ပိုင်ရှင်သစ် ရောက်လာတဲ့ ချဲလ်ဆီး ၊ နာမည် အဖယ်ခံလိုက်ရတဲ့ ကော့တွာ ၊ ဘိုင်ယန်ရဲ့ အဝင်အထွက်တွေနဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ချဲလ်ဆီး အသင်းကတော့ ပိုင်ရှင်သစ် ရရှိသွားခဲ့ ပါပြီ ။ ဘီလီယံနာ တော့ဘိုဟီး ဟာ မနေ့က အသင်းကို ရိုမန် အေဘရာမိုဗစ်ချ် ထံကနေ အပြီးသတ် ဝယ်ယူ ရရှိ ခဲ့ပြီး ချဲလ်ဆီး ပရိသတ်တွေ ဂုဏ်ယူရမယ့် ပိုင်ရှင် တယောက် ဖြစ်အောင် ကြိုးစား သွားပါမယ်လို့ ကတိပြုဲ ပြောဆို သွားခဲ့ ပါတယ် ။

အဲဗာတန် တိုက်စစ်မှူးလေး ရစ်ချလီဆင် က သူ ဘာဖြစ်ချင်တယ် ဆိုတာကို နည်းပြ ၊ ကလပ် အသင်း နဲ့ သူ့ရဲ့ အေးဂျင့် တို့ကို ရှင်းရှင်းလင်းလင်း ပြောပြပြီးပါပြီ လို့ ဆိုသွားခဲ့ ပါတယ် ။

ရစ်ချလီဆင် ဟာ ဧပြီ ကတည်းက အေးဂျင့်အသစ် ပြောင်းခန့် ထားပြီး အပြောင်းအရွှေ့ ကိစ္စ အတွက် လုပ်ဆောင် နေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

စပါး အသင်းဟာ အင်တာမီလန် တောင်ပံ ကစားသမားဟောင်း အိုင်ဗန် ပါရီဆစ် ကို ဆေးစစ်မှု ပြုလုပ်ဖို့ အတွက် စီစဉ်နေပြီလို့ ကြားသိရ ပါတယ် ။

ရီးရဲမက်ဒရစ် ကတော့ ကော့တွာ ရဲ့ အရန် ဂိုးသမား နေရာ အတွက် လူသစ်တွေ ထပ်မံ ရှာဖွေ နေပြီး ချီကာဂို ဖိုင်းယား ဂိုးသမား ဂါဘရီရယ် စလိုနီနာ ကို စိတ်ဝင်စား နေတယ်လို့ သိရပါတယ် ။

အင်တာ မီလန် အကြီးအကဲ မာရိုတာ က သူတို့ဟာ ယူဗင်တပ် ကနေ ထွက်လာတဲ့ တိုက်စစ်မှူး ဒိုင်ဘားလား ကို စိတ်ဝင်စားနေတာ မှန်ကန်ကြောင်း ဖွင့်ဟ ဝန်ခံ သွားခဲ့ ပါတယ် ။

ဘိုင်ယန်မြုးနစ် ကတော့ ဒီနှစ် နွေရာသီ အစမှာတင် အပြောင်းအရွှေ့ သတင်း အများဆုံး ထွက်လာခဲ့ ပါတယ် ။

လီဝန်ဒေါ့စကီး ကိုယ်တိုင်က အသင်းမှာ ဆက်မကစားလိုတော့ဘူးလို့ ထုတ်ပြော လာသလို ဂနာဘရီ လို တောင်ပံ ကစားသမားကောင်း ကလည်း အသင်းပြောင်းဖို့ စိတ်ကူးနေပါတယ် ။

ပြင်သစ် လက်ရွေးစင် တိုလစ်ဆို ဟာလည်း ဘိုင်ယန် နဲ့ ၅ နှစ် ကစားအပြီးမှာ ထွက်ခွာ တော့မယ့် အကြောင်း ယမန်နေ့ က ကြေညာ အသိပေး သွားခဲ့ ပါတယ် ။

