စပါး Vs အာဆင်နယ် မြောက်လန်ဒန်ဒါဘီမှာ ဘယ်အသင်း အနိုင်ရသွားမလဲဆိုတာ ခန့်မှန်း သုံးသပ်လိုက်တဲ့ ဂယ်ရီနဗီးလ်

မန်ယူနိုက်တက် ဂန္တဝင် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ် က ကြားရက်ထဲမှာ ကစားမယ့် မြောက်လန်ဒန်ဒါဘီပွဲမှာ စပါး အသင်းဟာ အာဆင်နယ် အသင်းကို အနိုင် ရသွားလိမ့်မယ်လို့ ခန့်မှန်း သုံးသပ် လိုက်ပါတယ် ။

ဒီတစ်ပတ်မှာ စပါး အသင်းဟာ လီဗာပူး နဲ့ သရေကျပြီး အာဆင်နယ် အသင်းက လိဒ်ယူနိုက်တက် ကို အနိုင် ရသွားခဲ့တာကြောင့် အာဆင်နယ် အသင်း နဲ့ စပါး ကြားမှာ အမှတ် ကွာဟချက် ၄ မှတ် အထိ ရှိသွားခဲ့ပါတယ် ။

ဒီကြားရက်မှာတော့ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အဆုံးအဖြတ်ပွဲ ဖြစ်တဲ့ အာဆင်နယ် နဲ့ စပါး အသင်း ကစားရမယ့်ပွဲ ရှိနေပါတယ် ။ စပါး အသင်း နဲ့ အာဆင်နယ် မြောက်လန်ဒန်ဒါဘီပွဲဟာ ဇန်နဝါရီလတုန်းက ရွေ့ဆိုင်းခဲ့ရတဲ့ ပွဲကျန် ဖြစ်ပါတယ် ။

အဲ့ဒီအချိန်တုန်းက အာဆင်နယ် အသင်းဟာ ကိုဗစ် case ၊ ဒဏ်ရာရ ကစားသမားများပြားနေမှု ၊ အာဖရိကဖလားပြိုင်ပွဲကို ကစားသမား စေလွှတ်ခဲ့ရမှု တို့ကြောင့် ပွဲကစားဖို့ ကစားသမား အင်အားမလုံလောက်သဖြင့် ပွဲရွှေ့ဆိုင်းဖို့ တောင်းဆို ခဲ့တာ ဖြစ်ပါတယ် ။

အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်ဘက်က အာဆင်နယ် အသင်းရဲ့ တောင်းဆိုမှုကို လက်ခံလိုက်ချိန်မှာ စပါး အသင်း နည်းပြ ကွန်တီ ဟာ အကြီးအကျယ်ဝေဖန်မှု ပြုလုပ် ခဲ့ပါတယ် ။ ဂယ်ရီနဗီးလ် ကလည်း အဲ့ဒီတုန်းက ပွဲရွှေ့ဆိုင်းပေးခဲ့မှု အပေါ် မနှစ်သက်ကြောင်း သူ့ရဲ့podcast မှာ ပြောကြား လိုက်ပါတယ် ။

” ကြာသပတေးနေ့ ညမှာ ကစားမယ့်ပွဲက ကြည့်ရတာ တကယ့်ကို အရသာ ရှိမယ့်ပွဲပါ ၊ ဘာကြောင့်လဲဆိုရင် မြောက်လန်ဒန် ဒါဘီ ဖြစ်နေတာကြောင့်တင် မဟုတ်ပါဘူး နှစ်သင်းစလုံးက ချန်ပီယံလိဂ် ဝင်ခွင့်ရရေး ပြိုင်ဆိုင် နေတာကြောင့်ပါ ။ ”

” ဒါပေမယ့် ဒီနှစ်အစောပိုင်းတုန်းက ပွဲရွှေ့ဆိုင်းခဲ့မှုအပေါ် ကျွန်တော်ကတော့ မပျော်ပါဘူး ။ ကျွန်တော့်အတွက် သက်သောင့်သက်သာ မရှိပါဘူး ၊ အဲ့တုန်းက စနေနေ့မှာ အဲ့ပွဲ အကြောင်း ပြောဖို့ ပြင်ဆင်ထားပြီးခါမှ ပွဲပျက်သွားတာကို သိလိုက်ရတဲ့ ခံစားချက်က မကောင်းပါဘူး ။ ”

” တကယ့် ပွဲကြီးပွဲကောင်းပါပဲ ၊ ကျွန်တော် ကြည့်ချင်နေပါပြီ ၊ ကျွန်တော် ကတော့ တော့တင်ဟမ်ကို ပိုပြီး အလေးသာပါတယ် ၊ အန်ဖီးလ်မှာ ကစားခဲ့တဲ့ ပွဲမှာ သူတို့ သိပ်ကောင်းပါတယ် ၊ လီဗာပူး အသင်းက ကမ္ဘာ့အကောင်းဆုံး အသင်း တစ်သင်း ဖြစ်တာကြောင့် သူတို့ရဲ့စွမ်းဆောင်ရည်က သိပ်ကောင်းတယ် ဆိုရမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM