တန်ဟတ် နဲ့ ပတ်ဟက်လို့ ဂယ်ရီ နဗီးလ် ရဲ့ မှတ်ချက်ပေးမှုကို သဘောမတူကြောင်း ဖွင့်ဟလိုက်တဲ့ ရန်းဂနစ် 

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ ရဲ့လ်ဖ် ရန်းဂနစ် က အသင်းရဲ့ နည်းပြသစ် ဖြစ်လာမယ့် အဲရစ် တန်ဟတ် နဲ့ ပတ်သက်လို့ ကစားသမားဟောင်း ဖြစ်သူ ဂယ်ရီ နဗီးလ် ရဲ့ မှတ်ချက်ပေးမှု အပေါ် သဘော မတူညီိကြောင်း ပြောခဲ့လိုက်ပါတယ် ။

ယူနိုက်တက် ဂန္တဝင် ကစားသမားဟောင်း ဖြစ်သူ ဂယ်ရီ နဗီးလ် ဟာ မကြာသေးခင်ကပဲ နည်းပြသစ် ဖြစ်လာမယ့် အဲရစ် တန်ဟတ် အနေနဲ့ အသင်းကို တည်ငြိမ်စေဖို့ အတွက်် အချိန် 2 နှစ်လောက် ပေးရမှာဖြစ်ပြီး အောင်မြင်မှု ယူပေးနိုင်ဖို့ 5 နှစ်လောက် စောင့်ဆိုင်းရမယ်လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

 

လက်ရှိ အချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရလဒ်ကောင်းတွေ ရယူနိုင်စွမ်း ကင်းမဲ့နေခဲ့ပြီး နိုင်ပွဲတွေလည်း ပျောက်ဆုံးနေခဲ့ရပါတယ် ။ ဒါ့အပြင် နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်လည်း မရနိုင်တော့တဲ့ အနေအထားမျိိုး ပိုင်ဆိုင်နေပါပြီ ။

ဒါ့အပြင် အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မဲ့ ကစားသမားတွေ ရှိနေကြသလို ရာသီအကုန် အသင်းမှ ထွက်ခွာကြမယ့် ကစားသမားတွေလည်း ရှိနေကြတာကြောင့် အသင်းကို အသစ်မှတဖန် ပြန်လည် တည်ဆောက််ရဖို့ လုပ်ဆောင်ရဖွယ် ရှိနေပါတယ် ။

 

ဒါ့ကြောင့်လည်း နဗီးလ် က တန်ဟတ် အနေနဲ့ အသင်းကို တည်ဆောက်ဖို့ ၊ အောင်မြင်မှုတွေ ရယူပေးနိုင်ဖို့ အချိန််ပေးရလိမ့်မယ်လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ရန်းဂနစ် ကတော့ ကလော့ပ် ၊ ဂွာဒီယိုလာ ၊ တူချယ် တို့နဲ့ ဥပမာပေးပြီး သဘောမတူကြောင်း ပြောခဲ့လိုက်ပါတယ် ။

” အဲရစ် တန်ဟတ် ဟာ ဘယ်လို နည်းပြမျိုးလဲ ဆိုတာကို သိနေမှု ၊ သူ့ရဲ့ အင်အား ဖြည့်တင်းမှု ၊ မှန်ကန် သင့်တော်တဲ့ ကစားသမားတွေကို ခေါ်ယူမှုတွေက အားပေးသူ ပရိိသတ်တွေနဲ့ မီဒီယာတွေကို ပိုကောင်းတဲ့ အသင်း တစ်သင််း မြင်တွေ့ခွင့် ရရှိစေလိမ့်မယ်လို့ ယုံပါတယ် ”

 

” အဆုံးသတ်မှာတော့ လိဂ်မှာလည်း ပိုကောင်းတဲ့ အဆင့် တစ်ခုမှာ ရပ်တည်တာမျိုး မြင်တွေ့စေရပါလိမ့်မယ် ။ လိဂ်မှာ ဥပမာကောင်းတွေ အများကြီး ရှိပါတယ် ။ ယာဂင် ကလော့ပ် လီဗာပူးကို ရောက်လာတာ ၊ ဂွာဒီယိုလာ မန်စီးတီးကို ရောက်လာတာ ၊ တူချယ် ချဲလ်ဆီးဆီကို ရောက််လာတာမျိုးပေါ့ ”

” တူချယ် ရာသီဝက်မှာ ရောက်လာပြီး အသင်းကောင်း တစ်ခုကို အမွေရခဲ့ပါတယ် ။ ခင်ဗျား ဘာလိုချင်လဲ သိရင် ၊ မတူညီတဲ့ နေရာမှာ ကစားသမား စုံလင်မှု ရှိနေရင် ၊ အောင်မြင်ဖို့ အချိန် အကြာကြီး ပေးရမှာ မဟုတ်ဘူးလို့ မျှော်လင့်လို့ ရနိုင်ပါတယ် ” လို့ ရန်းဂနစ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

 

#Sports_Myanmar