ဒီတစ်ပတ် အတွက် လော်ရိုး ရဲ့ ခန့်မှန်းချက်မျာ

ချဲဆီး vs ဝုဖ်

ပြီးခဲ့တဲ့ အပတ်က ဂွတ်ဒီဆွန် ပါ့ခ်မှာ ချဲဆီးဟာ အနိုင်ကျင့်ခံလိုက်ရတယ်လို့ ထင်ပါတယ်။ ဒီရလာဒ် ထွက်လာတာ မြင်မိတော့ ထူးဆန်းတယ်ဗျာ။ သောမတ် တူချယ် တည်ဆောက်ထားတဲ့ အသင်းဟာ ရုပ်ပိုင်း ဆိုင်ရာ အားဖြင့်တော့ ကြံ့ခိုင်မှု အပြည့်ရှိတဲ့ အပြင် ၊ ရင်ဆိုင် ကစားရတာလဲ ခက်ပါတယ်။ ဒါပေမယ့် ဂွတ်ဒီဆင့် ပါ့ခ်မှာတော့ အဲလို မဟုတ်ခဲ့ပါဘူး။

ဒီပွဲမှာတော့ ချဲဆီး အတွက် ပိုပြီး လွယ်ကူတဲ့ အနေအထားမျိုး ဖြစ်ဖို့ မျှော်လင့်မိပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဝုဖ်ဟာ ဘာခြိမ်းခြောက်မှုမှ မရှိပဲနဲ့ 3 ပွဲ ဆက်တိုက် ရှုံးနိမ့်ထားတာပါ။ သူတို့ ပုံစံ ကြည့်ရတာ ဒီရာသီ အတွက် လက်လျှော့လိုက်ပြီ ထင်ပါတယ်။
ခန့်မှန်းချက် – ချဲဆီး 2-0 ဝုဖ်

ဘရိုတ်တန် vs ယူနိုက်တက်
ဒီ တစ်ရာသီလုံး ဘရိုတ်တန် ဟာ အားကျချင်စရာ ကောင်းလွန်းတဲ့ ရလာဒ်တွေ ယူပြထားခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အိမ်ကွင်းရောက်ရင် ရုန်းကန်ရလေ့ရှိတယ်ဗျာ။ အိမ်ကွင်း ရမှတ် သူ့ထက် နည်းတာ ဆိုလို့ နော့ဝှစ်ချ် နဲ့ ဝက်ဖို့ဒ် တို့ပဲ ရှိပါတော့တယ်။

အဲဒီ အကြောင်းပြချက် တစ်ခုတည်း နဲ့တင်ပဲ မန်ယူ နိုက်တက် ကို အနိုင်ပေးပြီး ခန့်မှန်းချင်တာပါ။

သူတို့ရဲ့ အဆင့် 4 မျှော်လင့်ချက်က လုံး၀ အဆုံးသတ်သွားခဲ့ပြီ ဖြစ်လို့ ၊ ဖိအားတွေလဲ နည်းသွားပြီလို့ ပြောလို့ ရပါတယ်။ အဲဒီတော့ Freedom ပုံစံ နဲ့ ပိုပြီး ကစားလာနိုင်တယ်ပေါ့။ ဘရန်းဖို့ဒ် နဲ့ ပွဲတုန်းကလဲ အဲဒီလိုပဲ ကစားသွားတာပါ။
ခန့်မှန်းချက် – ဘရိုတ်တန် 0-2 ယူနိုက်တက်

လီဗာပူး vs စပါး
လီဗာပူး အတွက် နောက်ထပ် ပွဲကောင်းတွေ ဆက်တိုက် ရင်ဆိုင်ရမယ့် ရက်သတ္တပတ် မျိုးပါပဲ။

