တန်ဟတ် ဘာတွေ တောင်းဆိုလိမ့်မလဲဆိုတာ ယူနိုက်တက်တို့ကို ပြောပြလိုက်တဲ့ PSV ဂိုးနည်းပြ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂိုးသမားဟောင်း ဖြစ်သလို လက်ရှိ PSV အသင်းရဲ့ ဂိုးနည်းပြအဖြစ် တာဝန််ထမ်းဆောင်နေရတဲ့ ရေမွန် ဗန်ဒါဂူး က အသင်းဟောင်း အနေနဲ့ ပြိုင်ဖက် အေဂျက်ဇ် နည်းပြအပေါ် စိတ်ရှည်ပေးဖို့ လိုလိမ့်မယ်လို့ ပြောခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့လတုန်းက နည်းပြ ရန်းဂနစ်ရဲ့ နေရာကို အစားထိုးဖို့အတွက် အေဂျက်ဇ် နည်းပြ အဲရစ် တန်ဟတ်ကို နည်းပြသစ် အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း အတည်ပြုကြေငြာခဲ့ပါတယ် ။ တန်ဟတ်ဟာ ဇွန်လမှာ ယူနိုက်တက် အသင်းကို စတင်ကိုင်တွယ်မှာပဲ ဖြစ်ပါတယ် ။

ဗန်ဒါဂူး ဆိုတာ လက်ရှိ အေဂျက်ဇ် အသင်းရဲ့ မဟာ ပြိုင််ဖက် အသင်းဖြစ်တဲ့ PSV အသင်းမှာ ဂိုးနည်းပြ တာဝန်ကို ယူနေခဲ့တဲ့ အတွက် တန်ဟတ် အကြောင်းကို ကောင်းကောင််းသိသူပဲ ဖြစ်ပါတယ် ။ အခုတော့ တန်ဟတ် ဟာ အသင်းဆီက teamwork ကို တောင်းဆိုလိမ့်မယ်လို့ သူဟာ ပြောခဲ့လိုက်ပါတယ် ။

” အဲရစ် တန်ဟတ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင််းမှာ ဘယ်လို ရှေ့ဆက်မလဲဆိုတာကို ကျွန်တော် ရှေးရှုနေပါတယ် ။ သူဟာ နည်းပြ ဘဝ သက်တမ်း တစ်လျှောက််လုံးမှာ အသေးစိတ် ၊ အသေးအမွှားလေးတွေကစပြီး ဂရုတစိုက် ကြိုးစားပြင်ဆင်ခဲ့သူ တစ်ဦးပါပဲ ”

” ပြီးတော့ သူသွားခဲ့တဲ့ အသင်းတိုင်းမှာ အလုပ်ဖြစ်ပါ့မလားဆိုတာ လူတွေ မသိခင်အထိ သူတည်ဆောက်လိုတဲ့ အသင်းမျိုးကို တည်ဆောက်နိုင်ဖို့ အချိန်အနည်းငယ်ပေးခဲ့ရတာချည်းပါပဲ ။ ဒါပေမဲ့ အဲ့တာကြီးက လက်တွေ့မှာလည််း အလုပ်ဖြစ်ခဲ့တာချည်းပါပဲ ”

” အေဂျက်ဇ် အသင်းမှာဆိုရင် သူဟာ အံ့ဖွယ် အလုပ်ကို လုပ်ပြနိုင်ခဲ့ပါတယ် ။ သူဟာ ဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့သလို စွဲမက်ဖွယ် ကောင်းတဲ့ ကစားဟန်ကိုလည်း ချပြနိုင်ခဲ့ပါတယ် ။ သူဟာ ဒီလို နည်းလမ်းမျိုးနဲ့ပဲ ပိုကောင်းမွန်တဲ့ နည်းပြတစ်ဦး ဖြစ်လာနိုင်ခဲ့ပါတယ် ”

” အရေးအကြီးဆုံးကတော့ သူ့အပေါ် အားလုံးပဲ စိတ်ရှည််ပေးဖို့ ၊ လိုအပ်နေခဲ့တဲ့ အပြောင်းအလဲ အချို့ကို လုပ််ဆောင်နိုင်ဖို့အတွက် သူ့ကို သေချာပေါက် အချိန်ပေးရပါလိမ့်မယ် ။ ဂယ်ရီ နဗီးလ် ပြောခဲ့သလိုပါပဲ ၊ ဂွာဒီယိုလာ နဲ့ ကလော့ပ် တို့လည်း အခုလို နေရာကို ရောက်နိုင်ဖို့ အချိန်ပေးခဲ့ရတာပါပဲ ”

” ချဲလ်ဆီး အသင်းဟာလည်း ရော်မန် အေဘရာမိုဗစ် မရောက်ခင်အထိ ဘာမှမဆွတ်ခူးနိုင်ခဲ့ဖူးပါဘူး ။ ဒါ့အပြင် အတိတ်တုန်းကလည်း အောင်မြင်ဖို့ အချိန် လိုအပ်တယ်ဆိုတာကို ကျွန်တော်တို့ မြင်ခဲ့ဖူးပြီးပါပြီ ။ သေချာတာပေါ့ ၊ မန်ချက်စတာ ယူနိုက်တက် အသင်းက ဆုဖလားတွေ ဆွတ်ခူးချင်တာပါ ”

” ဒါပေမဲ့ အဲ့တာထက်ပိုပြီး အခြေခံကျတာက အသင်းလိုက် စွမ်းဆောင်ရည်ပါပဲ ။ ဒါဟာ အဲရစ် တန်ဟတ်ဖက်မှ ပထမဆုံး အဖြစ် တောင်းဆိုမယ့် အချက်ပဲလို ကျွန််တော် မြင်နေပါတယ် ။ ကွင်းထဲမှာ အသင်း တစ်သင်းကို လိုအပ်တာပါ ။ ကစားသမား 11 ယောက် မဟုတ်ပါဘူး ” လို့ ဗန်ဒါဂူး က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar