ခြင်္သေ့ပြာတို့ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် ၃မှတ်ယူရင်း ၊ လမ်းပတ်ကိုပါ ကူညီပေးလိုက်တဲ့ လိဒ်စ် ၀ – ၃ ချဲလ်ဆီး ပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည်များ ( Rating )

 

မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကျန် တပွဲမှာ ချန်ပီယံလိဂ် ဝင်ခွင့် တနေရာ သေချာစေဖို့ ၃မှတ် အပြည့် လိုအပ်နေခဲ့တဲ့ ချဲလ်ဆီး အသင်းဟာ တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့ လိဒ်စ်ယူနိုက်တက် အသင်းကို အဝေးကွင်းမှာ သက်တောင့်သက်သာ ၀ – ၃ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ် ။ ထိုပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – အက်ဒိုဝါ့ဒ် မန်ဒီ ( Rating – 5 )

ဒီပွဲဟာ မန်ဒီ အဖို့ ဂိုးပေါက် ကာကွယ်မှု ထူးထူးခြားခြား လုပ်စရာ မလိုခဲ့တဲ့ ရှားရှားပါးပါး ပွဲတပွဲ ဖြစ်ခဲ့ပါတယ် ။ အထူးသဖြင့် ပွဲချိန် မိနစ် ၂၀ ဝန်းကျင်မှာကတည်းက တယောက် လျော့သွားခဲ့တဲ့ အိမ်ရှင် လိဒ်စ်ရဲ့ ကစားပုံ က အတော်ကို ဆိုးရွားခဲ့သလို ၊ တိုက်စစ်အတွက် ကောင်းမွန်တဲ့ ဖန်တီးမှုတွေ မလုပ်နိုင်ခဲ့ပါဘူး ။

နောက်တန်း – ထရက်ဗာ ချာလိုဘာ ( Rating – 8 ) ၊ အန်ဒရီယာစ် ခရစ်တန်ဆန် ၊ အန်တိုနီယို ရူဒီဂါ ( Rating – 7 )

အက်ဖ်အေဖလား ဗိုလ်လုပွဲ အတွက် သီယာဂို ဆေးလ်ဗားနဲ့ ဆီဆာ အက်ဇ်ပီလီကွီတာတို့ကို နည်းပြဖြစ်သူ သောမတ်စ် တူချယ်မှ မနေ့က ပွဲထွက်စာရင်းမှာ ချန်လှပ်ခဲ့ပေမယ့် ၊ ပွဲထွက်ခွင့် ပြန်ရခဲ့တဲ့ ချာလိုဘာရော ၊ ခရစ်တန်ဆန်ပါ ခြေစွမ်းပြနိုင်ခဲ့ပါတယ် ။

ရာသီအကုန်မှာ အလွတ်နဲ့ ထွက်ခွာဖို့ ရှိနေတဲ့ ခရစ်တန်ဆန်နဲ့ ရူဒီဂါ ဟာ မနေ့ညက ပွဲမှာ ပရော်ဖက်ရှင်နယ် ဆန်တဲ့ စွမ်းဆောင်ရည်မျိုး ပြသခဲ့ပြီး ၊ လိဒ်စ်ရဲ့ တန်ပြန်တိုက်စစ် ထိုးဖောက်မှု တကြိမ်မှာ ၄င်းတို့ ၂ဦး နားလည်မှု အပြည့်နဲ့ ဟန့်တားခဲ့တဲ့ အခိုက်အတန့် တကြိမ် မြင်တွေ့ခဲ့ရပါတယ် ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ယူ ၂၃ အသင်းကို တန်းမဆင်းရဖို့ ကယ်တင်ပေးခဲ့ပြီးနောက် ၊ ချာလိုဘာ ဟာ မနေ့ည က ပွဲမှာ ပွဲထွက်ခွင့် ထိုက်တန်စွာ ရခဲ့ပြီး ၊ အက်ဇ်ပီလီကွီတာထက် ပိုကောင်းတဲ့ အကြောင်း သက်သေပြနိုင်ခဲ့သလို ၊ ၄င်းရဲ့ ချိန်သားကိုက် တိကျတဲ့ ဖြတ်ထုတ်ပုံ ၊ ရှင်းထုတ်ပုံတွေက ချဲလ်ဆီးတို့ Clean Sheet ရခဲ့ခြင်းရဲ့ အဓိက အကြောင်းအရင်း တရပ် ဖြစ်ပါတယ် ။

ကွင်းလယ် – ရိစ်ဂျိမ်းစ် ( Rating – 7 ) ၊ ဂျော်ဂျင်ဟို ( Rating – 6 ) မတ်တီယို ကိုဗာဆစ် ၊ မားကို့စ် အလွန်ဆို ( Rating – 5 )

အနိုင် ၃မှတ် ရခဲ့ပေမယ့် ၊ ချဲလ်ဆီးတို့ ထိခိုက် နစ်နာသွားခဲ့တာက ကိုဗာဆစ် ဒဏ်ရာပဲ ဖြစ်ပါတယ် ။ မိနစ် ၂၀ ဝန်းကျင်မှာ လိဒ်စ်တိုက်စစ်မှူး ဒန်ဂျိမ်းစ်က ၄င်းကို အားပါ ပြင်းထန်တဲ့ ဖြတ်ထုတ်မှု ကျူးလွန်ခဲ့တာကြောင့် ခြေကျင်းဝတ် ထပ်နာခဲ့ပါတယ် ။

 

 

အခြား ကွင်းလယ်လူ တဦး ဖြစ်တဲ့ ဂျော်ဂျင်ဟို ကတော့ ဒီပွဲရဲ့ ကွင်းလယ်ကို အတိုပေးဘောတွေနဲ့ အဓိက လွှမ်းမိုးနိုင်ခဲ့ကာ ၊ ဒုတိယဂိုး အတွက် ကစားပုံ အရင် စတင်ပေးနိုင်ခဲ့ပါတယ် ။

Wing-back နေရာတွေမှာတော့ ရိစ်ဂျိမ်းစ်ရဲ့ ကစားပုံ က အားရစရာကောင်းခဲ့ပြီး ၊ တိကျတဲ့ ဖြတ်တင်ဘော ၂ကြိမ် ၊ ၃ကြိမ်လောက် ပြိုင်ဖက် ပင်နယ်တီ ဧရိယာ အတွင်းသို့ တင်ပေးနိုင်ခဲ့ပေမယ့် ၊ လူကာကူ ၊ ပူလီဆစ်တို့ရဲ့ အဆုံးသတ်ပုံတွေ တိကျခဲ့ခြင်း မရှိပါဘူး ။

ုဝုလ်ဗ်နဲ့ ပွဲရဲ့ ပထမပိုင်း အပြီးမှာ တူချယ်နဲ့ စကားများခဲ့ပေမယ့် ၊ ဘယ် wing-back မှာ မရှိသုံး ဖြစ်နေတာကြောင့် မားကို့စ် အလွန်ဆိုကပဲ ဆက်လက် ပွဲထွက်ခွင့် ရခဲ့ပါတယ် ။ သို့ပေမယ့် ၄င်းရဲ့ ခြေစွမ်းက သာမန် အဆင့်သာ ရှိခဲ့ပြီး ၊ ပြိုင်ဖက်ကို တန်ပြန်တိုက်စစ် စတင်ဖို့ အမှားတွေ မလုပ်ခဲ့တာပဲ ကျေနပ်စရာကောင်းတယ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။

 

တိုက်စစ် – မေဆင်မောင့် ( Rating – 9 ) ၊ ရိုမီလူ လူကာကူ ( Rating – 8 ) ၊ ခရစ်တီယန် ပူလီဆစ် ( Rating – 7 )

ဝုလ်ဗ်နဲ့ ပွဲမှာ တပွဲလုံး လုံးဝ မပါခဲ့ပေမယ့် ၊ မနေ့ည က ပွဲမှာ မေဆင်မောင့် တပွဲလုံး ပြန်ပါခွင့် ရခဲ့ကာ ၊ တဂိုးသွင်း တဂိုးဖန်တီးကာ ၊ ကလပ် သမိုင်းတလျှောက် တရာသီ အတွင်း လိဂ်သွင်းဂိုး + ဖန်တီးမှု အကြိမ် ၂၀ ကျော် ရတဲ့ ၅ယောက်မြောက် ကစားသမား အဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ပါတယ် ။

၂ပွဲဆက် ပွဲထွက်ခွင့် ပြန်ရထားတဲ့ ပူလီဆစ် ဟာလည်း သေသပ်တဲ့ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သလို ၊ နောက်တဂိုး ရဖို့ နီးစပ်ခဲ့ပါတယ် ။ ဒါ့အပြင် အားကျိုးမာန်တက် ကစားပုံမျိုး ပြသခဲ့ကာ ၊ ပထမပိုင်းက လိဒ်စ် ကွင်းလယ်လူ ကယ်ဗင် ဖီးလစ်ကို အဝါထိစေရာမှာ ၊ ၄င်းရဲ့ လုပ်အားကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ။

ဝုလ်ဗ်နဲ့ ပွဲမှာ ဂိုးပေါက် ပြန်ရှာတွေ့ခဲ့ပြီးနောက် ၊ မနေ့က ပွဲမှာလည်း လူကာကူဆီက နောက်ထပ် အပေါင်း လက္ခဏာ ဆောင်တဲ့ စွမ်းဆောင်ရည်မျိုး ထပ်တွေ့ခဲ့ရပါတယ် ။

အပိတ်ဂိုးမှာ ၄င်းရဲ့ စိတ်ရှည်မှု ပေါ်လွင်ခဲ့ကာ ၊ အစောပိုင်း ခြိမ်းခြောက်မှု ၂ကြိမ်က ဂိုးရဖို့ နီးစပ်ခဲ့သလို ၊ ပထမပိုင်း က လူကျွံဘော အဖြစ် ပယ်ဖျက်ခံခဲ့ရတဲ့ အလုံးမှာလည်း အဆုံးသတ် တိကျမှု ရှိခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ – ရူဘင် လော့ဖ်တပ်စ်ချိခ် ( Rating – 7 ) ၊ ဟာကင် ဇီယက်ခ်ျ ( Rating – 6 ) ၊ ဆီဆာ အက်ဇ်ပီလီကွီတာ ( Rating – 5 )

SPORTS MYANMAR