ဗီလာ ရီးရဲ နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲမှာတုန်းက ကျနော်ဟာ အစီစဉ် တင်ဆက်သူ အဖြစ် တာဝန်ယူနေခဲ့တာပါ။ ပထမပိုင်း လီဗာပူး က တလွဲတချော်တွေ ဖြစ်နေခဲ့သည့်တိုင်အောင် ၊ ဒုတိယပိုင်းမှာ သေချာပေါက် ပြန်လာလိမ့်မယ်လို့ ကျနော် အမှန်အကန် မျှော်လင့်ခဲ့တာပါ။ ဘာလို့လဲ ဆိုတော့ ဗီလာရီးရဲ ဟာ ပထမပိုင်းမှာ အစွမ်းကုန် ထုတ်သုံးပြီး ကစားနေတာပါ။ ဒါမျိုး ပုံစံနဲ့ ယခင်က သူတို့ တစ်ခါမှ မကစားဖူးပါဘူး။ အဲဒီတော့ ဒုတိယ ပိုင်းမှာ ဒီပုံစံအတိုင်း ထိန်းထားနိုင်မှာ မဟုတ်ဘူး ဆိုတာ ကြိုတွက်ဆမိခဲ့ပါတယ်။

အခုတော့ လီဗာပူး ဟာ နောက်ထပ် ဗိုလ်လုပွဲ 2 ပွဲ ကို ထပ်ပြီး ကစားခွင့် ရပြီပေါ့ဗျာ။ သူတို့ရဲ့ အဆုံးအစွန်သော မျှော်လင့်ချက်တွေ အကောင်ထည် ဖော်နိုင်ဖို့ အတွက် စပါးကိုလဲ အနိုင်ကစားပြမယ် ထင်ပါတယ်။

ညနေပိုင်းမှာ ကစားရမယ့် ပွဲမျိုး ဖြစ်လို့ အန်ဖီးလ် ပရိသတ်တွေဟာ တက်ကြွမှု အပြည့်နဲ့ ဝန်းရံကြဦးမှာပါ။ ဒါပေမယ့် အဓိက အချက်က ကလော့ပ် ရဲ့ အသင်းဟာ စပါး ပုံစံကောင်း ရနေတာထက်ကို ပိုတဲ့အတွက် အသာစီးရမယ်လို့ မှန်းချင်တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ လ တုန်းက ကွန်တီ ဟာ အီတီဟတ် ကွင်းကြီးထဲမှာ မန်စီးတီး ကို အနိုင်ကစားပြခဲ့ဖူးပါတယ်။ ဒါပေမယ့် သူတို့ဟာ အဲဒီ ပုံစံမျိုးကို တည်တည်ငြိမ်ငြိမ် ဖြစ်အောင် ထိန်းထားနိုင်ခြင်း မရှိတဲ့ အချက်က စိတ်ပျက်ဖို့ ကောင်းပါတယ်။

ဒီပွဲဟာ နောက်ထပ် ပွဲကြီး ပွဲကောင်း တစ်ပွဲပါ။ စပါးကလဲ အဲဒီလိုပဲ ရှုမြင်ထားမယ် ထင်ပါတယ်။ ပြီးရင် လီဗာပူး ခံစစ်ကို ဒုက္ခပေးဖို့ ပြင်ဆင်မှုတွေ လုပ်လာမှာ ဖြစ်သည့်တိုင်အောင် ဆာလာ နဲ့ အပေါင်း အပါတွေက စပါးခံစစ်ကိုပဲ ပိုပြီး အလုပ်ရှုပ်အောင် ကစားပြသွားမှာပါ။
ခန့်မှန်းမှန်းချက် – လီဗာပူး 2-1 စပါး

အာဆင်နယ် – လိဒ်
အာဆင်နယ် က ဒီပွဲကို ကစားနေတဲ့ အချိန်မှာ ၊ အန်ဖီးလ် က စပါး ရလာဒ်က ဘယ်လိုမျိုးလဲ ဆိုတာ သိထားပြီးပါပြီ။ တကယ်လို့ လီဗာပူး က အသာစီး ယူသွားမယ် ဆိုရင် သူတို့ အနေနဲ့ အနိုင်ရလာဒ် က မြှောက်လန်ဒန် ဒါဘီ ပွဲစဉ် မတိုင်မှီ 5 မှတ် အကွာ အထိကို ဖန်တီးပေးထားမှာပါ။

