန်ဂိုလို ကန်တေ ရှိရာ ချဲလ်ဆီးသို့သာ ပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်းခဲ့ပါတယ် ။

Lord Ping နဲ့ တွေ့ဆုံခဲ့ရာမှာ ဆာဟာ က ” ချဲလ်ဆီးဟာ ပေါ့ဘာ အတွက် ပြီးပြည့်စုံတဲ့ လိုက်ဖက်မှု ရှိတဲ့ အသင်းပါပဲ ။ ဘာလို့လဲဆိုတော့ သူဟာ အန်ဂိုလို ကန်တေနဲ့ ကစားရတာ သဘောကျလို့ပါ ။ ကျွန်တော်တို့ဟာ ပေါ့ဘာရဲ့ မန်ယူနိုက်တက်နဲ့ ပြင်သစ် လက်ရွေးစင် အသင်းက ခြေစွမ်းကို အမြဲ ခိုင်းနှိုင်းလေ့ရှိကြပါတယ် ။ ”

” ကန်တေရဲ့ အရည်အသွေးဟာ ပေါ့ဘာကို တခြား ကမ္ဘာက ကစားသမား တယောက်လို ဖြစ်စေတာ အမှန်ပါပဲ ။ ပေါ့ဘာ ကိုယ်တိုင်ကပဲ ဘယ်ကို ပြောင်းချင်လဲ ဆိုတာ ညွှန်ပြလို့ ရပါမယ် ။ မန်ယူနိုက်တက်မှာ သူ မျှော်မှန်းခဲ့တဲ့ အိပ်မက်တွေ မဖြည့်ဆည်းနိုင်တာကိုတော့ ကျွန်တော် ဝမ်းနည်းမိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ချဲလ်ဆီး ဝါရင့် ကွင်းလယ်လူ အန်ဂိုလို ကန်တေဟာလည်း မန်ယူနိုက်တက် နည်းပြသစ် တမ်ဟဂ် အလိုရှိတဲ့ ကစားသမားတွေထဲ ပါဝင်နေပြီး ၊ လောလောဆယ်မှာ ကလပ်နဲ့ လပိုင်းသာ စာချုပ်ကျန်တော့တဲ့ ကန်တေကို ချဲလ်ဆီးဖက်က ဆက်လက် ထိန်းသိမ်းနိုင်ဖို့ မကြာခင်မှာ ကြိုးစားမှာ သေချာပါတယ် ။

ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ကတော့ ကန်တေဟာ ၄င်းတို့ရဲ့ အရေးပါဆုံး ကစားသမား ဖြစ်ကြောင်းကို ” အန်ဂိုလို ဟာ ကျွန်တော်တို့ရဲ့ တကယ့် သော့ချက် ကစားသမား ဖြစ်ပါတယ် ။ ဒါပေမယ့် ဒီလို ကစားသမားတွေဆိုတာ ကိုယ့်အသင်း အတွက် ပွဲတိုင်းလိုလိုမှာ ရှိနေရမှာပါ ။ သူဟာ ဒီရာသီမှာ ကျွန်တော်တို့ အသင်းရဲ့ ပွဲအရေအတွက် ၄၀% သာ ကစားပေးနိုင်ခဲ့ပါတယ် ။ ”

” ဒီတော့ အဆင့် ၃ နေရာမှာ အချိန် အကြာကြီး ရှိနေတာဟာ ကျွန်တော်တို့ အတွက် ဒဏ္ဍာရီသဖွယ် ဖြစ်တယ်လို့ ယူဆကောင်း ယူဆရမှာပါ ။ သူဟာ ကျွန်တော်တို့ရဲ့ မိုဆာလာ ၊ ဗန်ဒိုက် ၊ ဒီဘရိုင်း ၊ အမ်ဘတ်ပေ ၊ နေမာတို့လို ကစားသမားမျိုး ဖြစ်ပါတယ် ။ ဒီလောက် အထိကို ရိုးရှင်းပါတယ် ။ ”

 

” သူဟာ ကျွန်တော်တို့ ကစားတဲ့ ပွဲတွေမှာ အဓိက ကွာခြားချက် ဖြစ်စေပါတယ် ။ သူ့ကို တရာသီမှာ ၄၀%ပဲ အသုံးပြုခွင့် ရတယ် ဆိုရင် ခင်ဗျား အတွက် ပြဿနာ ဖြစ်စေမှာပါ ။ ဒီလို ရာခိုင်နှုန်း အတိုင်းအတာပဲ ရှိတယ်ဆိုပေမယ့် ၊ သူသာ ကစားခွင့် ရတဲ့ ပွဲတိုင်းမှာ အသင်းကို ဆွဲတင်ပေးမယ် ဆိုရင်လည်း ဒါက ဒဏ္ဍာရီသဖွယ် ဖြစ်ဦးမှာပါပဲ ။ ”

” မနှစ်က ဗန်ဒိုက်မပါတဲ့ လီဗာပူးကိုပဲ ကြည့်ပါ ။ သူတို့ဟာ တရာသီလုံးနီးပါး ပြင်းပြင်းထန်ထန် ရုန်းကန်ခဲ့ရပါတယ် ။ ဒါကို ကြည့်ပြီး ကွာခြားချက်ကို သိနိုင်ပါလိမ့်မယ် ။ ကျွန်တော်တို့မှာတော့ အန်ဂိုလို က key player ပါ ။ ဒီတော့ သူ့ကို ကွင်းတွင်းမှာ ကျွန်တော်တို့ အလိုရှိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR