ဂိုးမိုးခေါင်မှုကို အဆုံးသတ်နိုင်ခဲ့တဲ့အပေါ် မှတ်ချက်ပေးလိုက််တဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က ဘရန်းဖို့ဒ် အသင်းနဲ့ ပွဲစဥ်မှာ ဂိုးမိုးခေါင််နေမှုကို အဆုံးသတ်နိုင်ခဲ့ပေမဲ့ သူဟာ ဂိုးတွေ သွင်းယူဖို့ အာရုံစိုက်နေခဲ့သူ မဟုတ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ ဘရန်းဖို့ဒ် အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး 3 – 0 ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ် ။ ဒီပွဲမှာတော့ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် ဟာ ဖေဖော်ဝါရီလ နောက်ပိုင်း ဂိုးမိုးခေါင် နေမှုကို အဆုံးသတ် သွားနိုင်ခဲ့ပါတယ် ။

ဘရူနို ဖာနန်ဒက်စ် ဟာ ဒီပွဲစဥ်ရဲ့ ပွဲချိန် 9 မိနစ်မှာ အသင််းဖော် တိုက်စစ်မှူးလေး အန်သိုနီ အီလန်ဂါ ရဲ့ သေသပ် ကောင်းမွန််တဲ့ ဖြတ်တင်ဘောကို တစ်ချက်ထိဂိုး သွင်းယူပြသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီဂိုးက သူ့ရဲ့ ယူနိုက်တက်် ကစားသမားဘဝ 50 မြောက် သွင်းဂိုးလည်း ဖြစ်သွားခဲ့ရပါတယ် ။

ဒါ့အပြင် သူဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး 10 ဂိုး ပြည့်မြောက်ခဲ့ပြီပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ဘရူနို ကတော့ သူဟာ ဂိုးတွေ သွင်းယူနိုင်ဖို့ အာရုံစိုက်နေသူ မဟုတ််ကြောင်း၊ အသင်းအတွက်ပဲ ဦးစားပေးထားကြောင်း ဖွင့်ဟသွားခဲ့လိုက်ပါတယ် ။

” ကျွန်တော် ဂိုးမသွင်းယူနိုင်ခဲ့တာ အတော်လေး အချိန်ကြာခဲ့ပါပြီ ။ ဂိုး ပြန်သွင်းနိုင်လို့ ကျွန်တော် ပျော်ခဲ့ရတာ ထင်ရှားလှပါတယ် ။ ဒါပေမဲ့ ဒီဂိုးတွေကို ကျွန်တော် ထည့်တွက်မှာ မဟုတ်ပါဘူး ။ ကျွန်တော့်ရဲ့ အောင်မြင်မှုကို ဆုဖလားတွေနဲ့ပဲ တွက်မှာပါ ”

” ပါဆင်နယ် ဂိုးသွင်းနိုင်တာက အရေး သိပ်မကြီးပါဘူး ” လို့ ဘရူနို ဖာနန်ဒက်စ် က ဖွင့်ပြောခဲ့လိုက် ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိ ရာသီမှာ ဆုဖလား ဆွတ်ခူးရေး လမ်းကြောင်းမှာ မရှိတော့တဲ့ အပြင် ချန်ပီယံလိဂ် ဝင်ခွင့်လည်း ရနိုင်ခြေ မရှိတော့ပါဘူး ။

ဒါပေမဲ့ ဘရူနို ဖာနန်ဒက်စ် ကတော့ ပရိသတ်တွေ မျှော်လင့်ထားခဲ့ကြတဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရနိုင်ခြေ မရှိတော့ပေမဲ့ သူတို့ကတော့ ဒီရာသီကို တက်နိုင်သလောက် အမြင့်ဆုံး နေရာ တစ်ခုမှာ ကုန်ဆုံးနိုင်ဖို့ ဆုံးဖြတ်ထားကြောင်း ဖွင့်ဟသွားခဲ့လိုက်ပါတယ် ။

” ဒီရာသီရဲ့ နောက်ဆုံး အိမ်ကွင်း ပွဲစဥ်မှာ ကျွန်တော်တို့ဟာ တက်နိုင်သလောက် အကောင်းဆုံး ကစားနိုင်ဖို့ ၊ ရလဒ််ကောင်း ရယူနိုင်ဖို့ ဆန္ဒရှိခဲ့ကြပါတယ် ။ ကျွန်တော်တို့ရဲ့ အဆင့်အတန်းဟာ ဒီရာသီ ထင်ထားခဲ့သလောက် အမြင့်ဆုံး နေရာမှာ မရှိခဲ့တာ သိပါတယ် ”

” ဒါပေမဲ့ နောက်ဆုံး အိမ်ကွင်းပွဲမှာတော့ ရလဒ်ကောင်း ပိုင်ဆိုင်ချင်ခဲ့ကြပါတယ် ။ အခုတော့ ကျွန်တော်တို့ အာရုံစိုက််ရမဲ့ နောက်ထပ် ပွဲစဥ်တွေ ရှိနေပါသေးတယ် ။ ဒါကို အကောင်းဆုံး ကစားရင်း တက်နိုင်သလောက် အမြင့်ဆုံး နေရာတစ်ခုမှာ ရာသီကုန်ဆုံးချင်ပါတယ် ” လို့ ဘရူနို က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

  • #Sports_Myanmar