စပါး ပွဲက ဘယ်လိုပဲ ဖြစ်ပါစေ အာဆင်နယ် အနေနဲ့ ကိုယ့်အလုပ်ကို ကိုယ်ပဲ သေချာ လုပ်ရမှာပါ။ ဒါဘီ ပွဲစဉ်ကိုလဲ ကျော်တွေးနေလို့ မရပါဘူး။ လိဒ် နဲ့ ကစားမယ့် ပွဲဟာ ဒီရာသီ အရေးပါဆုံး ပွဲလို့ ရှုမြင်ထားရမှာ ဖြစ်ပါတယ်။

လိဒ်မှာလဲ လုပ်ပြစရာတွေ က အများကြီး ကျန်ပါသေးတယ် ဘာလို့လဲ ဆိုတော့ လက်ရှိ ရလာဒ်တွေ က သူတို့က တန်းဆင်းဇုံထဲ အထိ ဆွဲခေါ်နေတာလေ။

ဂျက်ဆီ မာ့ရှ် လွှဲပြောင်း ကိုင်တွယ်ပြီးချိန်က စလို့ သူတို့ ဟာ ရုန်းထွက်နိုင်ဖို့ အားထုတ်တဲ့ အပိုင်းမှာတော့ နည်းနည်းလေးမှ မလျှော့ခဲ့ပါဘူး။ ဒါပေမယ့် ဝက်စ်ဟမ်း ကို အနိုင်ကစားပြသွားတဲ့ အာဆင်နယ် ကလဲ လိုချင်တဲ့ ရလာဒ်တော့ ညှစ်ဖျစ် ရအောင် ယူပြနိုင်တယ် ဆိုတာ မြင်နေရပါတယ်။
ခန့်မှန်းချက် – အာဆင်နယ် 2-0 လိဒ်

မန်စီးတီး vs နယူးကာဆယ်
ဒီပွဲ အတွက် မန်စီးတီး ပရိသတ်တွေက မယုံကြည်နိုင်စရာ ကောင်းတဲ့ ဝန်းရံမျိုးတွေ နဲ့ အီတီဟတ် မှာ ဝန်းရံပေးကြမှာပါ။

စီးတီး ပရိသတ်တွေ အနေနဲ့ ချန်ပီယံလိဂ် အရှုံးရလာဒ်ကြောင့် သူတို့ အသင်းကို ဆွဲချစရာ အကြောင်းအရင်းကို မရှိပါဘူး။ ပရီးမီးယားလိဂ် မျှော်လင့်ချက် က အပြည့်အ၀ ရှိနေဆဲ ဖြစ်လို့ ၊ သူတို့ရဲ့ အာရုံစိုက်မှုတွေက ဒီပွဲအပေါ် အပြည့်အ၀ ထားမှာ သေချာပါတယ်။

အမှတ်ပေးဇယား အလယ်ထိ တက်လှမ်းလာခဲ့တဲ့ နယူးကာဆယ် ရဲ့ စွမ်းဆောင်ရည်က အသိအမှတ် ပြုထိုက်ပေမယ့် ၊ ဒီနှစ်သင်း အကြား ကွာဟချက်က အများကြီး ရှိနေဆဲပါ။ ကျနော် ကတော့ မန်စီးတီးပဲ သက်တောင့် သက်သာ နဲ့ အနိုင်ယူမယ်လို့ မျှော်လင့်ထားပါတယ်။
ခန့်မှန်းချက် – မန်စီးတီး 3-0 နယူး

အခြားပွဲစဉ် ခန့်မှန်းချက်များ

ဘရန်းဖို့ဒ် 1-2 ဆောက်သမ်တန်
ဘန်လေ 1-1 ဗီလာ
ပဲလေ့ 2-1 ဝက်ဖို့ဒ်
လက်စတာ 0-2 အဲဗာတန်
နော့ဝှစ်ချ် 1-1 ဝက်စ်ဟမ်

SM