အိုင်ယက်စ် က ဂရာဘန်ဘရာ့ချ် ကို ခေါ်ယူနိုင်ခဲ့သလို လိုက်ပ်ဇစ် ကစားသမား ကိုနတ် လီမာ ကို အရ ခေါ်ဖို့ ကြိုးစား နေတဲ့ ဘိုင်ယန်ဟာ နောက်ထပ် အပြောင်းအရွှေ့ များစွာကိုလည်း ပြုလုပ် သွားမယ့် အနေအထား ရှိနေပါတယ် ။

ဘိုင်ယန်မြုးနစ် အကြီးအကဲ အိုလီဗာခန်း ကတော့ ဘာကြောင့် လီဝန်ဒေါ့စကီး က အခုလို မျိုး အသင်းနဲ့ ကတ္တီပါ လမ်းခွဲမျိုး မဖြစ်စေမယ့် စကားတွေကို ပြောခဲ့သလဲ ဆိုတာ နားမလည်နိုင် ပါဘူးလို့ ပြောဆို သွားခဲ့ ပါတယ် ။

အာဆင်နယ် အသင်းရဲ့ ယူ-၂၃ နည်းပြ ကီဗင် ဘတ်စီ ကို စတုတ္ထတန်းလိဂ် ကလပ် ခရော်လီ အသင်းက ခေါ်ယူ ခန့်အပ်ဖို့ စိတ်ဝင်စားနေတယ်လို့လည်း သတင်း ကြားသိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နဲ့ လမ်းခွဲ လာခဲ့ပြီ ဖြစ်တဲ့ နည်းပြ ရပ်ဖ်ရန်းနစ် ဟာ နောက်တနေ့ မှာပဲ သြစတြီးယား လက်ရွေးစင် အသင်းကို စတင် တာဝန်ယူ ကိုင်တွယ် သွားခဲ့ပြီ ဖြစ်ပါတယ် ။

PSG အသင်းကတော့ ပေါ်တူဂီ ကစားသမား နူနို မန်ဒက်စ် ရဲ့ စာချုပ်မှာ ပါဝင်တဲ့ အပြီးသတ် ဝယ်ယူခွင့် ကို အသက်သွင်း လိုက်ပြီး စပို့တင်း ကို ယူရို သန်း ၄၀ ပေးချေသွားတော့မယ်လို့ ကြားသိရ ပါတယ် ။

ရီးရဲ မက်ဒရစ် နဲ့ မိုနာကို အသင်းတို့ဟာ ပြင်သစ် ကြယ်ပွင့်လေး ချူဝါမာနီ အတွက် ဆက်လက် ဆွေးနွေး နေကြပြီး အပြောင်းအရွှေ့ ဖြစ်မြောက် မယ်လို့ ရီးရဲ ဘက်က ယုံကြည် ထားတယ်လို့ သိရ ပါတယ် ။

မန်ချက်စတာ စီးတီး အသင်းကတော့ အင်္ဂလန် တောင်ပံ ကစားသမား ရာဟင်း စတာလင် ရဲ့ နေရာကို အေစီမီလန် နဲ့ ခြေစွမ်းပြခဲ့တဲ့ ရာဖေး လီယို နဲ့ အစားထိုးဖို့ စိတ်ဝင်စား နေတယ်လို့ သိရှိရ ပါတယ် ။

ရီးရဲမက်ဒရစ် နဲ့ ချန်ပီယံလိဂ် ဖိုင်နယ် မှာ လက်စွမ်းပြပြီး ဆုဖလား ရယူနိုင်မှု အပြီးမှာတော့ ဂိုးသမား ကော့တွာ ရဲ့ အမည်ကို အက်သလက်တီကို မက်ဒရစ် ရဲ့ ဝမ်ဒါမက်ထရို ပိုလီတန်နို ကွင်းရှေ့ ကနေ ဖယ်ရှား ပစ်လိုက်ပြီ လို့ သိရပါတယ် ။

ကော့တွာ ဟာ အေတီကို မက်ဒရစ် မှာ လာကစားစဉ် ယူရိုပါလိဂ် နဲ့ လာလီဂါ ဖလားတွေကို ရယူနိုင်ခဲ့ဖူးပြီး ဒီလို ရယူခဲ့တဲ့ အသင်းသားတွေရဲ့ အမည်ကို ကွင်းသစ်ကြီး အရှေ့မှာ ရိုက်နှိပ် ဂုဏ်ပြု ပေးထားခဲ့တာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR