ဒီနှစ်ရဲ့ဘော်လွန်းဒီအော်ဆုနဲ့ အထိုက်တန်ဆုံး ကစားသမား ၂ ဦးကို ရွေးချယ်ပေးရင်း ဘယ်သူ့ကို ရစေချင်သလဲဆိုတာ ပြောကြားလိုက်တဲ့ အွန်နရီ

န်းနား ဂန္တဝင် တိုက်စစ်မှူး သီယာရီ အွန်နရီ က ဘန်ဇီးမား နဲ့ မာနေး တို့ဟာ ဒီနှစ်ရဲ့ ဘော်လွန်းဒီအော်ဆု နဲ့ အထိုက်တန်ဆုံး ကစားသမား ၂ ဦး ဖြစ်တယ်လို့ သုံးသပ် ပြောကြား လိုက်ပါတယ် ။

အဆိုပါ ကစားသမား နှစ်ဦး ဟာ မေလကုန်ခါနီးမှာ ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ထိပ်တိုက် တွေ့ဆုံကြတော့မယ်သူတွေ ဖြစ်ပါတယ် ။ လီဗာပူး အသင်း နဲ့ ရီးယဲလ်မက်ဒရစ် အသင်းတို့ဟာ ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ comeback ပွဲတွေ ကစားပြပြီး ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့ကြတာပါ ။

လီဗာပူး အသင်းဟာ ဗီလာရီးယဲလ် အသင်းကို ၂-၀ နဲ့ ရှုံးနိမ့်နေတဲ့ အနေအထားကနေ ၂-၃ နဲ့ ပြန်လည် အနိုင်ယူပြီး နှစ်ကျော့ပေါင်း ရလဒ် ၂-၅ နဲ့ ဗိုလ်လုပွဲ တက်လှမ်း ခဲ့တာပါ ။ ရီးယဲလ်မက်ဒရစ် အသင်းဟာလည်း မန်စီးတီး ကို ၀-၁ နဲ့ ရှုံးနိမ့်နေတဲ့ အနေအထားကနေ ၃-၁ နဲ့ ပြန်လည် အနိုင်ယူပြီး နှစ်ကျော့ပေါင်း ရလဒ် ၆-၅ နဲ့ ဗိုလ်လုပွဲ တက်လှမ်း နိုင်ခဲ့ပါတယ်။

 

မန်စီးတီး နဲ့ ပွဲမှာ အရေးပါတဲ့ အနိုင်သွင်းဂိုးကို ပင်နယ်တီ ကနေ တစ်ဆင့် သွင်းယူခဲ့တဲ့ ဘန်ဇီးမား ဟာ ဒီရာသီမှာ ရီးယဲလ်မက်ဒရစ် အသင်းအတွက် ပြိုင်ပွဲစုံ ၄၃ ဂိုး အထိ သွင်းယူထားနိုင်ပြီး ချန်ပီယံလိဂ် သွင်းဂိုး ၁၅ ဂိုးလည်း ပါဝင်ပါတယ် ။

မာနေး ကတော့ လီဗာပူး မှာ ခြေစွမ်းပြ ဂိုးတွေ သွင်းယူ နိုင်ရုံမက နိုင်ငံအသင်းဖြစ်တဲ့ ဆီနီဂေါ အသင်းကို အာဖရိကဖလား ရရှိအောင်ရော ကမ္ဘာ့ဖလား ဝင်ခွင့် ရရှိအောင်ပါ စွမ်းဆောင် ပေးထားပါတယ် ။

လီဗာပူး အသင်းဟာ ဖလား ၄ လုံး လမ်းကြောင်း ပေါ်မှာ ရှိနေတာကြောင့် အွန်နရီ ကတော့ မာနေး ဟာ ဘော်လွန်းဒီအော် ဆုရဖို့ အလားအလာကောင်းနေပေမယ့် ဘန်ဇီးမား ဘက်ကပဲ ရှိနေမှာ ဖြစ်တယ်လို့ ဆိုပါတယ် ။

 

အွန်နရီ က CBS Sports မှာ ” ချန်ပီယံလိဂ် ဖိုင်နယ် အကြောင်းတွေးလိုက်ရင် ၊ ပိုပြီး ကြီးကျယ်ခမ်းနား သွားအောင် ပြောရရင် ဘော်လွန်းဒီအော်ဆု အတွက် ရေပန်းအစားဆုံး ကစားသမား ၂ ဦး ဖြစ်တဲ့ ဘန်ဇီးမား နဲ့ မာနေး တို့ ထိပ်တိုက် တွေ့ဆုံ နေကြပါတယ် ။ ”

” ခုချိန်မှာတော့ ဘန်ဇီးမား က အသာရနေပါတယ် ၊ ဒါပေမယ့် မာနေးသာ လီဗာပူး နဲ့ ချန်ပီယံလိဂ်ဖလား ရရင် ဖလားလေးလုံးသာ ရသွားခဲ့ရင် မာနေး ရဖို့ ပိုအားသာ သွားပါပြီ ၊ အာဖရိကအတွက်တော့ ဂုဏ်ယူစရာ ဖြစ်မှာပါ ၊ ဒါပေမယ့် ကျွန်တော်ကတော့ ဘန်ဇီးမား ဘက်မှာပဲ ရှိနေပါသေးတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

 

SM