ဒီနွေမှာ မက်ဂွားယားဟာ ယူနိုက်တက် အသင်းနဲ့ အဝေးဆုံးကို ထွက်သွားချင်နေလိမ့်မယ်လို့ ပြောလိုက်တဲ့ အဘွန်လဟော်

ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်မှူးဟောင်း တစ်ဦးဖြစ်တဲ့ ဂါဘရီယယ် အဘွန်လဟော် က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ခံစစ်မှူး ဟယ်ရီ မက်ဂွားယား ဟာ ဒီနွေမှာ အသင််းကနေ အဝေးကို ထွက်သွားချင်နေလိမ့်မယ် လို့ ယုံကြည််ကြောင်း ပြောကြားခဲ့လိုက်ပါတယ် ။

မက်ဂွားယားဟာ ဒီရာသီ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ အတွက် ပရိသတ်တွေရဲ့ ဝေဖန်မှု ဒဏ်ကို အဆက်မပြတ် ခံခဲ့ရပါတယ် ။ သူဟာ အက်သလက်တီကို နဲ့ ကစားခဲ့တဲ့ ပွဲစဥ်တုန်းက လူစားလဲခံခဲ့ရချိန်မှာ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပါသေးတယ် ။

ဒါ့အပြင် နိုင်ငံ့ လက်ရွေးစင် အသင်း အတွက် ကစားခဲ့ချိန်မှာလည်း အော်ဟစ် လှောင်ပြောင်မှုကို ခံခဲ့ရပါသေးတယ် ။ အဲ့ဒီနောက် မကြာမီမှာပဲ မန်ချက်စတာမှာ ရှိတဲ့ သူ့ရဲ့ အိမ်မှာ ဗုံးတစ်လုံး ရှာဖွေတွေ့ရှိခဲ့တဲ့ အတွက် ရဲခေါ်ပြီး ရှင်းခဲ့ရပါသေးတယ် ။

အဲ့ဒီနောက် သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပွဲထွက် ကစားသမား စာရင်းမှ ချန်လှပ်ခံခဲ့ရပါတယ် ။ အခုတော့ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ တိုက်စစ်မှူးဟောင််းဖြစ်သူ အဘွန်လဟော် က မက်ဂွားယားဟာ ဒီကနေ အဝေးကို ထွက်ပြေးချင်နေလိမ့်မယ်လို့ ပြောခဲ့လိုက််ပါတယ် ။

” ကျွန်တော် မက်ဂွားယားအတွက် စိတ်မကောင်း ဖြစ်မိပါတယ် ။ ကျွန်တော်ဟာလည်း ကစားသမား တစ်ဦး အဖြစ််နဲ့ ခက်ခဲကြမ်းတမ်းတဲ့ အခိုက်အတန့်တွေ ပိုင်ဆိုင်ခဲ့ဖူးပါတယ် ။ လူတိုင်းဟာ ခင်ဗျားရဲ့ နောက်မှာ ဝေဖန်သံံတွေနဲ့ ရှိနေခဲ့ကြပါတယ် ။ ဘယ်ကို လှည့်လို့ လှည့်ရမလဲ မသိအောင် ဖြစ်ခဲ့ရပါတယ် ”

” သူကတော့… သေချာတယ် ၊ ရာသီကုန်ဖို့တောင် စောင့်ဆိုင်းလိုစိတ် ရှိတော့မှာ မဟုတ်ဘူးလို့ ကျွန်တော် လောင််းကြေးထပ်ရဲပါတယ် ။ သူဟာ ဘောလုံးအားကစားကြီးကို ခနလောက် မေ့ဖျောက်ပြီး မိသားစု နဲ့ အတူ ဒီနေရာရဲ့ အဝေးဆုံံးကို ထွက်သွားချင်နေမှာ အသေအချာပါပဲ ”

” အဲ့တာပြီးရင် ရာသီကြို အတွက် ပြန်လာပြီး နည်းပြသစ်် လက်အောက်မှာ ရာသီသစ် တစ်ခုကို အကောင်းဆုံး စတင််နိုင်ဖို့ ကြိုးစားပြလိုက်မှာပါပဲ ။ သူဟာ ဒီနွေမှာတော့ သေချာပေါက် ဘောလုံး အားကစားရဲ့ အဝေး ၊ ဒီလောကရဲ့ အဝေးကို ထွက်သွားချင်နေမှာပါ ”

” ကျွန်တော်တို့ ခက်ခဲတဲ့ အခိုက်အတန့်တွေကို ဒီလိုမျိုးပဲဲ ဖြစ်သန်းနိုင်ရပါ့မယ် ။ လူတိုင်းက စိတ်ပိုင်းဆိုင်ရာ ဒဏ််ရာတွေ ရနိုင်တာချည်းပါပဲ ။ ခင်ဗျားတို့ အနေနဲ့ ဘောလုံံးသမားတွေကို စက်ရုပ်လို့ သတ်မှတ်လို့ မရပါဘူး ။ ကျွန်တော် သူ့အတွက် တကယ်ပဲ ဝမ်းနည်းမိပါတယ် ”

” သူဟာ အာဆင်နယ်နဲ့ ပွဲစဥ်တုန်းက ကစားခွင့် မရခဲ့ပါဘူး ။ သူမပါတဲ့ ခံစစ်ဟာ ဆိုးရွားနေခဲ့တာ ခင်ဗျားတို့လည််း မြင်တွေ့ခဲ့မှာပါ ။ အဲ့ဒီပွဲမှာ ဗာရန်းလည်း ပိုကောင်းအောင် မကစားပြနိုင်ခဲ့သလို လင်ဒီလော့ဖ် ကလည်း အကောင််းဆုံး မကစားပေးနိုင်ခဲ့ပါဘူး ” လို့ အဘွန်လဟော် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar