ဂွာဒီယိုလာ နဲ့ မန်စီးတီး ကစားသမားတွေကို ရှယ်​ညှော်လိုက်တဲ့ ပတ်ထရစ် အီဗရာ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဘယ်နောက်ခံလူဟောင်း ဖြစ်တဲ့ ပတ်ထရစ် အီဗရာ က မန်စီးတီး နည်းပြ ဂွာဒီယိုလာဟာ အသင်းမှာ ခေါင်းဆောင်နိုင်မှု စွမ်းရည်ရှိသူတွေကို မခေါ်ယူလိုကြောင်း ၊ ကစားသမားတွေလည်း ငွေလိုချင်လို့ ဒီအသင်းဆီ ပြောင်းရွှေ့ကြတာဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

ယူနိုက်တက်နဲ့ အတူ ဆုဖလားများစွာ ဆွတ်ခူးထားခဲ့တဲ့ ပတ်ထရစ် အီဗရာ ဟာ ပြီးခဲ့တဲ့ တစ်ပါတ်က မန်စီးတီးတို့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ရီးယဲကို ရှုံးပြီး ထွက်ခဲ့တဲ့ အပေါ် ပျော်ရွှင်မှု ထိန်းမနိုင်ဖြစ်ခဲ့ရပါတယ် ။ သူဟာ ချက်ချင်းပဲ အင်စတာဂရမ် အပေါ်မှာ မန်စီးတီး အသင်းရဲ့ ကုန်ကျစရိိတ်ကို ဖော်ပြပြီး ဟာသလုပ်ခဲ့ပါသေးတယ် ။

အခုတော့ အီဗရာက မန်စီးတီး နည်းပြ ဂွာဒီယိုလာ ဟာ အသင်းအပေါ်ကို အပြည့်အဝ ထိန်းချုပ်မှု ရရှိလိုသူ ဖြစ််ကြောင်း ၊ ဒါ့ကြောင့် အသင်းမှာ ခေါင်းဆောင်နိုင်သူတွေ ခေါ်ယူခြင်း မပြုလုပ်တာ ဖြစ်ကြောင်း ဝေဖန်ခဲ့တာပဲ ဖြစ်ပါတယ် ။

” မန်စီးတီး အသင်းမှာ ခေါင်းဆောင်တွေ လိုပါတယ် ။ ဒါပေမဲ့ ဂွာဒီယိုလာ ကတော့ ဒါကို မလိုချင်သလို ပါပဲ ။ သူဟာ personality ကောင်းတဲ့ ကစားသမားတွေကို မလိုချင်ပါဘူး ။ သူ့ အသင်းမှာတော့ သူကိုယ်တိုင်ကပဲ Leader ဖြစ်နေခဲ့ပါတယ် ”

” ဒါ့ကြောင့်လည်း သူတို့ဟာ အခက်အခဲတွေကြား ရောက််တဲ့အခါ ဒါကို မလိုချင်တဲ့ပုံစံမျိုး ဖြစ်နေခဲ့ကြ ပါတယ် ။ သူတို့ အသင်းမှာ ကွင်းထဲ အခက်အခဲ ကြုံတဲ့ အခါတွေမှာ အကူအညီ ပေးနိုင်သူ မရှိပဲ ဖြစ်နေလေ့ ရှိတတ်ခဲ့တာ မကြာခန ပါပဲ ”

” သူ့ရဲ့ အသင်းကို ဒီလိုပဲ ရွေးချယ်လေ့ ရှိတတ်ခဲ့ပါတယ်် ။ သူဟာ personality ကောင်းလွန်းတဲ့ ကစားသမားတွေကို လေ့ကျင့်ပေးနိုင်စွမ်း မရှိသူ တစ်ဦးပါပဲ ။ ဘာစီလိုနာ အသင်းမှာလည်း သူဟာ ဒါကိုချည်း လုပ်ဆောင်ခဲ့တာပါပဲ ”

” သူဟာ လူတိုင်းကို ထိန်းချုပ်လို့ ရနိုင်မယ့် အသင်းမျိုးကိုပဲ တည်ဆောက်နေခဲ့သူပါ ။ အသင်းမှာ အလွဲအမှားတွေ ဖြစ်ပေါ်တဲ့ အခါတိုင်းမှာလည်း သူကပဲ အဆုံးအဖြတ််ပေးသူ ဖြစ်ခဲ့ရပါတယ် ။ စီးတီးဟာ အမှားတစ်ခု ကျူးလွန််ခဲ့ပါတယ် ။ သူတို့ ဒုက္ခကြုံနေကြပါတယ် ”

” သူတို့က PSG အသင်းကို သတိရစေပါတယ် ။ ပိုက်ဆံကို အခြေခံပြီး တည်ဆောက်ထားတဲ့ အသင်းမျိုးပေါ့ဗျာ ။ ရီးယဲ မက်ဒရစ် အသင်းမှာလည်း ငွေကြေးတွေ ရှိပါတယ်် ။ ဒါပေမဲ့ သူတို့ရဲ့ ပုံပြင်က ခြားနားလှပါတယ် ။ မန်စီးတီးကျတော့ ငွေပဲရှိပြီး ကစားသမားတွေက ဒါရဖို့ အသင််းဆီ ရောက်လာသလိုပါပဲ ”

” အဲ့ဒီနောက် သူတို့တွေဟာ ဖလားတွေ ဆွတ်ခူးနိုင်ခဲ့ကြပါတယ် ။ သေချာတာပေါ့ဗျာ ။ ဒါပေမဲ့ ကစားသမား တစ်ဦးက မန်စီးတီး အသင်းကို ရွေးလိုက်ပြီဆိုရင် သေချာတာက သူတို့ဟာ ပိုကောင်းတဲ့ ကမ်းလှမ်းမှု တစ်ခုကို ရခဲ့ကြလို့ချည်းပါပဲ ” လို့ အီဗရာ က ဒဲ့ညှော်လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar